Main menu

Background

ဈေးနှုန်းတည်ငြိမ်မှုနဲ့ အရောင်းအဝယ်အေးနေတဲ့ ပြည်ချင်းဈေးကွက်

Tue, 05/06/2014 - 08:50 -- ydnar

 

ချင်းဈေးနှုန်းတည်ငြိမ်မှုနဲ့ အရောင်းအဝယ်အေးနေတဲ့ ပြည်ချင်းဈေးကွက် ယခုတစ်ပတ်အတွင်း အောင် ပန်း၊ တောင်ကြီးဘက်မှ ချင်းများ ပြည်ဈေးကွက်ကို ပိဿာ ၃၀ ဝင်အိတ်  ၅၀ ခန့်အဝင်ရှိပြီး၊ ယခင်တစ်ပတ်ကထက် အဝင်ရှိလာပါတယ်။ ယခင်နှစ်ကာလတူ အချိန်နဲ့ နှိုင်းယှဉ်ပါက

ဈေးကောင်းရပြီး၊ တောင်သူများ တွက်ချေကိုက် တဲ့နှစ်ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် ချင်းတစ်ပိဿာ (ရှယ်) ၂၇၀၀ ကျပ်၊ (ဂျွန်) ၂၅၀၀ ကျပ်တို့နဲ့ ဈေးနှုန်း အပြောင်း အလဲမရှိဘဲ၊ ဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်အေးနေပါတယ်။ ဈေးကွက်အတွင်း တစ်နေ့ကို ပိဿာချိန် ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်ကို ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။