Main menu

Background

ကျပ် ၆၀၀၀ ကျော် ကျဆင်းသွားပြန်သည့် မြန်မာ့ရွှေဈေးကွက်

Wed, 05/07/2014 - 08:01 -- ydnar

 
ကမ္ဘာ့ရွှေဈေးကျဆင်းသွားမှုနှင့် အတူ မြန်မာ့ရွှေဈေးသည်လည်း လိုက် ပါကျဆင်းလျက်ရှိေ ကြာင်း မြန်မာ့ရွှေ ဈေးကွက် အတွင်းမှစုံစမ်းသိရှိရ သည်။ အမေရိကန်နိုင်ငံ၏စီးပွားရေးအခြေအနေ ထုတ်ပြန်မှုများ သည် ရွှေဈေးကွက် အပေါ်ရိုက်ခတ်လျက်ရှိ သဖြင့် ဈေး အတက်အကျသည်

အမေရိကန်၏စီး ပွားရေးအတက်အကျပေါ် မူတည်နေ ကြောင်း ရွှေကုန်သည်တစ်ဦးက သုံး သပ်ပြသည်။''ကမ္ဘာ့ရွှေဈေးအတက်အကျက အမေရိကန်ရဲ့စီးပွားရေးအခြေအနေ ထုတ်ပြန်မှုပေါ်မှာ မူတည်ပါတယ်။ သူ က စီးပွားရေးကောင်း တယ် ဆိုရင် ရွှေ ဈေးက ကျသွားပြီ။ ခုလည်း အမေရိ ကန် စီးပွားရေးကောင်းတယ်လို့ ထုတ် ပြန်လိုက်တဲ့အတွက် ရွှေဈေး ကျသွား ရတာပါ'' ဟု တိတ်စိန် ရွှေဆိုင်မှ ဦးဇော် အောင်က ဆိုသည်။
 
ရွှေဈေးကျဆင်းသွားသော်လည်း မြန်မာ့ရွှေဈေးကွက်တွင် အရောင်း အဝယ်မှာ သြင်္ကန်ပြီးစဉ်ကာလက အတိုင်းပင် အရောင်း အဝယ်များအေး လျက်ရှိပြီး ဝယ်ရောင်းသမားများပင် ဈေးကွက်အတွင်း၌နည်းပါးလျက်ရှိကြောင်း ရွှေကုန်သည်တစ်ဦးက ဆို သည်။
''ရွှေဈေးကျတာကဆက်တိုက် ဆိုသလိုဖြစ်နေတော့ အရောင်း အဝယ်ကလည်း တော်တော်လေးကို ပါးတယ်။ သြင်္ကန်မတိုင်ခင် က နည်းနည်းလေးတက်လာတုန်းက အရောင်း အဝယ်လုပ်ရတာ ကောင်းတယ်။ ခု သြင်္ကန်အပြီး ဈေးတက်မယ်လို့ မှန်း ထားပေ မယ့် ထင်သလောက်တက် မလာတဲ့အခါကျတော့ ဝယ်ရောင်း သမားတွေ အလာကျဲကုန်တယ်။ အထည်လောက်ပဲ အရောင်း အဝယ်ဖြစ်နေတဲ့အတွက် ဈေးကွက်ထဲမှာ ဒုံး သမားတွေ မရှိသလောက်ကို ဖြစ်သွား တယ်''ဟုရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။မြန်မာ့ရွှေဈေးသည် ဧပြီလ ၂၈ ရက်နေ့က ကျပ် ၆၆၆၃၀၀ ရှိခဲ့ သော်လည်း ဧပြီလ ၂၉ရက်နေ့တွင် ကျပ် ၆၆၃၀၀၀ သို့ ကျဆင်း ခဲ့ပြီး မေလ ၂ရက်နေ့တွင် ကျပ် ၆၆၀၀၀၀ အထိ ကျဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်းဧပြီလ ၂၈ရက်နေ့က ၁၃၀၃ ဒေါ်လာရှိခဲ့ သော်လည်း ဧပြီလ ၂၉ရက်နေ့တွင် ၁၂၉၄ဒေါ်လာသို့ ကျဆင်းခဲ့ သည်။ မေ လ ၂ရက်နေ့တွင်မူ ၁၂၈၃ ဒေါ်လာ အထိ ကျဆင်းခဲ့သည်။