Main menu

Background

ဧပြီလကုန်ပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက် စိမ်းကြီးအသစ် ဝင်သလောက် အဝယ်သွက်

Tue, 05/06/2014 - 04:21 -- ydnar

 

မုံရွာကုန်စည်ဒိုင် ဧပြီလကုန်ပတ် ပဲဈေးကွက်မှာပြည်တွင်းသုံးပဲတွေ ဈေးအး အရောင်းအဝယ်လေးနေခဲ့ပြီး၊ တရုတ် Export ဝယ်လက် ဝယ်လိုအား ကောင်းတဲ့ ပဲတီစိမ်းကြီးအသစ်တွေ ဈေးကွက်စတင်ဝင်ရောက်လာကာ ဝင်သလောက် အဝယ် သွက်ခဲ့တယ်လို့

ကုန်သည်ရပ်ကွက်ကဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ မြောက်ဘက်ဝင်ပေါက်ဖြစ်တဲ့ ရေဦး၊ တန့်ဆည် ဒေသတွေက ရေသွင်း ပဲတီစိမ်းကြီးတွေ နေ့စဉ်ဒိုင်ကို ဝင်လာစပြုရာ တစ်တင်း ၃၄၅၀၀ ကျပ် ထိ ဈေးကောင်းရရှိခဲ့ပြီး၊ တစ်ရက်အိတ် ၁၅၀မှ ၂၀၀ကြားအရောင်းအဝယ်ဖြစ် နေတယ်လို့ သိရပါတယ်။ ဒေသ ဝယ်လိုအားသာရှိတဲ့ ကုလားပဲအုပ်စုကတော့ ယခုတစ်ပတ်မှာ ဈေးအသီးသီးကျခဲ့တာ တွေ့ရပါ တယ်။ ပဲခွဲစက်၊ ကြာဇံစက်၊ ပဲကြော်ဖိုနဲ့ ပဲလက်လီ အဝယ်ပုံမှန်ရှိပေမဲ့ ပဲလက်ကျန်များနေတာမို့ လိုသလောက်ဝယ် နေကြတဲ့အတွက် ခုလိုကျဈေးဖြစ်ပေါ် တာလို့ ကုန်သည်ရပ်ကွက်ကပြောပါ တယ်။ ဒီရက်ပတ်အတွင်း ကုလားပဲ ဈေးကွက်မှာ ထိုင်ဝမ်တစ်တင်း ၁၃၈၀၀ ကျပ်၊ V2 တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၃၉၀၀ ကျပ်အထိ အနိမ့်ဆုံးကျဈေး အသီးသီးဖြစ်ပေါ်ခဲ့ပြီး၊ အရောင်းအဝယ်အနေနဲ့ ကုလားပဲမျိုးစုံတစ်ရက်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား ပုံမှန် ဖြစ်လျက် ရှိတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ငုံနီဟာ Export ဈေးကွက်ရှိပေမဲ့ မုံရွာကုန်သည်နဲ့ ရန်ကုန်ဝယ်လက် ထိန်းသိမ်းရောင်းဝယ်နေကြလို့ ပေါက်ဈေးငြိမ်ကာ တစ်တင်း ၁၉၅၀၀ ကျပ်မှ ၁၉၈၀၀ ကျပ်အတွင်း ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ရန်ကုန်ဝယ်လက်နဲ့ ဒေသခံကုန် သည် လှောင်လက်အဝယ်သွက်တဲ့နေ့ မှာ အိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ပြီး၊ နေ့စဉ် အရောင်းအဝယ်ပမာဏ မညီဘူးလို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ပြည်တွင်းသုံး အခြားပဲမျိုးစုံဈေး ကွက်မှာတော့ မတ်ပဲဟာ ဒေသသုံးလောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ တစ်တင်း၂၀၃၀၀ ကျပ်မှ ၂၀၇၀၀ ကျပ် အတွင်း ဈေးငြိမ်ခဲ့ပြီး၊ စွန်တာနီကတော့ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၀၀၀ ကျပ်ထိ ဈေးအေးသွားခဲ့ပါတယ်။ ပဲပုပ် စေ့ တစ်တင်း ၁၉၂၀၀ ကျပ်၊ ပဲယင်း တစ်တင်း ၁၈၀၀၀ ကျပ် အသီးသီးဈေး အေးသွားခဲ့ပြီး၊ အရောင်းအဝယ်သွက် တဲ့ CP ပြောင်းကတော့ တစ်တင်း ၆၆၀၀ ကျပ်မှာ ငြိမ်ကာ ဝယ်လိုအား ကောင်းနေဆဲလို့ ဈေးကွက်က သိရပါတယ်။