Main menu

Background

ယခင်တစ်ပတ်အတိုင်း ဈေးကွက်အတွင်းပုံမှန်ရောင်းဝယ်နေဆဲဓာတ်မြေသြဇာ

Tue, 05/06/2014 - 06:34 -- ydnar

 
၂၀၁၄ ဧပြီလ ၂၀ ရက်မှ  ဧပြီလ  ၂၆ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန်နှစ်ထောင့်ရှစ်ရာကျော် အဝင် ရှိခဲ့တာကြောင့် ယခင် တစ်ပတ် အဝင်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် နှစ်ထောင့်ခြောက်ရာကျော်အဝင်လျော့

ခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင် ၊ မန္တလေး ၊ တောင်ကြီး  မကွေး၊ ပဲခူးမှာ ဒီတစ်ပတ်မြေသြဇာ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မြေသြဇာအရောင်းအဝယ်က မော်လမြိုင်၊ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ မကွေးမှာ အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မှာ မြေသြဇာပုံမှန်အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ သြင်္ကန် အပြီးမြေသြဇာဈေး အနည်းငယ် ကျလာပါတယ်။ ဒီကျဈေးနဲ့ဘဲ ဒီတစ်ပတ်မှာလည်း အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ အရောင်းအဝယ် က ဧပြီလဆန်းပိုင်းထက်စာရင် နည်းနည်းကောင်း လာတယ်။ ဒီတစ်ပတ်မှာလည်း အရောင်းအဝယ်က ပုံမှန် ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးနှုန်းတွေမှာ ယခင်ဈေး အတိုင်း ပုလဲ-အသေး ၄၆ရာခိုင်နှုန်း (ရွှေတုံး ၊ ရွှေပျား၊ ရွှေတောင်-တရုတ်) ၁၉၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၆၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်)(ထိုင်း) ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆ရာခိုင်နှုန်း (သံကွင်း-တရုတ်) ၂၀၅၀၀ ကျပ်၊ တီစူပါ ၁၆ရာခိုင်နှုန်း (မြားကမ္ဘာ-တရုတ်) ၁၀၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက် အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့သိရပါတယ်။ ဒီတစ်ပတ်အရောင်း အဝယ် ပုံမှန်ရှိပေမဲ့လည်း ဈေးက ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်တဲ့ဈေး မှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၈၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၀၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)  ၁၈၅၀၀ ကျပ်၊ တီစူပါ ၁၂ရာခိုင်နှုန်း(တရုတ်) ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၆ရာခိုင်နှုန်း(တရုတ်) ၁၀၈၀၀ ကျပ်၊ တီစူပါ (၁၅း၁၅း၁၅-တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ(၁၀း၁၀း၅-တရုတ်) ၁၄၀၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၂၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၅၅၀၀ကျပ်၊ ယူရီးယား(ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြားကမ္ဘာ ၁၄၀၀၀ ကျပ်ဈေးရှိတယ်လို့  အရှေ့မြို့ပတ် လမ်းမှာရှိတဲ့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်း အဝယ်ပုံမှန်ဖြစ်လာတယ်လို့သိရပါတယ်။ ယခင တစ်ပတ်ထက်စာရင် ဒီတစ်ပတ်မှာ အရောင်းအဝယ်က နည်းနည်းဖြစ်လာတယ်။ ဒါပေမဲ့ဈေးက ယခင်တစ်ပတ် ဈေးနဲ့ ဘဲ  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ တီစူပါ ၁၂ ရာခိုင် နှုန်း(တရုတ်)နဲ့ တီစူပါ၁၆ရာခိုင်နှုန်း (တရုတ်)က ပစ္စည်းပြတ်နေ သေးတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ယူရီးယား(ရွှေတောင်-တရုတ်) ၁၆၄၀၀ ကျပ်၊ ယူရီးယား (ပန်း ဖူး-တရုတ်) ၁၈၈၀၀ ကျပ်၊တီစူပါ (GTSP ၄၆ရာခိုင်နှုန်း-တရုတ်)၁၇၀၀၀ ကျပ်၊ ကွန်ပေါင်းမြေသြ ဇာ(၁၀း၁၀း၅) ၁၂၃၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ် တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဒီတစ် ပတ်မှာ မြေသြဇာက အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ဆိုပါတယ်။ ဈေးကွက်ထဲ ယူရီးယားမြေသြ ဇာနဲ့ တီစူပါဈေး အနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ ယူရီးယားမြေသြဇာက လေးရာ ဝန်းကျင်ဈေးမြင့်လာသလို တီစူပါ (သံ ကွင်း) ကခုနှစ်ရာဝန်းကျင်ဈေးမြင့်  လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေး ကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေး မှာ ယူရီးယား (နေရွက်လှေ-တရုတ်) ၁၇၆၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၁၇၂၆၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၁၈၄၀၀ ကျပ်၊ ပိုတက် (ကနေဒါ) ၂၃၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅ ပတ်လည်(ယိုးဒယား) ၃၄၀၀၀ ကျပ်၊ကွန်ပေါင်း(၂၅းရး၇) ၃၆၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅ ပတ်လည် (အမ်-တရုတ်) ၃၃၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ မာလာမြိုင် စိုက်ပျိုး ရေးသုံးပစ္စည်းအရောင်းဆိုင်မှ တာဝန် ရှိသူ တစ်ဦးထံမှ စုံစမ်းသိရှိရပါတယ်။