Main menu

Background

အရောင်းအဝယ် သွက်လာသော်လည်း ဈေးနှုန်း နည်းနည်းကျချင်လာတဲ့ ဘိလပ်မြေ

Tue, 05/06/2014 - 06:19 -- ydnar

 
ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-၂၀၁၄ ဧပြီ်လ ၂၀  ရက်မှ ဧပြီ်လ ၂၆ ရက်သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ခုနှစ်သောင်းခြောက်ထောင်ကျော်ရှိခဲ့တယ် လို့ သိရပါတယ်။

သြင်္ကန်မတိုင်ခင် ဘိလပ်မြေအဝင်မှာ တန်ချိန် ခြောက်ရာကျော် သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်ပိုခဲ့တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ သြင်္ကန်အပြီးမှာ ဘိလပ်မြေ အရောင်းအဝယ်က ပုံမှန်ပြန်ဖြစ်လာတာဒီတစ်ပတ်မှာလည်း အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရ ပါတယ်။ ဈေးကွက် ထဲ ပည်တွင်းဘိလပ်မြေများလည်းပုံမှန်ပြန်ဝင်လာတယ် ဒါကြောင့်ဈေးကွက်ထဲ ပစ္စည်းအဝင်ရှိခဲ့တာေ ကြာင့် လည်း ဈေးကငြိမ်နေ တယ်။ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ အေသုံးလုံးဘိလပ်မြေ ၄၉၀၀ ကျပ်၊ မြန်မာ ဆင် ၄၇၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) ၄၆၀၀ ကျပ်၊ ကျားခေါင်းဘိလပ်မြေ ၄၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၆၀၀ ကျပ်၊ ဆင် (ထိုင်း) ၇၀၀၀ ကျပ်၊  စိန်(ထိုင်း) ၆၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ၆၂ လမ်း၊၂၈-၂၉ ကြားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မှာ မြင်းခေါင်းနဲ့ ကြံ့ (မြိုင်ကလေး) ကဈေးငြိမ်နေပေမဲ့လည်း ဆင်(ထိုင်း)နဲ့ စိန်(ထိုင်း) ကဈေးမြင့် လာပါတယ် ။ ဈေးမြင့်လာ တာကလည်း ဆင်ဘိလပ်မြေက ငါးဆယ်ကျပ်ဖြစ်ပြီး စိန်ဘိလပ်မြေက တစ်ရာဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးက ဆင် (ထိုင်း) ဘိလပ်မြေ ၄၉၅၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၄၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး)ဘိလပ်မြေ ၄၄၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ပုံမှန်ရှိပေမဲ့ ဘိလပ်မြေဈေးက ငြိမ်နေ တယ်လို့ သိရပါတယ်။ သြင်္ကန်မတိုင်ခင်ကတည်းက ဒီဈေးနဲ့ အရောင်း အဝယ်ဖြစ် နေတာ အခုထိလည်းဒီဈေးနဲ့ဘဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း ဝယ်ဖြစ်နေ တဲ့ ဈေးမှာ စိန် (ထိုင်း) ၇၃၀၀ကျပ်၊ ခြင်္သေ့ဘိလပ်မြေ ၅၀၀၀ ကျပ်၊ ကျားခေါင်းဘိလပ်မြေ ၅၀၀၀ ကျပ်၊ နဂါးဘိလပ်မြေ ၅၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  အနောက်မြို့ပတ်လမ်းမှာရှိတဲ့ အိမ် ဆောက် ပစ္စည်းရောင်း ဝယ်ရေး ဆိုင်မှ သိရှိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာလည်း အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ်။ သြင်္ကန်အပြီး တည်ဆောက်ရေးလုပ်ငန်းတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည်လုပ်ကိုင်လာတာကြောင့် ဘိလပ်မြေ အရောင်း အဝယ်ကပြန်ဖြစ်လာတယ်။ အရောင်းအဝယ်ဖြစ်ပေမဲ့ ဘိလပ်မြေဈေးက နည်းနည်းကျလာတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ ယှဉ်ရင် စိန်ဘိလပ် မြေက ငါးရာကျပ် ၊ ဆင်ဘိလပ်မြေက လေးရာကျပ်၊ ရန်ကိုဘိလပ်မြေက နှစ်ရာ ကျပ် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ဆင်(ထိုင်း) ဘိလပ်မြေ ၅၄၀၀ ကျပ်၊ စိန်(ထိုင်း) ၅၂၀၀ ကျပ်၊ ရန်ကိုဘိလပ်မြေ ၅၀၀၀ ကျပ်၊ အပါချီဘိလပ်မြေ ၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရင့်နောင်ပွဲရုံဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။