Main menu

Background

နှစ်သစ်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဧပြီလရဲ့ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်

Tue, 05/06/2014 - 08:12 -- ydnar

နှစ်သစ်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဧပြီလရဲ့ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်    ဧပြီလမှာ မြန်မာနှစ်သစ်ကူးခဲ့သလို ဘဏ္ဍာရေးနှစ်ရဲ့ အစနှစ်သစ်ရဲ့ ပထမဆုံးလမှာ အောင်ပန်း ကုန်စည်ဒိုင်ကတော့အစအလယ်အဆုံးအကောင်းဆုံးနဲ့ တန်ချိန် စုစုပေါင်း ၉၆၇၇ တန်၊ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်ရဲ့ အောင်ပန်းကုန် စည်ဒိုင်ဈေးကွက်မှာ

၂၀၁၄ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ကုန်စည်တစ်မယ်ချင်းအလိုက် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ အခြေအနေများကတော့ အစေ့ထုတ် ပြောင်း ၂၉၄၇၅၀ ပိဿာ (၄၀၈ တန်)၊ ရှမ်းကြက်သွန်ဖြူ ၁၆၇၄၉၀၀ (၂၇၃၅ တန်)၊ပန်းနှမ်း၁၆၃၂၀ပိဿာ(၂၇ တန်)၊ ချင်းစို၁၄၂၇၇၀၀ ပိဿာ (၂၃၃၁ တန်)၊ နနွင်း ၉၀၂၅၀ ပိဿာ (၁၄၇ တန်)၊ ချင်းခြောက် ၅၆၆၈၀ ပိဿာ (၉၂ တန်)နဲ့ အာလူး ၂၄၁၁၀၀၀ ပိဿာ (၃၉၃၇ တန်)တို့ဖြစ်ကြပြီး၊ အဆိုပါ သီးနှံများရဲ့ ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများကတော့အစေ့ထုတ်ပြောင်း တစ်ပိဿာအနိမ့်ဆုံး၃၄၀ ကျပ်၊ အမြင့်ဆုံး ၃၇၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိ ဿာ ၄၀၀ ကျပ်၊ အမြင့်ဆုံး ၁၆၅၀ ကျပ်၊ ပန်းနှမ်းတစ်ပိဿာ အနိမ့်ဆုံး ၉၀၀ ကျပ်၊ အမြင့်ဆုံး ၁၀၃၀ ကျပ်၊ ချင်းအစို တစ်ပိဿာ အနိမ့်ဆုံး ၇၀၀ ကျပ်၊ အမြင့်ဆုံး ၂၁၀၀ ကျပ်၊ နနွင်းခြောက် တစ်ပိဿာ အနိမ့်ဆုံး ၆၀၀ ကျပ်၊ အမြင့်ဆုံး ၁၂၀၀ ကျပ်၊ ချင်းခြောက် တစ်ပိဿာ အနိမ့်ဆုံး ၁၈၀၀ ကျပ်၊ အမြင့်ဆုံး ၂၄၀၀ ကျပ်၊ အာလူး တစ်ပိဿာ အနိမ့်ဆုံး ၃၀၀ ကျပ်၊ အမြင့်ဆုံး ၆၅၀ ကျပ်ဖြစ်ကြပြီး၊ လက်ရှိဧပြီလကုန်ရဲ့ ဈေးကွက် အခြေအနေမှာ မိုးရွာသွန်းမှုများကြောင့် ကုန်ပစ္စည်းများ ဈေးအေးသော်လည်း ပုံမှန်အရောင်း အဝယ်ဖြစ်နေကြောင်းနဲ့ အသစ်များ လှိုင်လှိုင်ပေါ်တဲ့ အာလူးဈေးမှာ ယခုထက်ဈေးနှုန်းကျဆင်းနိုင်ကြောင်း၊ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက် သတင်းအရ သိရပါတယ်။