အိန္ဒိယရဲ့ဆန်တင်ပို့မှုက ယခုနှစ် လေးပုံတစ်ပုံခန့်လျော့ကျနိုင်ပြီး မကြာသေးခင်က ဈေးနှုန်းတွေ ကျဆင်းခဲ့တဲ့တောင်အာရှပြိုင် ဖက်နိုင်ငံများရဲ့ တင်းကျပ်တဲ့ပြိုင်ဆိုင်မှုတွေကြောင့် ထိပ်တန်း သီးနှံတင်ပို့သူအဖြစ်မှ ဆင်းဖို့အချက်ပြ နေတယ်လို့ ဆန်စပါး ကဏ္ဍဆုံးဖြတ် ပိုင်ခွင့်ရှိသူများက ဆိုပါတယ်။ အိန္ဒိယ ဆန်တင်ပို့မှုကျဆင်းခြင်းက ထိုင်းနိုင်ငံရဲ့ အငြင်းပွားဖွယ် ဆန်ဝယ်ယူမှု အစီအစဉ်အရစံချိန်တင်မြင့် တက်နေတဲ့ သိုလှောင်မှုကို လျော့ကျဖို့ အကူအညီ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ထိုင်းနိုင်ငံ အနေနဲ့ ပြီးခဲ့တဲ့နှစ်နှစ်အကြာ အိန္ဒိယကို ဆုံးရှုံးခဲ့တဲ့ ၎င်းင်းရဲ့ထိပ်တန်း ဆန်တင်ပို့သူနေရာ ကို ပြန်လည် သိမ်းယူ နိုင် လိမ့်မယ်လို့လည်း ယူဆကြပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ၎င်းင်းရဲ့ ဆန်သို လှောင်မှုတွေ အခိုက်အတန့်တိုးလာတဲ့ အချိန်နဲ့ စပါးအထွက်စံချိန်တင်လာ တဲ့အချိန်မှာ နိုင်ငံအတွင်း ဆန်ပိုမိုကျန် ရှိနေမှာဖြစ်ပြီး ယင်းအခြေအနေက သိုလှောင်မှုပြဿနာကို ဖန်တီးလိမ့်မယ် လို့ဆိုပါတယ်။ ''လက်ရှိမှာ အိန္ဒိယကဈေးကွက် ပြင်ပရောက်လုနီးပါးဖြစ်နေတယ်။ ထိုင်းနဲ့ ဗီယက်နမ်က အသည်း အသန် ရောင်း ချနေ တဲ့အတွက် အိန္ဒိယဆန်တင် ပို့သူတွေအနေနဲ့ ၎င်းင်းတို့ရဲ့ဈေးနဲ့အပြိုင် လိုက်ရောင်းဖို့ အခက်အခဲရှိ တယ်''လို့ အိန္ဒိယရဲ့ ဘာစမာတီမဟုတ်တဲ့ဆန်အများ ဆုံးတင်ပို့သူ Pattabhi Agro Foods မှ မန်နေဂျင်းဒါရိုက်တာB V Krishuna Rao က ဆိုပါတယ်။ ''ထိုင်းနိုင်ငံက ကမ္ဘာ့အကြီးဆုံးဆန် တင်ပို့သူတစ်ဖန်ပြန်ဖြစ်လာမယ်။ အိန္ဒိယရဲ့ ဘာစမာတီမဟုတ်တဲ့ ဆန် တင်ပို့မှုက တန်ချိန် ၄ သန်းကို ကျဆင်း နိုင်တယ်''လို့လည်း ၎င်းင်းက ထပ်လောင်း ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘာစမာတီမဟုတ်တဲ့ဆန်တင်ပို့မှုကို အစိုးရက ၄ နှစ်ကြာပိတ်ထားပြီးစပါးထွက်ရှိမှုအလျှံပယ်ခဲ့တာကြောင့် သီးနှံသိုလှောင် မှုကြီးမား ပြီး ၂၀၁၁ မှာ ပြန်ဖွင့်ခဲ့ပြီးနောက် ကမ္ဘာမှာအကြီးမားဆုံး ဆန်တင်ပို့သူအဖြစ် ထိုင်းနိုင်ငံကို ကျော်လွန်ပြီး ၂၀၁၂ မှာ ရရှိခဲ့တာဖြစ် ပါတယ်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ဘာစမာတီဆန်မွှေးတန်ချိန် ၄ သန်း ခန့်နဲ့ ဘာစမာတီမဟုတ်တဲ့ဆန်တန်ချိန် ၆ ဒသမ ၅ သန်း၊ စုစုပေါင်း ဆန်တန် ချိန် ၁၀ ဒသမ ၅ သန်းထိ တင်ပို့ ခဲ့ပါတယ်။ ၂၀၁၄-၂၀၁၅ မှာ ဘာစမာ တီဆန်တင်ပို့မှုက တန်ချိန် ၄ သန်း ဝန်းကျင်နဲ့တည်ငြိမ်နိုင် ဖွယ် ရှိပေမဲ့ ဘာစမာ တီမဟုတ်တဲ့ ဆန်တင်ပို့မှုအနည်းငယ် ကျဆင်းနိုင်တာကြောင့် စုစုပေါင်းဆန် တင်ပို့မှုကတန်ချိန်၈သန်းခန့်ကိုကျဆင်းနိုင် တယ်လို့အစိုးရအရာရှိများက ခန့်မှန်းကြပါတယ်။ ဝင်ငွေအတွက် စိုးရိမ်ဖွယ်ကောင်း တာက ထိုင်းနိုင်ငံမှာ အစိုးရသိုလှောင်ရုံတွေက စပါးပမာဏ တော်တော်များများကို ပုဂ္ဂလိကကုန် သည်တွေ ကို ဈေးအနိမ့် နဲ့ ရောင်းချနေ တာပဲဖြစ်ပါတယ်။ အီရတ်နိုင်ငံ သီးနှံ ဝယ်ယူသူတွေကအနည်းဆုံး တန် သုံး သောင်းဝယ်ယူ မယ့် နိုင်ငံတကာ တင်ဒါတစ်ခုမှာ ထိုင်းဆန်တွေကိုဈေးအနိမ့် ဆုံးနဲ့ ကမ်းလှမ်းနေတယ်လို့ ဥရောပ ကုန်သည်များက ဧပြီလ ၃၀ ရက် နေ့က ဆိုပါ တယ်။
ဒါကြောင့်ထိုင်းဆန်တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်က တန်ချိန် ၆ ဒသမ ၇ သန်းရှိခဲ့ရာမှ ၂၀၁၄ ပြက္ခဒိန်နှစ်မှာ တန်ချိန် ၉သန်း အထိမြင့် တက်နိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အမေရိ ကန်စိုက်ပျိုးရေးဌာနက ထုတ်ပြန်တဲ့ မတ်လ အစီရင်ခံစာ မှာ ဖေါ်ပြ ထားပါတယ်။အိန္ဒိယရဲ့ ၂၀၁၄ ပြက္ခဒိန်နှစ် ဆန်တင်ပို့မှုကအဲဒီပမာဏထက်လျော့နည်းနိုင်တယ်လို့လည်း လုပ်ငန်းရှင် ကျွမ်းကျင်သူများက ဆိုပါတယ်။
ထိုင်းနိုင်ငံက ယခုအခါ ၅ မှတ်ဆန်ကFOB ဈေး တစ်တန် ကန်ဒေါ်လာ ၃၉၀-၃၀၅ ဈေးရှိပြီး အိန္ဒိယက ကန်ဒေါ်လာ ၄၀၀ နဲ့ ကမ်းလှမ်းတယ်လို့သိရပါတယ်။ အရှေ့တောင်အာဆီယံ နိုင်ငံ တွေက ယေဘုယျ အားဖြင့် လုံးသွယ်ဆန်တွေဖြစ်လို့ အိန္ဒိယဆန် အပေါ် ပရီမီယံတောင်းခံလေ့ရှိပါတယ်။ထိုင်းနဲ့ အိန္ဒိယ တို့က ၅ မှတ်ဆန် ဈေး ကို ဈေးတူညီလုနီးပါး သတ်မှတ် ကြတယ်။ အိန္ဒိယဆန်တင်ပို့နိုင်ဖို့ဆိုရင် ထိုင်းဆန်ကို တစ်တန် ကန်ဒေါ်လာ ၄၀ ခန့်တိုးဖို့လို အပ် တယ်လို့ အင်ဒရာပရာ ဒေ့ရှ်ပြည်နယ်ရဲ့ ဆန်ထိပ်တန်းတင်ပို့သူ M Adishankar က ဆိုပါတယ်။
ဆန်အမြောက်မြားရှိနေတဲ့ ပြဿနာကြောင့် ဖေဖေါ်ဝါရီလ ပထမ ပတ်ကစပြီး ထိုင်းနိုင်ငံက ၅ မှတ်ဆန် ဈေးကို ၁၂ ရာခိုင်နှုန်းနီးပါး လျှော့ချ ခဲ့ပြီးအဲဒီအချိန်မှာဗီယက်နမ်က ၂ ရာ ခိုင်နှုန်းလျှော့ချခဲ့ပါတယ်။တစ်ချိန်တည်း မှာအိန္ဒိယက ရူပီးဈေးတွေ မာ လာတဲ့ အတွက် တစ်တန် ၂ ရာခိုင်နှုန်းတိုးခဲ့ပါ တယ်။ ''အချို့သော ဆန်အမျိုးအစား များကို ထိုင်းနိုင်ငံက အိန္ဒိယဆန်ဈေးနဲ့ ယှဉ်ရင် လျော့ဈေးတွေနဲ့ ကမ်းလှမ်းခဲ့ တယ်။ ဒါပေမဲ့အိန္ဒိယဆန်တင်ပို့သူတွေက ရူပီးတန်ဖိုးတက်တာကြောင့် ဆန်ဈေး ကို လျှော့ချနိုင်ခြင်းမရှိဘူးလို့'' အိန္ဒိယဆန်တင်ပို့သူများအသင်း ဥက္ကဋ္ဌMP Jindalမှ ပြောကြားပါတယ်။အိန္ဒိယ ငွေကြေး တန်ဖိုး က ဖေဖေါ်ဝါရီလက စပြီး ၃ ရာခိုင်နှုန်းနီး ပါး မြင့်တက်ခဲ့ပါ တယ်။ အိန္ဒိယ မှ ဆန် အဓိကဝယ်ယူတဲ့ နိုက်ဂျီးရီးယားက ပြီးခဲ့တဲ့နှစ်မှာ ဆန်တင်သွင်းခွန်ကို ၁၁၀ ရာခိုင်နှုန်းစည်းကြပ်ခဲ့ခြင်းက ဆန် တင်ပို့မှုကိုထပ်မံထိခိုက် စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ဟာ အဓိကအားဖြင့် ဘာစမာတီမဟုတ်တဲ့ဆန်ကို အာဖရိက နိုင်ငံများ ဖြစ်တဲ့ နိုက်ဂျီးရီးယား၊ ဆီနီဂေါနဲ့ ဘီနင်တို့ကို တင်ပို့ပြီး အီရန်၊ဆော်ဒီအာရေးဗီးယားနဲ့ယူအေအီးတို့ကဘာစမာတီဆန်အဓိကဝယ်ယူ သူများဖြစ်ပါတယ်။ အခြား အာဖရိက နိုင်ငံများ ဟာ ထိုင်းအစိုးရက ၎င်းသိုလှောင်ရုံထဲမှ လက်ကျန်ဆန်တွေကို အသည်းအသန် ထုတ်ရောင်းနေတာကြောင့် ထိုင်းဆန် ကို ပြောင်းလဲဝယ် ယူကြတယ်လို့ ဆန်တင်ပို့သူများက ဆိုပါတယ်။ ဆန်တင်ပို့မှုနှေးကွေးတာက အိန္ဒိယကို သီးနှံအမြောက်အမြားရှိတဲ့ ပြဿနာတစ်ရပ်ထပ်ပြီး ဖြစ်စေပါတယ် ။အိန္ဒိယနိုင်ငံ ပိုင်အေဂျင်စီေ တွ ရဲ့ ဆန်သို လှောင်မှုတွေက ဧပြီလ ၁ ရက်မှာ ရည်မှန်းထားတဲ့ တန်ချိန် ၁၄ ဒသမ ၂ သန်းထက်ကျော် လွန်ပြီး တန်ချိန် သန်း ၃၀ ကျော်ထိ မြင့်တက်နေပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၄ ဇူလိုင်လ အထိ ဒီနှစ်အတွင်း ဆန်တန်ချိန် ၁၀ဒသ၁၉သန်းအထိလည်းစံချိန်တင်ထွက်ရှိအ ုံး မယ်လို့ ခန့်မှန်းထားပြန် ပါ သေးတယ် ။ ပြည်ပတင်ပို့ မှုနှေးကွေးနေ ခြင်း အားဖြင့် တောင်သူများက အစိုးရ ကို သီးနှံတွေ ပိုမိုပြီးရောင်းချမှာဖြစ်ပြီး အစိုးရမှာတော့ လုံလောက်တဲ့ သို လှောင်ရုံမရှိဘူးလို့ ကာကိနာဒါ အခြေ စိုက် ဆန်စက်ပိုင်ရှင်တစ်ဦးက ဆိုပါ တယ်။