Main menu

Background

ဘိလပ်မြေတန်ချိန်ခုနှစ်သောင်းကျော်ဝင်

Tue, 05/06/2014 - 06:27 -- ydnar

 
ဧပြီလ၂၀ ရက်မှ ၂၆ ရက်သီတင်းပတ်အတွင်းမှာ ကန်ဒေါ်လာ ခြောက်ဆယ့် သုံးသိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၇၆၄၉၉ ဒသမ ၁၀ တန်ကို ပင်လယ်ရေကြောင်း

ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၂၄၉၀၀ တန်၊ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၅၆၀၀ တန်၊ စင်ကာပူနိုင်ငံမှ ၃၇၅၀၀ ဒသမ ၅၀ တန်နဲ့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၈၄၉၈ ဒသမ ၆၀ တန်တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံမှ အများဆုံးဝင်လာတာတွေ့ရပါတယ်။ ဝင်လာ ခဲ့တဲ့ ဘိလပ်မြေ တံဆိပ်များက စိန်တံဆိပ်၊ ဆင်တံဆိပ်နဲ့TP ၊ ဘိလပ်မြေများအပြင် ကျန်တံဆိပ်များလည်း ဝင်လာတာတွေ့ရပါတယ်။ သြင်္ကန် မတိုင်ခင် သီတင်းတစ် ပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေတင်သွင်းမှုနည်းခဲ့ပြီး သြင်္ကန်အပြီး ဒီသီတင်းပတ်မှာအားေ ကာင်းကောင်းနဲ့ တင်သွင်းလာတာတွေ့ရပါတယ်။