Main menu

Background

အီဂျစ်၊ ထိုင်းနဲ့ ရုရှားမှ မြေသြဇာများဝင်

Tue, 05/06/2014 - 06:30 -- ydnar

 
ကန်ဒေါ်လာ ငါးသိန်းငါးသောင်းကျော်တန်ဖိုးရှိ မြေသြဇာ ၂၈၅၀ ဒသမ ၀၅၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဧပြီလ ၂၀ ရက်မှ ဧပြီလ ၂၆ ရက်သီတင်းပတ်အတွင်း

မှာယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းတစ်ပတ်မှာ အီဂျစ် နိုင်ငံမှ မြေသြဇာ ၁၅၄၂ ဒသမ ၁၀၅ တန်၊ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၂၅၀၊ ရုရှားနိုင်ငံမှ မြေသြဇာ ၁၀၅၇ ဒသမ ၉၅ တန်ဝင်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အီဂျစ်နိုင်ငံမှ အများဆုံးတင်သွင်းလာတာတွေ့ရပါတယ်။ ဝင်လာခဲ့တဲ့မြေသြဇာအ မျိုးအစားများမှာRock Phosphate ၊ ကောမတ်နဲ့ ကွန်ပေါင်းမြေသြဇာများဖြစ် တယ်လို့ သိရပါတယ်။ သြင်္ကန်မတိုင်မီသီတင်းပတ်အတွင်း ဝင်လာခဲ့တဲ့ မြေသြဇာတန်ချိန်မှာ ငါး ထောင့်လေးရာကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ သြင်္ကန်ပြီး ယခုသီတင်းပတ်မှာ လည်း တန်ချိန် နှစ်ထောင့်ရှစ်ရာကျော်ထိဝင်လာခဲ့တာကြောင့် ပြည်တွင်းဈေးကွက် ကိုမြေသြဇာများ ဝင်အားကောင်းကောင်းနဲ့ ဝင်လာခဲ့တယ်လို့ သိရပါတယ်။