Main menu

Background

မူဆယ်နဲ့ စစ်တွေဝယ်လက်ကြောင့် အရောင်းအဝယ်ပြန်ဖြစ်တဲ့ ရှမ်းနနွင်းဈေးကွက်

Tue, 05/06/2014 - 08:32 -- ydnar

 
မူဆယ်နဲ့ စစ်တွေဝယ်လက်ကြောင့် အရောင်းအဝယ်ပြန်ဖြစ်တဲ့ ရှမ်းနနွင်းဈေးက    ဒီတစ်ပတ်မှာတော့ ချင်းအရောင်း အဝယ်အေးပြီး နနွင်းကနည်းနည်းပြန်ပြီးလှုပ်လာပါတယ်။ မူဆယ်ဝယ်လက်နဲ့ စစ်တွေဝယ်လက်တွေ ဝယ်နေ တာကြောင့် အရောင်းအဝယ် လည်းဖြစ်နေပါတယ်။ ဒါပေမဲ့ နနွင်းလည်း ဈေးကွက်မှာ

အဝင်နည်းသွားပါပြီ။ မတ်လ အထိ အဝင်ကပုံမှန်ရှိနေပြီး၊ ဒီလဆန်းကစပြီးတော့ အဝင်နည်းသွားပါတယ်။ နနွင်းက ချင်းလိုမျိုး ဖော်ပြီးရောင်းလို့ မရပဲ နေပူလှန်းပြုတ်ခြောက်လုပ်ရတာတွေကြောင့် လက်ဝင်ပါတယ်။ ဒါကြောင့် ဈေးမကောင်း ရင် တောင်သူတွေကလည်း အချိန်ကုန်၊ ငွေကုန်ခံပြီးတော့ မလုပ် ချင်ကြပါဘူး။ ဒီနှစ်ဆန်းပိုင်းမှာလည်း မူဆယ် ဝယ်လက်က အနည်းငယ်ဝယ်ယူတာကလွဲရင် ဈေးပတ်သမားတွေလောက် သာ ရောင်းနေရတာကြောင့် အရောင်း အဝယ်ကလည်း သိပ် ပြီး ကောင်းကောင်းတော့ မဖြစ်ခဲ့ပါဘူး။ ဒီတစ်ပတ်မှာတော့ စစ်တွေဝယ်လက်တွေက ဟိုပုံးနနွင်းကို ဟိုပုံးမှာအထိုင်ချပြီး ပိဿာချိန် ၅ ထောင်၊ ၆ ထောင်ခန့် ဝယ်ယူသွားတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးတွေကတော့ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်၊ တောင်ပို့လနဲ့ ဟိုပုံးနနွင်းက ၈၀၀ ကျပ်၊ ၉၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေက သိရှိရပါတယ်။