Main menu

Background

ဒီတစ်ပတ် နနွင်း တင်ပို့မှုလျော့

Tue, 05/06/2014 - 08:28 -- ydnar

ဒီတစ်ပတ် နနွင်းသီတင်းတစ်ပတ်ဖြစ်တဲ့ ဧပြီလ ၂၀ ရက်မှ ၂၆ နေ့တာ ကာလအတွင်း နနွင်း ၉၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံကို တန် ၈၀ နဲ့ အိန္ဒိယနိုင်ငံကို ၁၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန်လေးရာကျော်ထိ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ် မှာနနွင်းတင်ပို့မှုလျော့ခဲ့ ပါတယ်။ FOB ဈေးကတစ်တန်ကို ကန်ဒေါ်လာ ၄၂၀ ဝန်း ကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။