Main menu

Background

မန်ကျည်းတန်ချိန် သုံးရာကျော် တင်ပို့

Tue, 05/06/2014 - 09:11 -- ydnar

 

ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မန်ကျည်းတန် ၃၄၀ ကို သီတင်းတစ် ပတ်ဖြစ်တဲ့ ဧပြီလ ၂၀ ရက်မှ ၂၆ ရက်သီတင်းပတ်အတွင်းမှာ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဗီယက်နမ်နိုင်ငံကို တန် ၅၀ ၊ ပါကစ္စတန်နိုင်ငံကို ၇၄ တန်၊ မလေးရှားနိုင်ငံကို ၇၅ တန်၊ စင်ကာပူနိုင်ငံကို ၁၄၁ တန်တင်ပို့ခဲ့ပါတယ်။

ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတန်ချိန် တစ်ရာ့နှစ်ဆယ်ကျော်သာ တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နှစ်ရာကျော်တင်ပို့မှု ပိုခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ ရှစ်သောင်းကိုးထောင်ကျော်ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။