Main menu

Background

မဟာသြင်္ကန်ကာလအပြီး ရောင်းလိုအား များပြားလာမှုကြောင့် ရွှေဈေးကျဆင်း

Wed, 04/30/2014 - 07:27 -- ydnar

 
မဟာသြင်္ကန်ကာလအပြီးတွင်အခေါက်ရွှေများရောင်းလိုအားများပြားလာမှုကြောင့်ရွှေဈေးများ ကျဆင်းလာခဲ့ကြောင်း   ရွှေဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
သြင်္ကန်မကျမီကာလကတည်းကရောင်းလိုအားများပြားခဲ့သဖြင့်အကျဖက်သို့ဦးတည်ခဲ့သည့်ရွှေဈေးသည်သြင်္ကန်အပြီး တွင် ထပ်မံကျဆင်းလာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွှေဈေးကသြင်္ကန်မတိုင်မီက တည်းက ကျရိပ်ပြနေတာ။အဲဒီတုန်းကတော့အရောင်းအဝယ်မကောင်းဘဲနဲ့ကို ကျနေ တာ။ခုကတော့ အရောင်း အဝယ်ကောင်းတယ်။ကောင်းတယ်ဆိုတာကရောင်းလိုအားတွေများလာတာ။အဓိကကေ တာ့ အခေါက်ရွှေမှာ ပိုပြီး ရောင်းလိုအားများလာတယ်။ အဲဒီ လိုရောင်းလိုအားများ လာတဲ့အခါ ကျတော့ ရွှေဈေးက ကျသွား တာပဲ။ဒီရက်ပိုင်း လေးမှာ ဝယ်လိုအားက တော်တော် လေးကို နည်းပါ တယ်။ ရောင်းလိုအား များပြီး ဝယ်လိုအားနည်းတဲ့အခါကျတော့ဈေးကကျသွားတာပဲ။အရမ်းကြီးမကျပေမယ့်လေးငါးထောင်လောက်တော့ကျသွား တယ်''ဟု  ရွှေ ကုန်သည် ဦးစံမြင့်က ပြောသည်။
မြန်မာ့ရွှေဈေးသည် သြင်္ကန် ကာလအပြီး ဧပြီလ ၁၈ရက်နေ့တွင် ၆၆၅၅၀၀ ကျပ်ရှိခဲ့သော်လည်း ဧပြီလ ၂၁ ရက်နေ့တွင် ကျပ် ၆၆၁၀၀၀ သို့ ကျဆင်းသွားခဲ့သည်။ ဧပြီလ ၂၃ရက် နေ့တွင် ကျပ် ၆၆၁၅၀၀ သို့ ထပ်မံကျ ဆင်းခဲ့ပြီး ဧပြီလ ၂၄ရက်နေ့တွင် ကျပ် ၆၅၈၇၀၀ သို့ ကျဆင်းခဲ့သည်။ သို့သော် ဧပြီလ ၂၅ရက်နေ့တွင် ကျပ် ၆၆၂၅၀၀ သို့ အနည်းငယ်ပြန်လည်မြင့်တက်လာ ခဲ့သည်။
''အရင်နေ့တွေတုန်းက သြင်္ကန် အပြီး ပြန်ရောင်းကြတာတွေများလို့ ဈေးကျသွားပေမယ့် ဒီနေ့(ဧပြီလ ၂၅ ရက်)မှာေ တာ့နည်းနည်းပြန်တက်သွားတယ်။ဒါကလည်းယူကရိန်းအရေးကြောင့်ကမ္ဘာ့ရွှေဈေးကလည်းတက်လာတော့မြန်မာ့ေ ရွှေ ဈး လည်း နည်းနည်းပြန် တက်လာတယ်''ဟု တိတ်စိန်ရွှေဆိုင်မှ ဦးဇော်အောင်က ဆိုသည်။ကမ္ဘာ့ရွှေဈေးသည် ဧပြီလ ၂၂ ရက်နေ့တွင် ၁၂၉၆ဒေါ်လာရှိခဲ့ရာမှ ဧပြီလ ၂၃ရက်နေ့တွင် ၁၂၈၃ဒေါ်လာသို့ကျ ဆင်းခဲ့ပြီး ဧပြီလ ၂၅ရက်နေ့တွင် ၁၂၉၁ဒေါ်လာသို့ ပြန်လည်မြင့်တက် လာခဲ့သည်။