Main menu

Background

ဝယ်လိုအားကောင်းပေမဲ့ လက်ကျန်နည်းနေလို့ အရောင်းအဝယ်အေးတဲ့ မန်းပဲတီစိမ်း

Tue, 05/06/2014 - 07:21 -- ydnar

 

ဝယ်လိုအားကောင်းပေမဲ့ လက်ကျန်နည်းနေလို့ အရောင်းအဝယ်အေးတဲ့ မန်းပဲတီစိမ်း    နှစ်ကူးသြင်္ကန်ကာလ အလွန် မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း) မှာ အရောင်းအဝယ်ဖြစ်တဲ့ ပဲမျိုးစုံ၊ နှမ်းမျိုး စုံနဲ့ ပြောင်းမျိုးစုံဟာ သြင်္ကန်ကာလမတိုင်မီ ပေါက်ဈေးများရဲ့ ဈေးနှုန်းများနဲ့ သိသိသာသာ ကွာခြားမှုမရှိဘဲ

တရုတ် ဆွဲအားကောင်းတဲ့ ပဲတီစိမ်းကြီးနဲ့ ပဲတီရွှေဝါ ဈေးနှုန်းမှာ ဈေးမာနဲ့ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ သြင်္ကန် မတိုင်မီကာလ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးနဲ့ သြင်္ကန်ကာလအပြီး၊ ယခုပေါက်ဈေးမှာ အတူတူဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် ဧပြီလနောက်ဆုံးပတ်မှာ ပဲတီစိမ်း ကြီး တစ်ပိဿာ ၁၇၂၄ ကျပ်(တစ်တန် ၁၀၅၅၇၆၀ ကျပ်)၊ ပဲတီရွှေဝါ တစ် ပိဿာ ၁၇၇၈ ကျပ် (တစ်တန် ၁၀၈၈၈၂၉ ကျပ်) နဲ့ နှစ်မျိုးပေါင်းအိတ် ၅၀၀ မှ ၈၀၀ အကြား (သုံးတင်းဝင် အိတ်)  အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ပြည်ပ(တရုတ်)မှ ပဲတီစိမ်းကြီးကို ဝယ်လိုအားကောင်းပြီး၊သင့်တင့်တဲ့ ဈေးနှုန်းကိုပေးပြီး၊ ဝယ်ယူပေမဲ့ ပြည်တွင်း မှာရှိတဲ့ ပဲလက်ကျန် နည်းနေတာကြောင့် ရောင်းဝယ်မှု ပမာဏနည်းပါးပါတယ်။ ယခုနှစ်ပဲရာသီမှာ ပဲတီစိမ်း အရောင်းအဝယ်ဖြစ်မှုရော ဈေးနှုန်း မှာပါရွှေခေတ်လို့ခေါ်နိုင်ပါတယ်။ ယခင်လမှာ ကားသယ်ယူခ (တန်ဆာခ)မြင့် မားပေမဲ့ ပဲတီစိမ်းကြီးကို ပုံမှန်တင်ပို့ မှုရှိခဲ့ပြီး၊ သြင်္ကန်မတိုင်မီကာလများမှာ တစ်ရက်ကို အိတ် ၂၅၀၀ မှ ၄၀၀၀ အကြား နေ့စဉ်ပုံမှန်တင်ပို့နိုင်ခဲ့ကြောင်း၊ ပဲတီစိမ်း ကုန်သည်ကြီးတစ်ဦးမှ ပြောပါတယ်။ ဈေးနှုန်းသင့်တင့်သလို ဝယ်လိုအား ကောင်းမွန်ပြီး၊ ပြည်ပဈေးကွက်မှာ နေရာတစ်နေရာရရှိပြီးဖြစ်တဲ့ မြန်မာ့ ပဲတီစိမ်းကို စိုက်ဧကတိုးချဲ့ပြီး၊ အရည်အသွေးရော အထွက်နှုန်းပါ မြင့်မားတဲ့မျိုးများကို နည်းစနစ်မှန်ကန်စွာ စိုက်ပျိုး ထုတ်လုပ်နိုင်ပါက တောင်သူတွေရဲ့ အကျိုးရော နိုင်ငံတော်ရဲ့ အကျိုးပါ တိုးတက်လာမှာဖြစ်ပါကြောင်း ...။