Main menu

Background

သြင်္ကန်အပြီး မူဆယ်ဆန်ဈေးကွက် အဝင်နည်းလို့ ဈေးတက်

Tue, 05/06/2014 - 03:42 -- ydnar

 
မူဆယ်ဆန်ဈေးကွက်မှာ ဧပြီလ ၂၉ ရက်က ဧည့်မထ ၂၅ ရာခိုင်နှုန်း ၅၀ ကီလိုတစ်အိတ်ကို ၁၃၀ ယွမ် - ၁၃၂ ယွမ်၊ ငစိန် ၂၅ ရာခိုင်နှုန်း တစ် အိတ်ကို ၁၂၅ ယွမ် - ၁၂၉ ယွမ်ဖြစ် ပြီး၊ ဧပြီ လဆန်းပတ်မှာ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်အိတ် ၁၂၇ ယွမ် - ၁၂၉ ယွမ်၊ ငစိန် ၂၅ ရာခိုင်နှုန်း တစ်အိတ် ၁၂၄ ယွမ် -၁၂၇ ယွမ် ဖြစ်တာကြောင့်ဈေးကောင်းရနေပါတယ်။
 

 
လဆန်းပတ် က အိတ် တစ်သောင်းခွဲခန့်ဝင်ရောက်ပြီး၊လကုန်ပတ်မှာအိတ် တစ်သောင်းစွန်းစွန်းပဲ ဝင်ရောက်ပါတယ်။ မူဆယ်မှာ ကိုယ်ပိုင်သိုလှောင် ရုံတွေထားပြီး၊အရောင်း အဝယ်လုပ်တာကြောင့်ပစ္စည်းရှားလို့ဈေးကောင်းတယ်လို့ဈေးကွက်ကဆိုပါတယ်။ တစ်ဘက်နိုင်ငံက ပြောင်း  နဲ့ ရော် ဘာကို ဘိန်းအစား ထိုး သီးနှံအတွက်ကိုတာကိုသာ ဝယ်ယူပြီး ဆန်လိုတရားဝင် မဝယ်ဘူးလို့ သိရပါတယ်။ ဒါကြောင့် မူဆယ်ဘက် မှာသိုလှောင်ပြီးမှ ရောင်းနိုင်ရင်ဈေးကောင်း ရတယ်လို့ဆန်ကုန်သည်တစ်ဦးကဆိုပါ တယ်။