Main menu

Background

နနွင်းအမှာစာများကြောင့် အိန္ဒိယနနွင်းဈေးကွက်တွင် ဈေးမြင့်လာ

Tue, 05/06/2014 - 08:42 -- ydnar

 
နနွင်းအမှာစာများကြောင့် အိန္ဒိယနနွင်းဈေးကွက်တွင် ဈေးမြင့်လာ ဧပြီလနောက်ဆုံးပတ် အစောပိုင်းရက်များက အိန္ဒိယ နိုင်ငံအီရော့နနွင်း ဈေးကွက်မှာ ဈေးနှုန်းအရောင်း အဝယ်ပုံမှန်ဖြစ်နေခဲ့ပေမဲ့ အိန္ဒိယမြောက်ပိုင်း ကုန်သည်များ ထံကို နနွင်းအမှာစာအသစ်များ ရောက်ရှိမှုဟာ ဈေးကွက်အလားအလာမြင့်တက်မှုကို

ထောက်ပံ့နေပါတယ်။ ဒါကြောင့် နနွင်းကုန်သည်နဲ့ တောင်သူများဟာ အရည်အသွေးကောင်း နနွင်းများကို ဝယ်ယူစုဆောင်းနေတာကြောင့် ယခုအပတ် တနင်္လာနေ့က ဝင်ရောက်တဲ့ နနွင်းအိတ် ၆၂၀၀ မှ ၆၅ ရာခိုင်နှုန်းကို ရောင်းချနိုင်ခဲ့တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဋ္ဌကပြောပါတယ်။ ကုန်သည်များဟာ ရက်အနည်းငယ်အတွင်းမှာ အမှာစာများ ထပ်မံရောက်ရှိမယ်လို့ ခန့်မှန်းတဲ့အတွက် နနွင်းလက်ချောင်းကို တစ်ကွယ်တယ် ရူပီး ၃၀၀၊ နနွင်းတက်ကို တစ်ကွမ်တယ် ရူပီး ၂၀၀ တက်ခဲ့ပြီး၊ အခြားအမျိုးအစားများလည်း ယခင်အပတ်ထက် ဈေးမြင့်ခဲ့ပါတယ်။ အီရော့ နနွင်းကုန်သည်များအသင်းမှ နနွင်းလက်ချောင်း တစ်ကွမ်တယ် ရူပီး ၄၉၈၉ - ၇၅၀၉၊ နနွင်းတက် တစ်ကွမ်တယ် ရူပီး၆၇၆၅ - ၇၁၃၄ ဖြစ်ခဲ့တယ်လို့ thehindubusinessline မှာ ဖော်ပြထားပါတယ်။