Main menu

Background

ချင်းအဝင်နည်းသွားပြီဖြစ်တဲ့ အောင်ပန်းချင်းဈေးကွက်

Tue, 05/06/2014 - 08:46 -- ydnar

 
ချင်းအဝင်နည်းသွားပြီဖြစ်တဲ့ အောင်ပန်းချင်းဈေးကအောင်ပန်းဈေးကွက်မှာလည်း ဒီတစ်ပတ်မှာ ချင်းအဝင် နည်းသွား ပါပြီ။ စိုက်ပျိုးပြီးပို့တဲ့ချင်းနဲ့ မဖော်သေးဘဲထားခဲ့တဲ့ ချင်းတွေသာအဝင်ရှိပါတော့တယ်။ ၅ ရက်တစ်ဈေးမှာလည်း အချိန်တစ်သောင်းခန့်သာ အဝင်ရှိပြီး အရင်လတွေကလို အလုံးအရင်းနဲ့

မဝင်လာတော့ပါဘူး။ ဒါကြောင့် ပြည်ပ တင်ပို့ဖို့အတွက်လည်း ပစ္စည်းကမရှိဘူးလို့သိရပါတယ်။ ပြည်ပဝယ်လက်တွေကလည်း ပစ္စည်းအလှတွေကိုသာ လိုချင်ကြပါတယ်။ ယခုလက်ကျန်ပစ္စည်းတွေကတော့ အရောအနှောနဲ့ နဝလီ တွေသာများတာကြောင့် ပစ္စည်း လှတာတွေက ပိဿာချိန် သောင်းကဏန်းခန့် တောင်မရှိလို့ ပြည်ပတင်ပို့မှုကလည်း ရပ်နေရပါ တယ်။ ပြည်တွင်းသုံး အတွက်သာ အဝယ်ရှိနေပေမဲ့ ဈေးကလည်းမြင့်တာကြောင့် အရင်ကလို ရောင်းအားကလည်း မကောင်းတော့ဘူးလို့ ချင်းပွဲရုံတွေက သိရပါတယ်။ ဒီလမှာ ချင်းစိုက်တာလည်း ပြီးသွားပါပြီ။ ပစ္စည်းကလည်း ကုန်သလောက်ဖြစ်နေ တာကြောင့် နောက်တစ်နှစ် ချင်းဖော်ချိန်ထိတောင်ရှိနိုင်မလား မဆိုနိုင်သေးဘူးလို့ ဒေသခံတောင်သူတွေထံက သိရှိရပါတယ်။ ဒီနှစ်ချင်းဈေးနှုန်းက အတော့်ကိုကောင်းခဲ့ပါတယ်။ ချင်းစိုနဲ့အတူ ချင်းခြောက်လည်း လိုက်ပြီး ဈေးကောင်းနေပါတယ်။ ဒီတစ်ပတ်ချင်း(စို)ပေါက်ဈေးနဲ့အနိမ့်ဆုံး ၈၀၀ ကျပ်မှ အမြင့်ဆုံး ၁၂၀၀ ကျပ် ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၂၃၀၀ ကျပ်၊ ၂၄၀၀ ကျပ်ဈေးရှိပါတယ်။