Main menu

Background

သြင်္ကန်အပြီး မြန်မာ့ ဆန်ဈေးကွက်အခြေအနေ

Tue, 05/06/2014 - 03:58 -- ydnar

 
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့လက်ကားဆန်ဈေးမှာမေလ ၂ ရက်နေ့ ဈေးနှုန်းများအရ ပေါ်ဆန်း ဖျာပုံလတ်စတစ်အိတ်ကို ၂၆၅၀၀ ကျပ် ဖြစ်ခဲ့သဖြင့် သြင်္ကန်မတိုင်မီ ဧပြီလ ၁၁ ရက်နေ့ ဈေးနှုန်းများထက် တစ်အိတ် ကို၂၀၀၀ ကျပ်၊ထို့အတူ ပေါ်ဆန်းနယ်စုံထိပ်စတစ်အိတ်ကို ၂၇၅၀၀ ကျပ်ဖြစ်ခဲ့လို့

တစ်အိတ်ကို ၁၅၀၀ ကျပ်၊ ပေါ် ဆန်းနယ်စုံ လတ်စ တစ်အိတ်ကို ၂၅၅၀၀ ကျပ်ဖြစ်ခဲ့လို့ တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ပေါ်ကျွဲ ထိပ်စတစ်အိတ်ကို ၂၁၈၀၀ ကျပ်ဖြစ်ခဲ့လို့ တစ်အိတ်ကို ၂၈၀၀ ကျပ်၊ ပေါ်ကျွဲလတ်စတစ်အိတ်ကို ၂၁၀၀၀ ကျပ်ဖြစ်ခဲ့လို့ တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းဈေးမှာလည်း တစ်အိတ်ကို ၃၄၅၀၀ ကျပ်-၃၆၅၀၀ ကျပ်ဖြစ်ခဲ့လို့ တစ်အိတ်ကို ၁၅၀၀ ကျပ်စီ၊ သြင်္ကန်မတိုင်မီ နောက်ဆုံး ရက် ထက် ဈေးတက်ခဲ့သလို နွေဆန်၊ မိုးသုခစသည့် ဆန်များမှာလည်းယခင်ထက်တစ်အိတ်ကို ၈၀၀ ကျပ်မှ ၁၆၀၀ ကျပ် အတွင်း ဈေးတက်ခဲ့ ကြောင်း တွေ့ရပါတယ်။ ဒီလိုသြင်္ကန် အပြီး ဆန်ဈေးတက်ခဲ့ရတာ သြင်္ကန် တွင်း စက်များ ရပ်နားထားခြင်း၊ နွေစပါးပေါ်လာလို့ နွေစပါးတွေကြိတ်နေလို့ အချောကြိတ်တာနည်းသွားချိန် ဆန်ချောှ STOCK နည်းသွား ချိန်မှာ မြို့တွင်း လက်လီဆန်ဆိုင်များက သြင်္ကန်တွင်း ရောင်းကုန်သမျှ ပြန်ဖြည့်ရန်  အဝယ်သွက်ခဲ့ခြင်းနှင့် နယ်မှလည်း ဆန်ချော အဝယ်သွက်ခဲ့လို့ ဆန်ချောတွေ ဈေးတက်သွားရတာဖြစ်ကြောင်း၊ ဆန်ကြမ်း ဈေးတက်ရတာ ဗီယက်နမ်ဆန်ကို ဆွဲနေတဲ့ တရုတ်က ဗီယက်နမ်နဲ့ နယ်စပ်ပြဿနာကြောင့် မြန်မာ့ဆန် ပြန်ဆွဲနေလို့ အဓိက ဈေးတက်ရတာဖြစ်ကြောင်း ကုန်စည်ဒိုင်နှင့် ဆန်ဈေးကွက်ထံမှ ကြားသိရပါတယ်။ ရန်ကုန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ ရာခိုင်နှုန်း (ပြည်ပ) ဆန်တစ်အိတ်  ၁၁၀ဒသမ၂၅ ပေါင်ကို ၁၄၈၀၀ ကျပ်ခန့်ဈေးနှုန်းရှိပြီး ယခင်ထက် တစ် အိတ်ကို ၃၀၀ ကျပ်ခန့် ဈေးတက်ခဲ့ သော်လည်း ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်အများစုကို ဝယ်နေသည့် အာဖရိကနိုင်ငံများမှ ပေးသည့်ဆန်ဈေးမှာ ပြည်ပပို့ ဆန်ကွဲဈေးသာသာရှိသဖြင့် လက်ရှိပြည်တွင်း ဆန်ပေါက်ဈေးဖြင့် မရောင်းနိုင်ကြကြောင်း၊ MEC နှင့် စီး ပွားရေးဦးပိုင်တို့သာ စာချုပ်များအရ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်ကို များများ တင်ပို့ခြင်းရှိတော့ကြောင်း၊ ရန်ကုန် FOB ဖြင့်တန်းမြင့်ဆန်နဲ့ ဆန်ကွဲအနည်းငယ်သာ တင်ပို့မှုရှိကြောင်းကိုလည်း Exporter အချို့ထံမှ သိရပါ တယ်။ တရုတ်လိုင်း မူဆယ်မှာ မေလ ၂ ရက်နေ့ ဈေးနှုန်းများအရ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်အိတ် ၅၀ ကီလိုကို ၁၃၀-၁၃၂ ယွမ်ဖြစ်ခဲ့သဖြင့် သြင်္ကန်မတိုင်မီ နောက်ဆုံးရက်ထက် တစ်အိတ် ကို ၃ ယွမ်ခန့်၊ ငစိန် ၂၅ ရာခိုင်နှုန်း ဆန်တစ်အိတ်ကို ၁၂၆-၁၂၉ ယွမ်ခန့် ဖြစ်ခဲ့လို့ ယခင်ထက် ၂ ယွမ်ခန့်ဈေးနှုန်း များ တက်ခဲ့ကြောင်း၊ နယ်စပ်ငွေလဲနှုန်း မှာ ယနေ့ဈေးတစ်ယွမ်ကို ၁၅၃ ဒသမ ၄၉ ကျပ်ဖြစ်ခဲ့သဖြင့် ယခင်ထက် သုည ဒသမ ၅၉ ကျပ်ခန့် ဈေးတက်ခဲ့ကြောင်း၊ မူဆယ် ဆန်စပါး ကုန်စည်ဒိုင်သို့ နှစ်ဖက်ကုန်သည်များ ပုံမှန်ဝင်ရောက် ရောင်းဝယ်နေကြပြီး သြင်္ကန်မတိုင်မီ တရုတ်အဆွဲပါး ခဲ့သော မြန်မာ့ဆန်များ မကြာမီက ဖြစ်ပွားခဲ့သည့် ဗီယက်နမ် နယ်စပ် ပြဿနာကြောင့် တရုတ်ကုန်သည်များ မြန်မာ ဘက်ပြန်လှည့်ဝယ်လာ တာတွေ့ရကြောင်း၊ သို့သော်လည်း အရမ်းအသွက်ကြီးတော့ မဟုတ်ပါကြောင်း မူဆယ် ဆန်ဈေးကွက်မှ ကြား သိရပါတယ်။ မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပ တင်ပို့မှုမှာယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဧပြီ လ ၂၅ ရက်နေ့ထိ တန်ချိန် ၃၆၂၆၅ ရှိခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၅၉ သန်းခန့်ရရှိနေကာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၉၃၀၀ ခန့် တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၉ သန်းခန့် ပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။ ဆန်ဈေးကွက် ရှေ့ အလားအလာ အနေဖြင့် ဆန် ချောအနည်းငယ်ပြန်အေးနိုင်ကြောင်း၊ လက်လီဆိုင်တွေက လိုအပ်ချက်ဖြည့်တာ ပြည့်သွားပြီဖြစ်လို့ ပစ္စည်းကောင်း ရွေး မယ်။ ဈေးဆစ်ဝယ်မယ်ဖြစ်လို့ ဈေး အေးနိုင်ကြောင်း၊ ဆန်ကြမ်းဈေးလည်း ပြန်အေးနိုင်ကြောင်း၊ ရန်ကုန် FOB အတင်သမားက လက်ရှိပြည်တွင်းဆန် ဈေးနဲ့ဝယ်မပို့နိုင်ဘဲ ယနေ့ ကုန်စည်ဒိုင် မှာ တရုတ်လိုင်းအတွက် ဆန်အဆွဲ လည်းအနည်းငယ်ပြန်အေး သွားတာတွေ့ ရကြောင်းဆန်ကြမ်း၏လက်ရှိဈေးကွက်နဲ့ ဈေးနှုန်း အခြေအနေမှာ မူဆယ် တရုတ်လိုင်း၏ ဈေးပေးမှုနဲ့ အဝယ် ပေါ်မူတည်နေသော်လည်း နယ်စပ်မှာ မြန်မာ့ဆန်ဈေး သိသာစွာ မြင့်သွားပါကလည်း တရုတ်ဝယ်လက်သည် စီးပွားရေးတွက်ကိန်းအရ ဗီယက်နမ်ထံမှ နယ်စပ်ပြဿနာခဏထားပြီး ဘက်ပြောင်း ပြန်ဝယ်သွားနိုင်ကြောင်း ဆန်ဈေးကွက်မှ ကြားသိ တင်ပြလိုက်ရပါတယ်။