Main menu

Background

အရှေ့တောင်အာရှနဲ့ အာဖရိက-ဥရောပ-အရှေ့ပင်လယ်ပိုင်းနိုင်ငံများသို့ကုန်းလမ်းကဏ္ဍ စွမ်းအားမြင့် ဆောင်ရွက်လျက်ရှိ

Wed, 09/15/2010 - 08:01 -- Anonymous (not verified)

 အရှေ့တောင်အာရှနဲ့ အာဖရိက-ဥရောပ-အရှေ့ပင်လယ်ပိုင်းနိုင်ငံများသို့ကုန်းလမ်းကဏ္ဍ စွမ်းအားမြင့် ဆောင်ရွက်လျက်ရှိ         ယူနန်ပြည်နယ်ရဲ့ ကုန်သွယ်ရေး ဗဟိုအချက်အချာ တစ်ခုဖြစ်နေမှုကို အခြေခံကာ အမာခံနယ်မြေအဖြစ် သတ်မှတ် တည်ဆောက်လျက်ရှိကြောင်း ယူနန်ပြည်နယ်ကုန်သွယ် မှုဌာနမှ ဦးဆောင်အရာရှိ ကူချောင်ရှီးက တရုတ်နိုင်ငံ ပူကျန် ပြည်နယ်မှ သြဂုတ်လနှောင်းပိုင်းကကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ် မြောက် ဖာကူျးတြိဂံနယ်မြေ  ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံဖြိုးမှုဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။ကတ္တရာလမ်းခင်းခြင်းမှအစ မီးရထားလမ်းဖောက်ခြင်း အထိ ကုန်းလမ်းကဏ္ဍပံ့ပိုးမှုကို ဖော်ဆောင်နေကြောင်း ပြော ကြားခဲ့ပါတယ်။ အဓိကအားဖြင့် အာဖရိက၊ ဥရောပနဲ့ အရှေ့ ပင်လယ်ပိုင်းနိုင်ငံများနဲ့ စွမ်းအားမြှင့် ဆက်သွယ်ဖော်ဆောင် သွားမှာဖြစ်သလို အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံ များသို့လည်း ဝန်ဆောင်မှုပေးသွားနိုင်မယ်လို့ ပြောကြားခဲ့ပါ တယ်။ တရုတ်ပို့ကုန်သွင်းကုန်ရဲ့ ၉၄ ရာခိုင်နှုန်းမှာ ပင်လယ် ရေကြောင်းမှ သယ်ယူပို့ဆောင်ပြီး ထိုထဲမှ ၄၂ ရာခိုင်နှုန်းမှာ မလေးပင်လယ်မှ  ကွေ့ဝိုက်သယ်ဆောင်နေရတဲ့အတွက် လွယ်ကူလျင်မြန်တဲ့ ကုန်းလမ်းနဲ့ ပို့ဆောင်ရေးကို ယူနန်ပြည် နယ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။     ဖာကျူးတြိဂံ စီးပွားကုန်သွယ်မှု ညှိနှိုင်းဆွေးနွေးပွဲသို့ ယူနန်ပြည်နယ်မှ လုပ်ငန်းရှင်များစွာ တက်ရောက်ခဲ့ပြီး ယခု ကဲ့သို့ ကုန်းလမ်းကဏ္ဍ စွမ်းအားမြှင့်နိုင်တဲ့အတွက် အိမ်နီးချင်း နိုင်ငံမှ  အရှေ့တောင်အာရှနိုင်ငံများတိုင်  ထိုးဖောက်ကာ အကိုျးအမြတ်များစွာ ရရှိလာစေမယ်လို့ ပြောကြားခဲ့ပါတယ်။Source:ါ် ယူနန်ရှင်ရှိပေါင်သောင်းနိုင်