ပါကစ္စတန်ရဲ့ ၂၀၁၄ဆန်တင်ပို့မှုပြီးခဲ့တဲ့နှစ်ထက် ၆ရာခိုင်နှုန်းမြင့်တက်မယ်လို့ FAO ခန့်မှန်း

 
ပါကစ္စတန်နိုင်ငံရဲ့ ၂၀၁၄ ခုနှစ် ဆန်တင်ပို့မှုဟာ ၂၀၁၃ မှာတင်ပို့ခဲ့တဲ့ တန်ချိန် ၃ ဒဿမ ၁ သန်းထက် ၆ ရာခိုင်နှုန်းခန့်ပိုမိုပြီး တန်ချိန်  ၃ ဒသမ ၃ သန်းခန့်အထိရှိမယ်လို့  FAO က ၎င်းရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအစီ ရင်ခံစာမှာ ဖေါ်ပြထားတယ်လို့ သိရပါတယ်။စပါးစိုက် ဧရိယာတိုးလာတာ

ကြောင့် ၂၀၁၃ မှာ စပါးတန်ချိန် ၉ဒသမ ၆၃ သန်းခန့်ထွက်ရှိရာမှ ၂ ရာခိုင်နှုန်းခန့်ပိုမိုပြီး ၂၀၁၄ မှာ တန်ချိန် ၉ ဒသမ ၈ သန်းရှိမယ်လို့လည်း ခန့်မှန်း ထားပါတယ်။ စပါးစုစုပေါင်းစိုက် ဧရိ ယာကလည်း ပြီးခဲ့တဲ့နှစ်ထက် အနည်းငယ်တိုးပြီး ၂၀၁၄ မှာ ဟက်တာ ၂ ဒသမ ၈ သန်းရှိမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ပန်ဂျပ်နဲ့ ဆင်းဒ်ပြည်နယ် တွေမှာ ၂၀၁၃မှာ ၄ နှစ်ဆက်တိုက်မြောက်ပြင်းထန်တဲ့ရေလွှမ်းမိုးမှု တွေ ကြောင့် ဆန်အပါအဝင် သီးနှံအားလုံး ပျက်စီးခဲ့ရပြီး လူပေါင်း အနည်းဆုံး၁ဒသမ၅သန်းခန့်လည်းထိခိုက်ခဲ့ရတယ်လို့ဆိုပါတယ်ဒါ့အပြင်၂၀၁၃စက်တင်ဘာလမှာလည်းBalochistan   ပြည်နယ် မှာအင်အားပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့်လူပေါင်းသုံးသိန်းနီးပါးထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဖော်ပြပါသဘာဝဘေးအန္တရာ ယ်နှစ်ခုကြောင့်ဆင်းဒ်ပြည်နယ်မှာသီးနှံထုတ်လုပ်မှုနှစ်ဆခန့်လျော့ကျခဲ့ရခြင်းကနိုင်ငံ အတွင်း စားနပ် ရိက္ခာ မဖူလုံမှုကို ဦးတည်စေ တယ်လို့ ဖော်ပြထားပါ တယ်။