၂၀၁၄ မေလကစပြီး ကမ္ဘောဒီးယားနိုင်ငံက ဆန်တင်ပို့မှုအပေါ် အကောက်ခွန်ကြေးကောက်ခံမှုကို အဆုံးသတ်မယ်လို့ဆို

 
ကမ္ဘောဒီးယားနိုင်ငံကထုတ်လုပ်မှုကုန်ကျစရိတ်ကျဆင်းစေဖို့နဲ့ နိုင်ငံ တကာဈေးကွက်မှာ ကမ္ဘောဒီးယား နိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်စွမ်း ကို မြှင့်တင်ဖို့ အတွက် ၂၀၁၄ ခုနှစ် မေလ ၁ ရက် ကစပြီး ဆန်တင်ပို့မှုအတွက် အကောက်ခွန်ကြေးကောက်ခံတာကို အဆုံးသတ်ပေးမယ်လို့ပြည်တွင်းသတင်းများမှာဖေါ်ပြထားကြောင်းသိရပါတယ်။

၂၀၁၅မှာဆန်တန်ချိန်တစ်သန်းပြည့်မီစွာ တင်ပို့နိုင် ဖို့ ကမ္ဘော ဒီးယားစီးပွားရေးနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနက ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဆန်ကဏ္ဍ ကျွမ်းကျင်သူတွေက အစိုးရရဲ့ ဆုံးဖြတ် ချက်ဟာ ထုတ်လုပ်မှုစရိတ်နဲ့ တင်ပို့မှု ကုန်ကျစရိတ်ကို သင်္ဘောကွန်တိန်နာ တစ်လုံးကို အနည်းဆုံး ၁၅ ဒေါ်လာခန့် လျော့ကျစေလိမ့်မယ်လို့ ဆိုပါတယ်။ ယခုလိုဆောင်ရွက်မှုဟာ ပို့ကုန် လုပ်ထုံးလုပ်နည်းများ ထိရောက်ပြီးတွက်ခြေကိုက်စေဖို့နဲ့ပို့ကုန်လုပ်ရိုးလုပ်စဉ်များ အလားတူ လူ အစား စက်အ သုံးပြုတဲ့ ပို့ကုန်လုပ်ငန်းစဉ်တွေမှာ လာဘ်ပေးလာဘ်ယူမှုတွေလျော့ကျစေဖို့ အတွက်  ကမ္ဘောဒီးယားအစိုးရ ရဲ့ ဆောင်ရွက်နေတဲ့ ခြေလှမ်းများထဲက နောက်ဆုံးခြေလှမ်းဖြစ်တယ်လို့လည်း ဒေသသတင်းများအရ သိရပါတယ်။ အစိုးရအနေနဲ့ အကောက်ခွန်ကြေး ရရှိခြင်းမှ ဘဏ္ဍာငွေပမာဏအနည်း ငယ် လျော့နည်းနိုင်ပေမဲ့လည်း ယခုလို ဆုံးဖြတ်လိုက်ခြင်းဟာ လုပ်ငန်းလုပ် ကိုင်ခြင်းအတွက် ပိုမိုလွယ်ကူတဲ့ စီမံ ချက်တစ်ခု ဖန်တီးတာပဲဖြစ်ပါတယ် လို့လည်း ကမ္ဘောဒီးယားဆန်တင်ပို့သူ များအဖွဲ့ (FCRE)ဥက္ကဋ္ဌမှ ပြောကြား ပါတယ်။ အဲဒီစီမံချက်က ဆန်တင်ပို့သူ များအတွက် အချိန်နဲ့ ငွေအများကြီး သက်သာစေ လိမ့်မယ်လို့လည်းထောက် ပြပါတယ်။ နိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ၂၀၁၃ ပထမသုံးလပတ်မှာ ဆန်တန်ချိန် ၉၅၂၂၈ တင်ပို့ခဲ့ရာမှ ၂၀၁၄ ပထမ သုံးလပတ်မှာ ၁၁ ရာခိုင်နှုန်းလျော့ကျ ပြီး တန်ချိန် ၈၄၃၃၀ သာ တင်ပို့နိုင် တယ်လို့ သိရပါတယ်။ တစ်နှစ်လုံးတင် ပို့မှုအနေနဲ့ ၂၀၁၂ မှာ တန်ချိန် ၂၀၅၇၁၇ ခန့်ရှိရာမှ ၇၀ ရာခိုင်နှုန်း ခန့်မြင့်တက်ပြီး ၂၀၁၃ မှာ တန်ချိန် ၃၇၈ç၈၅၆ ခန့်တင်ပို့နိုင်ကြောင်း ဆန် တင်ပို့ဖို့အတွကSecretariat One Window Service (SOWS-REF) ရဲ့စာရင်းများအရ သိရပါတယ်။