တရုတ်နိုင်ငံကို ဟုမ္မလီဆန်တန်ချိန် နှစ်သောင်းတင်ပို့ခြင်းနဲ့အတူ ထိုင်းနိုင်ငံက နာမည်ကောင်းပြန်လည် ရရှိလိမ့်မယ်လို့ မျှော်လင့်

 
ထိုင်းအများပြည်သူသိုလှောင်ရုံ အဖွဲ့အစည်း  (PWO) မှပျမ်းမျှဈေးနှုန်းတစ်တန် ဘတ် ၃၀ç၀၀၀ (ကန်ဒေါ်လာ ၉၂၈.၄) နဲ့ ဟုမ္မလီဆန်မွှေးတန်ချိန် နှစ်သောင်းရောင်းချဖို့တရုတ်အစိုးရကုမ္ပဏီတစ်ခုနဲ့ ဆန်အရောင်းအဝယ် စာချုပ်လက်မှတ်ရေး ထိုးခဲ့တယ် လို့ ထိုင်းသတင်းများအရသိရပါတယ်။

ပထမအသုတ်ဆန်တင်ပို့မှုကို ၅၀ ကီလိုအိတ်များနဲ့ ၂၀၁၄ မေလမတိုင်မီတင်ပို့ သွားမယ်လို့PWO ဥက္ကဋ္ဌမှ ဖေါ်ပြ ကြောင်း သိရပါတယ်။ ထိုင်းအစိုးရ ဟာ ဆန်အရောင်းအဝယ်နဲ့ ပတ်သက် လို့ နောက်ဆုံး ၇လ အတွက် တရုတ်နိုင်ငံနဲ့ညှိနှိုင်းမှုတွေလုပ်ထားပြီးဖြစ်လို့အဲဒီရောင်းဝယ်မှုစာချုပ်က၂၀၁၃ခုနှစ်မှာတရုတ်ကုန်သည်တချို့ကဗီယက်နမ် ဆန်မွှေး နဲ့ ထိုင်းဆန်မွှေးကို ရောနှောခဲ့တဲ့ ပြဿနာဖြစ်ပြီးနောက် တရုတ်ဈေးကွက်မှာ ထိုင်းဆန်တင်ပို့ မှုနာမည်ေ ကာင်း ပြန်ရ လိမ့်မယ် လို့ မျှော်လင့်ကြောင်းလည်း ၎င်းင်းကပြော ကြားကြောင်း သိရပါတယ်။ ရောနှော ခြင်းဟာ ထိုင်းနိုင်ငံမှာ ဆန်ဈေးနှုန်းေ တွ မြင့် တက်နေခြင်းကို ကိုင်တွယ်ဖြေရှင်း လို့ရနိုင်တာမဟုတ်ဘူးလို့ ၎င်းင်းတို့က ဆိုပါတယ်။ တရုတ်နိုင်ငံက ထိုင်း ဆန် ကို ပုံမှန်သုံးစွဲ သူများစွာဟာလည်း ထိုင်း ဆန်မွှေးဈေးရဲ့ တစ်ဝက်ဈေးနီးပါးနိမ့် တဲ့ ဗီယက်နမ်ဆန်မွှေးကို ပြောင်းလဲ စားသုံး လာကြ တယ်လို့ လည်းဆိုပါတယ်။   ထိုင်းနိုင်ငံမှာ ဆန်မွှေးစပါးအတွက် တောင်သူတွေကို ဆန် တစ်တန်  ဘတ် ၂၀ç၀၀၀ (ကန်ဒေါ်လာ ၆၇၀) နဲ့ သာမန်စပါးအတွက်ဆန်တစ်တန်ဘတ် ၁၅၀၀၀ (ကန်ဒေါ်လာ ၅၀၀) ဈေးအထိ တိုးမြှင့်ပေးမယ်လို့ ကတိပြုချက်အရ ၂၀၁၁အောက်တိုဘာလမှာဆန်အပေါင်ခံအစီအစဉ်ကို စတင်ခဲ့ ပြီးတဲ့နောက် ၂၀၁၂ မှာဆန်ဈေးနှုန်းက သိသိသာသာမြင့် တက်ခဲ့ပါတယ်။ယင်းအစီအစဉ်ကြောင့် ဆန်ဈေးတော် တော်လေးမြင့်တက်လာတဲ့အတွက် တရုတ်ကို ထိုင်းဆန် တင်ပို့မှု က ၂၀၁၁ မှာ တန်ချိန် ၂၆၇ç၈၄၆ ခန့်ရှိခဲ့ရာမှ ၂၀၁၂ မှာ ၄၇ ရာခိုင်နှုန်းခန့် ကျဆင်း ခဲ့တယ်လို့ သိရပါတယ်။ ထိုင်း ၅  မှတ်ဆန်တင် ပို့ဈေးက ၂၀၁၂ မှာ တစ်တန် ကန်ဒေါ်လာ ၅၅၀ ဝန်းကျင်ရှိခဲ့ရာမှ ၂၀၁၃ မှာ ကန်ဒေါ်လာ ၄၅၀ ဝန်း ကျင်ကို အိမ်နီးချင်းနိုင် ငံဈေးများနဲ့ အညီ ကျဆင်းခဲ့တာကြောင့် ၂၀၁၂ မှာ ဆန်တန်ချိန် ၁၄၃ç၀၈၂ သာ တရုတ်ကို တင်ပို့နိုင်ခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာ ၉၄ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၂၇၇ç၅၄၇ ထိ တင်ပို့နိုင်ကြောင်း သိရပါ တယ်။