Main menu

Background

ပဲကြီး(ရွှေကျွန်း)ထက် (ကမ်းနား)ပဲများ ပြည်ဈေးကွက်မှာ အရောင်းသွက်

Tue, 05/06/2014 - 07:16 -- ydnar

 
ပဲကြီး(ရွှေကျွန်း)ထက် (ကမ်းနား)ပဲများ ပြည်ဈေးကွက်မှာ အရောင်းသွက်    ဧပြီလပထမပတ်မှာ ပြည်ပဲကြီး သီးနှံ ဈေးနှုန်းများ တစ်တင်း ၂၀၀၀ ကျပ် ကျော်ခန့် ဈေးမြင့်တက်ခဲ့ပါတယ်။ အခြားတိုင်းကို တင်ပို့မှုမရှိသေးသော် လည်း ဒေသတွင်း ပဲကြော်လုပ်ငန်းနဲ့ လှောင်သမားများမှ ဝယ်ယူသိုလှောင်နေကြတဲ့အတွက်

ဝယ်လို အား ကောင်းနေတာကြောင့် ဈေးနှုန်းများလည်း မြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။ ပဲကြီး (ရွှေကျွန်း)ထက် (ကမ်းနား)ပဲများ အရောင်းအဝယ် ပိုသွက်ခဲ့တာကြောင့် ရွှေကျွန်းမှာ တစ်ရက် အိတ် ၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်သော်လည်း ကမ်းနားပဲမှာ တစ်ရက်အိတ် ၅၀၀ ကျော် ၆၀၀ အထိ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရပါတယ်။ ပဲကြီး (ရွှေကျွန်း)တစ်တင်း ၂၇၅၀၀ ကျပ်၊ကမ်းနားပဲတစ်တင်း ၂၆၅၀၀ ကျပ် နဲ့ဈေးအမြင့်နဲ့ ဝယ်ယူခဲ့ကြတာကို တွေ့ ရပါတယ်။