Main menu

Background

စားအုန်းဆီဈေးနှုန်း ရက်သတ္တပတ် တစ်ပတ်ကျော်အတွင်း အနိမ့်ဆုံးကို ရောက်ရှိ

Wed, 05/07/2014 - 06:21 -- ydnar

 
မလေးရှားစားအုန်းဆီဈေးက မေ ၁ ရက်နေ့က ရက်သတ္တတစ်ပတ်ကျော် နီးပါးအတွင်း အနိမ့်ဆုံးဈေးကို ရောက်ရှိ ခဲ့ပါတယ်။ ပို့ကုန်ဝယ်လိုအားအနည်းငယ်မြင့်တက်မှုက

အပူပိုင်းဒေသစားသုံးဆီဖြစ်တဲ့စားအုန်းဆီကို အထောက်အကူဖြစ်ခဲ့ပေမဲ့ ပင်လယ် ရပ်ခြားဒေသမှာပဲပုပ်ဆီဈေးမတည်မငြိမ်ဖြစ်မှုက စားအုန်းဆီဈေးကိုပါကျဆင်းစေခဲ့ပါတယ်။
 
မလေးရှားနိုင်ငံစားအုန်းဆီ ထုတ်ကုန်တွေကို ပြည်ပတင်ပို့မှုက ယခင်လနဲ့ နှိုင်းယှဉ်ရင် ဧပြီလမှာ ၁ ဒသမ ၃ ရာ ခိုင်နှုန်း တိုး တက်ပြီး၊ အချိန် ၁၂၂၀၈၈၂ တန်ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စား အုန်းဆီ စားသုံးမှု အများဆုံးဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်နိုင်ငံတွေရဲ့ ဝယ်လိုအားက ဥရောပ ဝယ်လိုအားကျဆင်းမှု ကိုထေမိတဲ့ထိ မြင့်တက်ခဲ့ပါတယ်။ စားအုန်းဆီက ဧပြီလအတွင်းမှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး၊ ဒုတိယလအဖြစ် ဆက်တိုက်ကျဆင်း ခဲ့ ပါတယ်။ ဒါကြောင့်စားအုန်းဆီဈေးမြင့်တက်ဖို့ဆိုရင်ဝယ်လိုအားလျင်မြန်စွာတိုးတက်လာဖို့လိုကြောင်း၊ ဈေးကွက်မှာ ပါဝင်သူတွေ က ပြောပါ တယ်။ ဘာဆာမလေးရှား ကုန်စည် ဒိုင်မှာ ဇူလိုင်အတွက် အခြေခံဈေးနှုန်း က ဧပြီလ ၃၀ ရက် ညနေပိုင်းမှာ တစ်တန်ကို ၂၆၁၅ ရင်းဂစ်နှုန်းထိ ရောက်ရှိခဲ့ပြီး၊ ဧပြီ ၂၁ ရက်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။ စုစုပေါင်း ပို့ကုန်ပမာဏက ၂၅ တန်ရှိ အတွဲ ၃၆၅၇၂ တွဲရှိခဲ့ရာ ပျမ်းမျှနှုန်းဖြစ်တဲ့ ၃၅၀၀၀ ထက်မြင့် တက်ခဲ့ပါတယ်။ ဇူလိုင်အတွက် အမေရိကန် ပဲပုပ်ဆီဈေးနှုန်းမှာသုညဒသမ၆ ရာ ခိုင်နှုန်း ကျဆင်းပြီး၊ ဒါလီယံ ဈေးကွက်မှာမူ အတက် အကျမရှိ  သလောက်ဖြစ် ခဲ့ပါတယ်။