ဝန်ထမ်းလစာနှင့်ကုန်ဈေးနှုန်း
နိဂုံးမှာ မပြုံးနိုင်ခဲ့ ဈေးကွက်စီးပွားရေးစနစ်ကို နိုင်ငံ မှ ကျင့်သုံးမည့်စီးပွားရေးစနစ်အဖြစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ ထဲတွင်ပင်လျှင် ထည့် သွင်းရေး သား ထားသောအစိုးရသည်
နိုင်ငံဝန်ထမ်းများအနည်းဆုံးနေ့စဉ်ဘ၀ စားဝတ်နေမှုအတွက် ရပ်တည်မှုတွင် ဈေးကွက် စနစ်သဘာဝနှင့် အတူ စီး မျှော်နိုင်ရေး၊ တစ်နည်းအားဖြင့် စား ဝတ်နေမှုတွင် ဈေးကွက်ပေါက်ဈေးများ နောက်သို့လိုက်မီနိုင်ရေး အတွက်ကိုလည်းမမေ့မလျော့ထည်းသွင်း စဉ်းစားပေးလျက် ရှိသည်။ ၎င်းင်းတို့အစိုးရစတင်တာဝန်ယူ ချိန်မှစ၍ တစ်နှစ်ပြီး တစ်နှစ်နိုင်ငံဝန် ထမ်းများ၏ ချီးမြှင့်ငွေများ၊ လစာငွေ များကို သင့်တင့်သောအနေအထားဖြင့် တိုးမြင့်ပေးခဲ့သည်။ ထိုသို့နိုင်ငံ့ဝန် ထမ်း များလစာတိုးမြင့်မှုပြုလုပ်မည်ဟုကြား သိရသည့်အခါတိုင်းနိုင်ငံဝန် ထမ်းများ ဝမ်းသာမှုများရှိသကဲ့သို့ ပုဂ္ဂလိက ကဏ္ဍ မှဝန်ထမ်းများလည်း မျှော်လင့်ချက်စိတ် ကူး၊ ကိုယ့်အတွေးကိုယ်စီဖြင့် ကြိုတင် ဝမ်းသာခဲ့ကြဖူးသည်။ သို့သော်နိုင်ငံဝန်ထမ်းများ ၏ လစာတိုးမြင့်မှု၏ ဇာတ် သိမ်းပိုင်းနောက်ဆုံးခန်းတွင်မူ အားလုံး ဝမ်းမသာနိုင်ခဲ့ကြပေ။လစာတိုးခြင်းနှင့်အတူ ယခု ၂၀၁၄ ခုနှစ် ဧပြီလတွင် လည်း လစာတိုးမြင့်မှုကို နိုင်ငံဝန်ထမ်း ထုတစ်ရပ်လုံးထပ်မံခံစားကြရဦးမည်။ ဝန်ထမ်းကြီး ငယ် အားလုံး အတွက် အား လုံးကို ကျပ်ငွေနှစ်သောင်းစီဖြစ်သဖြင့် အမေရိကန်ဒေါ်လာအားဖြင့် ၂၀ ခန့် ဖြစ်သည်။ ပမာဏ မည်မျှပင်ြ ဖစ်စေ၊လစာတိုးမြင့် ပေးခြင်းအတွက် ကောင်း ပါသည်ဟုသာဆိုရမည်။ဝမ်းမြောက်ဝမ်း သာမှုမှာမူ အလျင်စလိုဖြစ်မ လာေ တာ့။ အားလုံးတွင်ရှိလာသော စိတ်သောက မှာ နေ့စဉ်ရင်ဆိုင်နေရသည့် ကုန်ပစ္စည်း များဈေးနှုန်းတက်လာနိုင်သည်ဟု ကြို တင်ထင်မြင်ယူဆထားသည့် ဝေဒနာများဖြစ်သည်။ ''လစာတိုး မယ်ကြား တာ နဲ့ ကုန်ဈေးနှုန်းကတက်ဖို့ပြင်နေပြီ၊တကယ် လဲတိုးလိုက်တာနဲ့ တိုးတဲ့လစာငွေ နဲ့ မကာမိအောင် တက်တော့တာပဲ''ဟုအိမ်ရှင်မ တစ်ဦးကဆိုသည်။ ဈေးနှုန်း တက်ခြင်း သည် စားသုံးသူအတွက် စား ရိတ်ဖိစီးမှုဖြစ်သော်လည်း ထုတ်လုပ် သူအတွက် အမြတ်အစွန်းမက်လုံး ဖြစ်သည်။ထုတ်လုပ်သူ တို့မက်လုံးရှိမှ ထုတ် လုပ်မှုအားကောင်းမည်။ ထုတ်လုပ်မှု အားကောင်းမှ အလုပ်အကိုင်အခွင့်အ လမ်းများပေါများကာ၊ ဝင်ငွေ ရရှိခြင်း၊ ဝင်ငွေတိုးတက်ခြင်းတို့ရှိလာကြလိမ့် မည်။ ထိုမှတစ်ဆင့် ဝယ်လိုအားကောင်း လာ၍ ထုတ်လုပ်မှု၊ စားသုံးမှု၊ ရောင်း ဝယ်မှုတို့ လှုပ်လှုပ်ရှားရှားရှိကာ စီးပွား ရေးအဆောက်အအုံတစ်ခုလုံး၏ စီးပွား ရေးအခြေအနေကောင်းမွန် လာနိုင် မည် ဖြစ် သည် ။ ထို့ကြောင့်အလွန် အမင်း ဈေးနှုန်းတက်ခြင်းမှလွဲ၍ ဈေးကွက်သ ဘာဝအရ ဈေးနှုန်းမြင့်တက်မှုမှာ စီးပွား ရေး ဖွံ့ဖြိုးမှု အတွက် အထောက်အကူပြုစေသည်ဟုဆိုရ မည်။ သို့သော် အစိုးရ ဝန်ထမ်းများလစာတိုးမြှင့်မှုရှိတိုင်း ကုန် ဈေးနှုန်းကတိုးမြင့် တတ်သည့် အခြေအ နေက မြန်မာ့စီးပွားရေးအဆောက်အ အုံအတွင်းတွင် အစဉ်အလာတစ်ရပ်လို ဖြစ်နေသည်မှာ အားလုံး သတိပြုမိပြီး သားဖြစ်သည်။ ထိုသို့အခြေအနေရှိနေ သည့်တိုင်ယခုအကြိမ် လစာတိုးမြှင့် သည့်အချိန်တွင် အခြားသော အခွန် အခများ၊ လျှပ်စစ်မီတာခတိုးမြှင့်မှုပါရှိလာသောကြောင့်ကုန်ဈေးနှုန်းဒဏ်ပိနေသော ဝန်ထမ်းများအတွက်ပို၍အခြေအနေ မဟ န်ဖြစ် လာနိုင် သည်။ ဝန်ထမ်းများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ရာဒဏ်ချက် သက်သာရာရနိုင်ခြင်းထက် ပိုမိုခံစား လာနိုင်သည် ဟု ကောက်ချက်ချသူများ လည်းရှိလာသည်။စေတနာသည် ဝေဒနာဖြစ်သွားခဲ့ ဈေးနှုန်းများတက်ခြင်းကို ငွေ ကြေးဖောင်းပွမှုဟု အလွယ်တကူနား လည်ကြသည်။ သို့သော်ဈေးကွက်ထဲ တွင် ကုန်ပစ္စည်း တစ်မျိုး၊ နှစ်မျိုးဈေးနှုန်း တက်ရုံမျှနှင့် ငွေဖောင်းပွနေသည်ဟုမ ဆိုနိုင်။ စီးပွားရေးအဆောက်အအုံထဲ တွင်ရရှိနိုင်သော ကုန်စည်နှ င့် ဝန်ဆောင်မှုအားလုံး ၏ ပျမ်းမျှဈေးနှုန်းများတက် နေလျှင် တစ်နည်းအားဖြင့် စီးပွားရေး ဝေါဟာ ရများဖြင့်ပြော ရ လျှင် ဈေး ဆ နှုန်းကိန်းများဖြင့် တွက်ချက်ရရှိလာ သော အထွေထွေဈေးနှုန်းအဆင့်မြင့် တက်နေမှသာ ငွေကြေးဖောင်းပွနေ သည်ဟုဆိုနို င် သည်။ ဘာသာရပ်ဆိုင် ရာနည်းလမ်းများဖြင့်တွက်ချက် တိုင်း တာ၊ ခန့်မှန်းဖော်ပြနိုင်ကြသော်လည်း လက်တွေ့ အခြေအနေ များ ကို မျက်မြင် ကြည့်၍ပင် ငွေဖောင်းပွနေသည်ဟုပင် မှန်းဆကောက်ချက်ချနိုင်သည်။ မြန်မာစီးပွားရေးအဆောက်အအုံ ထဲ၌ ဈေးတက်သည်ဟုကြားရသည့်အ ခါတိုင်း လေ့လာကြည့်သည့်အခါ ကုန် ပစ္စည်း တစ်မျိုး နှစ်မျိုးသာဈေးနှုန်းတက် ခြင်းမဟုတ်ဘဲ ကုန်စည်အားလုံးနီးပါး ဈေးတက်ကြခြင်းဖြစ်သည်။ နိုင်ငံသား အားလုံး ၏ နေ့စ ဉ် အဓိကကျနေသော အခြေခံစားကုန်မှစ၍ ကျန်းမာရေး၊ လူ မှုရေး၊ ပညာရေးနှင့်ဆိုင်သော ကုန်စည် များအဆုံး အားလုံး နီး ပါးဈေးတက်လာ နေကြသည်။ အရေးမကြီးသော ကလေးကစားစရာအပါအဝင် နေ့စဉ် ဝင်ငွေနိမ့်ဆင်းရဲသား လူတန်းစားများ စိတ်ကူးပင်မယဉ်နိုင်သည့် ဇိမ်ခံကုန်ပစ္စည်းမျိုး စုံပါ ဈေးများတက်ကြ၏။ အ ခြေအနေအရပ်ရပ်ကို ရှင်းရှင်းလင်းလင်း ပင်မြင်ရ သည်။ မြန်မာ့စီးပွားရေးအ ဆောက်အအုံအတွင်းဈေးနှုန်းများ တက် လျှင် ဈေးကွက်စနစ်၏ အဓိကအ ကြောင်း တရားဖြစ် သည့် ဈေးကွက် အင် အားစုဝယ်လိုအားနှင့် ရောင်းလိုအားအခြေအနေလှုပ်ရှားမှု တို့ကြောင့်သာ အဓိ ကမဟုတ်၊အမျိုးမျိုးသော မှန်းဆချက် ကောလာဟလများကြောင့်လည်း ဖြစ် ရသည်များရှိသည်။ အားလုံး၏ ထင်မြင် ယူဆချက်များတွင်ငွေကြေးပမာဏ တိုးလာ ခြင်းဆိုသည်ကို အခြေခံနေသည်။ ငွေ ဖောင်းပွခြင်းကြောင့်သာဟု ပြောရမည့်အခြေအနေရှိ လာသည်။ ထိုသို့သော အခြေအနေများကြောင့် အုပ်ချုပ်သည့် အစိုးရသည် နိုင်ငံ့ဝန်ထမ်းများကို စေ တနာေ ကာ င်းဖြင့် ငွေကြေးလစာတိုး ပေးခြင်းဖြစ် သည့်တိုင် ထိုစေတနာ သည် ဝေဒနာအဖြစ် အသွင်ပြောင်း သွားရတော့သည်။ အခြေအနေကို ရှေ့ ကာလများ တွင်ဖြစ်ပေါ် ခဲ့သော အတွေ့ အကြုံများက သက်သေပြနေသည်။ပြည်တွင်းဈေးကွက်ထဲကအရှိတရား
အလိုလိုနေရင်းကုန်ဈေးနှုန်းတွေ က တက်နေတာပဲဟု မိတ်ဆွေတစ် ယောက်က လွယ်လွယ်ကူကူဝေဖန်ဖူး သည်။ ကုန်ဈေးနှုန်း တက်တာ အလိုလို နေရင်းတက်တာမဟုတ်၊ နိုင်ငံတွင်းရှိ ကုန်ထုတ်လုပ်မှု ၊ ငွေကြေးပမာဏနှင့် ထင်ရောင် ထင်မှား သတင်း များကြောင့် ဖြစ်သည်ဟုယေဘုယျသဘောပေါက်သင့် သည်ဟု စာရေးသူက ပြန်ပြောဖူးသည်။ ယခုအစိုးရ ယန္တရား လည်ပတ်မှုတွင် အဓိကကျသော တစ်နိုင်ငံလုံးအတိုင်း အတာအားဖြင့် ကျယ်ပြန့်စွာရှိနေသည့် နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးသည်။ အစိုးရဝန်ထမ်းအရေအတွက် စီးပွား ရေးအဆောက်အအုံတစ်ခုလုံးရှိ လုပ် သားအင်အား စုနှင့် နှိုင်းယှဉ်ပါ က အ ရေအတွက်အားဖြင့် နည်းပါးသည့်တိုင်စီးပွားရေးအဆောက်အအုံ တစ်ခုလုံးကို ကျယ်ပြန့်စွာ သက်ရောက်မှုရှိ သဖြင့် ငွေကြေးပမာဏ၊ ဝယ်လိုအားနှင့် စီးပွား ရေးသမားတို့၏ ကျယ်ပြန့်သော ထင်မြင်ယူဆချက် များပေါင်းစပ်ကာ ကုန် ဈေးနှုန်းများမြင့်တက်လာစေရန်သက် ရောက်မှုရှိလာခြင်းဖြစ်သည်။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ ၎င်းင်း၏ ဝန်ထမ်းများကို လစာတိုးပေးခြင်းမျိုးသည် ဤမျှ လောက်အကျိုးသက်ရောက်မှုရှိနိုင်မည် မဟုတ်ပေ။ အစိုးရဝန်ထမ်းများလစာတိုးတိုင်း ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းမှာ အစဉ်အလာလိုပင်ဖြစ်နေလေသည်။ပြည်တွင်းတွင်တိုး လာသော ထုတ်လုပ်မှုများ မှာလည်း ကြည့်သောအခါ အများစု မှာ နေ့စဉ်သုံးစွဲနေရသော ကုန်စည်နှင့် ဝန် ဆောင်မှုဈေးကွက်ထဲသို့ ရောက်ရှိလာ သည့်ကုန်စည်များ မဟုတ်ဘဲ နိုင်ငံခြား သို့အများစုတင်ပို့နေရသည့် သဘာ၀ သယံဇာတအဖိုးတန်ကုန်ကြမ်းများ၊စိုက်ပျိုးရေးကဏ္ဍထွက် အခြေခံကုန်ကြမ်း များ၊ တစ်စိတ်တစ်ပိုင်းကုန်ချောများနှင့် စွမ်းအင်ထုတ်ကုန်များဖြစ်နေသည်။ စီး ပွားရေးအဆောက်အအုံအတွင်း ရောင်း ယ်ဖောက် ကားေ နကြသော အမျိုးအ မည်ပေါင်းများစွာသော ကုန်ပစ္စည်းများ မှာ မိတ်အင်နိုင်ငံခြား များဖြစ်နေကြခြင်း သည်ကလည်း ထည့်သွင်း စဉ်းစား ရမည့်အချက်ဖြစ်သည်။ ပြည်တွင်းဈေး ကွက်တွင် ပြည်တွင်းဖြစ်သိပ်မရှိလှ၊ အ ခြေခံစားသောက်ကုန် ပင် လျှင် ပို့ကုန် ဈေးကွက်ကြောင့်လည်းကောင်း၊ စိုက် ပျိုးထုတ်လုပ်သူများ တွက်ချေမကိုက်၍ လည်းကောင်း အိမ်နီးချင်းနိုင်ငံများအ ပါအဝင်နိုင်ငံခြား ထုတ်ပစ္စည်းများက အသီးသီးနေရာယူထားကြပြီးဖြစ်သည်။တစ်ခုတည်းသောနည်းလမ်း ပြန်လည်ဖြည့်စွမ်းနိုင်ခြင်းမရှိ သော သဘာဝသယံဇာတထုတ်ကုန် များသာ ထုတ်လုပ်မှုအားကောင်းလာ နေပြီး လုပ်ငန်း သုံး ကုန်၊ လူသုံးကုန်နှင့် စားသုံးကုန်ထုတ်လုပ်မှုအခြေအနေမှာ ယိုင်နဲ့ချိနဲ့အားပျော့နေခဲ့ပြီဖြစ်သည်။ (အက်ဖ်ဒီအိုင်ဖြင့် ဝင်ေ ရာက် လာနေ သောနိုင်ငံခြားလုပ်ငန်းများ၊ ဖက်စပ်လုပ် ငန်းအချို့စားသောက်ကုန်လုပ်ငန်းများ ထုတ်လုပ်နေသည်ကို မရ ည်ညွှန်း ထား ပါ။) နိုင်ငံ့ဝန်ထမ်းမျာလစာတိုးခြင်းသည် နိုင်ငံ့ဝန်ထမ်းများသာမက၊ ပုဂ္ဂလိက လုပ်ငန်းများမှ ဝန်ထမ်းများ၊ အခြား သောအလုပ်ရှိ၊ အလုပ်မဲ့နိုင်ငံသူနိုင်ငံ သားများအားလုံးပေါ်တွင်ပါ ကျပ် တည်းမှုသက်ရောက်ေ နခဲ့ပြီဖြစ်သည်။ နိုင်ငံ့ဝန် ထမ်း များ လစာတိုးမြင့်ပေးခြင်း ၏အကျိုးကျေးဇူးခံစားရရှိစေရန်မှာ ပြည်တွင်းရှိ နိုင်ငံသားပိုင်လုပ်ငန်းများ ထုတ်လုပ်မှု အားကောင်းလာစေရန် လုပ် ဆောင်ပေးသည့်နည်းလမ်းမှတစ်ပါးအ ခြားမရှိတော့ပြီ။ပုဂ္ဂလိက ကဏ္ဍကိုဦး စား ပေးသော ဈေးကွက်စီးပွားရေးစနစ်တွင် တကယ်လှုပ်ရှားနိုင်စွမ်းရှိမည့် နိုင်ငံသား စစ်စစ်ပိုင် အသေးစားအလတ်စားလုပ် ငန်းများ၊ စွန့်ထွင်လုပ်ငန်းရှင်များ အရင်း အနှီးနှင့် နည်းပညာအားနည်းမှုကိုလည်း အချိန်ကြာမြင့်စွာကပင် ခံစားနေခဲ့ရပြီး ြ ဖစ်သည် ။ အစိုးရ၏ ပံ့ပိုးမှုမှာလည်း စာ ရွက်စာတမ်းများထဲမှာပင် စီစဉ်နေတုန်း ရှိနေဆဲ။ ဤသို့ဆိုသောကြောင့် လစာ တိုး တိုင်း ကုန်ေ ဈးနှုန်းတက်လာမည်ဟု သေချာပေါက်ပြောနိုင်သည့် အနေအ ထားရှိနေသည်။ ကုန်ဈေးနှုန်း တက်လာ သောအခါ လစာတိုးပေးရန်လိုလာ သည်(လစာတိုးပေးရန်တောင်းဆိုကြ မည်)လစာတိုးပေးပြန်သောအခါ---၊ လစာနှင့် ကုန်ဈေးနှုန်းတို့၏ အခြေအ နေသည်ကား ဂျာအေးသ့ူအမေရိုက်သ ကဲ့သို့သာရှိပေတော့မည်ဖြစ်လေသ တည်း။
