Main menu

Background

၂ဝ၁၂ နှစ်ကုန်မှာတိုယိုတာကမျိုးစပ်ကားခြောက်မျိုးထုတ်မည်

Thu, 09/23/2010 - 08:56 -- Anonymous (not verified)

 ၂ဝ၁၂ နှစ်ကုန်မှာတိုယိုတာကမျိုးစပ်ကားခြောက်မျိုးထုတ်မည်      ၂ဝ၁၂နှစ်ကုန်မှာတိုယိုတာကမျိုးစပ် ကားခြောက်မျိုးထုတ်မည်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ကားတွေထုတ်လုပ်ဖို့ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့အတွက် ကမ္ဘာ့ထိပ်တန်း မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီ တိုယိုတာမော်တာက ၂ဝ၁၂ခုနှစ်နှစ်ကုန်မှာ မျိုးစပ်ကား မိုဒယ်ခြောက်မျိုးကိုထုတ်လုပ်မယ်လို့ ကုမ္ပဏီ ရဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက စက်တင်ဘာလ ၁၄ ရက်မှာ ပြောပါတယ်။ နီဆန်းလိုပြိုင်ဖက်တွေက အားလုံးလျှပ်စစ်သက်သက်ကားတွေ ထုတ်လုပ်နေချိန်မှာယခုစီစဉ်ထားတဲ့မိုဒယ်ခြောက်မျိုးက ဓါတ်ဆီနဲ့လျှပ်စစ်ပူးတွဲ မောင်းနှင်တဲ့ တိုယိုတာရဲ့မိုျးစပ်ယာဉ် အမျိုးအစားကို တိုးခဲျ့လိုက်တာ ဖြစ်ပါတယ်။တိုယိုတာမျိုးစပ်ကားခြောက်မျိုးမှာဇိမ်ခံအမျိုးအစား ဖက်စပ် နှစ်မျိုးနဲ့ တိုယိုတာ မိုဒယ်လေးမျိုး ပါဝင်ပါတယ်။တိုယိုတာရဲ့ ပရိုင်းယပ်မျိုးစပ်ကားအားလုံးဟာ တိုယိုတာအတွက် အောင်မြင်မှုတွေ စွမ်းဆောင်ပေးခဲ့ပါတယ်။အထူးသဖြင့်၂ဝဝ၉ ခုနှစ်ကစပြီး ယာဉ်ငယ်ကလေးတွေရောင်းကောင်းခဲ့တဲ့ဂျပန်မှာအောင်မြင်မှု ပိုရခဲ့ပါတယ်။ယခုအခါ တိုယိုတာက ယှဉ်ပြိုင်မှုတစစ ကြီးထွားနေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်ညီတဲ့ ဈေးကွက်ထဲမှာပြိုင်ဖက်တွေကို ယှဉ်ပြိုင်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ Source : AFP