Main menu

Background

ဤ အရာကား ဆေးကု၍မရပါ

Thu, 05/08/2014 - 07:57 -- ydnar

 
ကျွန်တော်တို့ ငယ်ငယ်က သင် ကြားခဲ့ရတဲ့ မူလတန်းဖတ်စာထဲက စာတစ်ကြောင်းပါ။ငယ်စဉ်က အဓိပ္ပါယ် လည်း မသိ ၊ ဆရာ  ဆရာမများ သင်ပေး ခဲ့တဲ့စာကို မြန်မြန်ရအောင် ကုန်း၍ ရုန်း၍ ပါးစပ်နဲ့အပြည့် အော်ဟစ် စာ ကျက်ခဲ့ကြပါ တယ်။ အဓိပ္ပါယ်ဆိုတာနားမလည်၊ဘာကိုသိလိုမှန်းလည်းမသိ စာမရကဆရာ၊ဆရာမအဆော်ခံထိမှာကိုသာသိတယ်။ အသိကလေး နဲ့ကုန်းအော် ကျက်ခဲ့ကြပါတယ်။''ဤအရာကားဆေး ကု၍ မရပါ

''ဟုတ်ကဲ့၊ ဤအရာကား ဆေးကု၍မရပါ။ ကျွန်တော် တို့ မြန်မာ လူမျိုးတွေမှာ ခေတ်အဆက်ဆက် နှစ် အဆက်ဆက်ဆိုရိုးစကားတွေ၊အဆိုအမိန့် တွေ၊ စကားပုံတွေ ၊ ဆောင်ပုဒ်ေ တွရှိ ခဲ့ ကြပါတယ်။ အနာသိလျှင် ဆေးရှိ သည်။ ဆိုလိုတာက အနာရောဂါအမှန် ကိုသိလျှင် ကုစရာဆေးဆိုတာ ရှိတယ် လို့ ဆိုလိုဟန်ရှိပါတယ်။ ကဲ စာရှုသူ   '' အနာသိလျှင် ဆေးရှိသည် '' ဤ အရာကား ဆေးကု၍မရပါ '' ဒီစာ ကြောင်း ၂ ကြောင်းကြား ဘယ်လို နားလည် ရပါမလဲ။ ဘာတွေတွေ့ကြုံနေ ရပါသလဲ။ ဘာတွေ လက်တွေ့ ခံစား နေရပါ သလဲ။ ဘယ်အရာကို အမှန်ယူရ ပါမလဲ။ ဘယ်ဟာကို အတည်ပြုကြ ရပါမလဲ။ ဘယ်လို ..... ဘယ်လို .... ဘယ်လို .... နားလည် သဘောပေါက်ရပါမလဲ၊ကြည့်ရအောင်ပါ။သြင်္ကန်ကာလကျော်တစ်ရက်မှာအိမ်ကအိမ်ရှင်မဈေးကပြန်လာပါတယ်။ မောကြီးပန်း ကြီး ချွေးတွေ လည်း ပြန်လို့ပေါ့။စက်ဘီးပေါ်ကမဆင်းရသေး ဘူး နှုတ်ဖျား က ခေတ်သစ်ေ ဈးပြန် တောလား ရွတ်ဆိုသံက တစ်ပါတည်း ပါလာပါတယ်''အော်လူတွေများဘယ် တုန်းကတည်း က ဈေးတက်ချင်မှန်း မသိဘူး ၊ ဈေးတက်ဖို့ အရေး အခွင့်အခါ ကောင်း ကိုချောင်းပြီး နေလိုက်ကြတာအခုတော့သြင်္ကန်ကိုအကြောင်းပြ၊အခါကြီးရက်ကြီးဆိုတဲ့ အခွင့်အရေး ကိုမြိုတက်လိုက်တဲ့ ကုန်ဈေးနှုန်းလွန်ပါတယ်။ ကျွန်တော် က လေအေး ကလေး ဖြင့်ဘာတွေများ ဘယ်လောက် တက်လို့လဲ ကွာ ဆိုတော့ ငိုချင်ရဲ့ လက်တို့ဆိုတာလို ခေတ်သစ်ဈေးသွား တောလားကနေ ''အောင်မလေးရယ် တဲ့ ပြောရအုံး မယ်၊ ဖြစ်ကြောင်းရယ်ကုန်စင် စုံလင်အောင် နတ်သံနှောပါလို့''ဆိုတဲ့ ငိုချင်းရှည် ခန်းရောက်လာပါရောဗျာ။ ခရမ်းချဉ် သီး တစ်ပိဿာ၁၀၀ကျပ် - ၁၅၀ ကျပ် ကနေ အခု ၃၀၀ ကျပ်၊ ချဉ်ပေါင်ကို  ၁၀၀ ကျပ်ဖိုး ၅ စည်း ၆ စည်းကနေ အခု ၁၀၀ ဖိုး ၃ စည်း - ၄ စည်း၊ နံနံ ပင် ၁၀၀ ဖိုး ၃ စည်းကနေ အခု ၁ စည်း ၅၀ ကျပ်စသည် စသည့် ကြား ထဲမှာ ကျွန်တော်ကစကားဖြတ်ပြောပါ တယ်၊ဟဲ့ မအေရယ် နွေရာသီ ရောက်ပြီ လေကွာ...ဒီတော့အသီးအနှံတွေရှား လို့ စိုက်ပျိုးမရလို့ တက်နေတာနေ မှာပေါ့ကွာဆိုတော့ မိန်းမ မျက်စောင်း နဂါးမျက်စောင်းသာဆို ဒီစာတောင် ရေးနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆို တော့ ကျွန်တော်ပြာကျ သွားလောက် လို့ပါ။ တစ်ဆက်တည်း ဝက်သား တစ် ပိဿာ ၅၀၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၈၀၀၀ ကျပ်က နေ ၉၀၀၀ ကျပ်၊ ကြက်သား ဃဏ တစ်ပိဿာ ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်၊ ဒေသကြက် တစ်ပိဿာ ၇၀၀၀ ကျပ်မှ ၉၀၀၀ကျပ်၊ငါးသလောက် (မွေးမြူရေး) တစ်ပိဿာ ၄၀၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ ၁၂၀၀၀ ကျပ်ကနေ ၁၄၀၀၀ ကျပ်တက်သွားကြောင်းပြောပါတယ်။အခြားအခြားသောကုန်ပစ္စည်းတွေဈေးတက်ကြောင်း လည်း ပြောပါတယ် ။ကိုယ်မှတ်မိ၍ တင် ပြရတာပါ။ဒီနေရာမှာဆိုလိုချင်၊ ပြောပြ ချင်တာက နိုင်ငံတော်အပိုင်းက အခြေ အနေ အချိန်အခါ ကာလဒေသ တစ်ခု ရဲ့ အနေအထားအရ နိုင်ငံ့ဝန်ထမ်းများ ကို ထိုက်သင့်တဲ့၊ သင့်တော်တဲ့၊ ပေးနိုင် တဲ့အပိုင်းကနေ အတိုင်းအတာတစ်ခု တိုးမြင့်ပေးတာ၊ချီးမြှင့်ပေးတာ၊လစာများကိုပေးတယ်ပေါ့ဗျာ။တစ်ခါလျှပ်စစ်မီတာခတွေအတိုင်းအတာတစ်ခုအရ တိုးမြှင့်ကောက် ခံ တယ်။ ကောက်ခံရ တဲ့အကြောင်းအရင်းကိုလည်းဘာကြောင့် ဘယ်လိုဆိုတာကိုလည်း ရှင်းလင်း ပြော ပြ တယ်။ ဒါကို အကြောင်းပြလို့ ဈေးနှုန်း ကလည်း လိုက်တက်ချင်တယ်။ ဥပမာ မီတာခတွေ တက်တယ်။ လျှပ်စစ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ထုတ်လုပ်တဲ့ကုန်ပစ္စည်းဈေးတက်တယ် မှန်တာပေါ့။ ဒီကုန်ပစ္စည်းထုတ်လုပ်မှု အဆင့်ဆင့်မှာ လျှပ်စစ်ဓါတ်အားကို အသုံးပြုရတယ်။ လျှပ်စစ်မီတာခတက်လို့ ဒီကုန်ပစ္စည်း ဈေးတက်ရတယ်။ အကြောင်းအကျိုး ဆီလျှော်တယ်၊ တက်သင့်တယ်၊ ဒါက အမှန်တရား၊ တက်သင့်တက်ထိုက်လို့ တက်ရတာ ကြောင်းကျိုးဆီလျှော်တယ် လက်ခံ ရပါမယ်။ ဒီအပေါ်မှာ အပြစ် မတင်သင့်ပါဘူး။ဆက်နွှယ်ပတ်သက်လို့ ဆိုတာ ဆီလျှော်တယ်လို့ သုံးသပ် ရ မှာပါ။ဒါမှမဟုတ်ဘဲ''ညောင်ဦးက ကမ်း ပါးပြိုတာနဲ့ စပ္ပန္နဂိုရ်က နွားမပေါင်ကျိုး''တယ်ဆိုတာမျိုးလို၊''ဟိုနေရာမှာဘာဖြစ် လို့တဲ့ '' ''ဒီနေရာမှာ ဘာဖြစ်လို့တဲ့'' ဟို ဟာကြောင့် ဒီဟာကြောင့် ဒို့တစ်တွေ ညှိနှိုင်းပြီး ဈေးတက် လိုက်ကြရအောင်၊ ဘာဆိုင်ပါသလဲဘာမှမဆိုင်ပါ။သို့သော် ဘာကြောင့် ဘာပဲ ဖြစ်ဖြစ် ဖြစ်ခဲ့တဲ့ ကောလာဟလ အကြောင်းအရာတစ် ခုခုကို အကြောင်းပြလို့ ဈေးတက်သွား ခဲ့တာ မြန်မာပြည်မှာ မဆန်းတော့တဲ့ မထူးတော့တဲ့အကြောင်းအရာ တစ်ခုလို ဖြစ်နေ တာ၊ ဖြစ်ပြီးခဲ့ တာ၊ ဖြစ်နေဆဲ ပါ။ နောက်ဆက်ဖြစ်ဦးမှာ ဆိုတဲ့ အရာတွေ ဟာဖြစ်သင့်ဖြစ်ထိုက်ပါရဲ့လား၊ စဉ်းစား ကြစေလိုပါတယ်။ တော်သေးတာပေါ့။ ၁ လုံးရှုံးလို့၊ ၂ လုံး မပေါက်လို့၊ ၃ လုံး လွဲလို့ဆိုတာတွေကိုပါ အကြောင်းပြုပြီး၊ ဈေးများတက်ခဲ့ရင် စိတ်ကူးနဲ့တင် ရူး လောက်ပါ တယ်ဗျာ....။အခုဖြစ်စဉ် မှာစာအစကဖော်ပြခဲ့သလိုဝန်ထမ်းတွေ လစာတိုးလို့ မီတာခတွေ ဈေးနှုန်း တက်လို့ တစ်ပြိုင်တည်း ယှဉ်ပြီး၊ အခြား ကုန်ပစ္စည်းဈေးကတက်ချင်နေတယ်။ ဒါပေသိအခွင့်အခါကမပေါ်စောင့်နေရ တယ်။ ဒီအချိန် နှစ်ဟောင်းြံကင်း ကျန်၊ နှစ်သစ်ကူးပြောင်းသြင်္ကန်ကာလဆိုတာ ကြီးပေါ်လာတယ်။ အခါကြီးရက်ကြီး ဈေးပိတ် ကြမယ်။ ကုသိုလ်ပြု ကြမည် စတဲ့ အကြောင်းတွေနဲ့ ယှဉ်ပြီး သြင်္ကန် ကာလကတည်းကတက်လာတဲ့ဈေးပြန် ကျခြင်းမရှိတော့ပါဘူး။ တက်တဲ့လသာ တိုးတဲ့မီတာခမရကြသေးဘူး။မကောက်ရသေးပါဘူး။ ဒါပေမဲ့သက်ဆိုင်ရာဈေးနှုန်းများကတော့ကြေငြာရန်မလို၊ အမိန့် ထွက်ရန် မလို၊ရှင်းပြရန်မလိုဘဲတက်သွားကြပါပြီ။ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ကာတွန်း တစ်ပုဒ်ကို အမှတ်ရ မိပါတယ် ။သံဃာစင်ပေါ် ကဆရာတော် က တရားဟောတယ်။ အောက်က ဒါယိကာ၊ ဒါယိကာမများက တရားနာ တယ်။ ဆရာတော်က တရားနာ ပရိတ် သတ် အပေါင်း သူတော်ကောင်းတို့ ဇာတိရှိရင် မရဏရှိမယ်။ အဖြစ်ရှိရင် အပျက်ရှိမယ်။ အတက်ရှိရင် အကျရှိ တယ်။ သို့သော် အတက်ရှိပြီး အကျ မရှိတာကတော့ ကုန်ဈေးနှုန်းဟူ၍ မှတ်ယူကြစေကုန်သတည်း။ သာဓု ... သာဓု ... သာဓု သာဓုဆိုတဲ့အဓိပ္ပါယ်ဟာ ကောင်း လေစွလို့ ရပါတယ်။ ကျွန်တော်တို့ လည်း ကောင်းလေစွလို့ မခေါ်ချင် ဘူးလား။ သာဓုလို့ မဆိုချင်ဘူးလား။ ခေါ်ချင် ဆိုချင်တာပေါ့ဗျာ။ ဖော်ပြပါ ကာတွန်းထဲကလို အတက်ရှိပြီး၊ အကျ မရှိတာ။ ကုန်ဈေးနှုန်း ဟူ၍ မှတ်ယူကြ စေကုန်သတည်းကိုတော့ သာဓု မခေါ် ချင်ပါဘူး။ ကုန်ဈေးနှုန်း တက်တယ်။ ဘာ့ကြောင့်လဲ ...၊ တက်သင့်ရဲ့ လား ..၊မတက်သင့်ဘူးလား ...၊
 
တက်သင့်လို့ တက်တယ်။ လက် ခံရမှာပေါ့။ ဒါမှ မဟုတ်ဘဲ။ ဟို ကောလာဟလအကြောင်းပြ၊ဒီကောလာ ဟလ အကြောင်းပြ ဟိုကိစ္စ၊ ဒီကိစ္စ အရင်းပြုပြီး၊ ဈေးတက်တယ်ဆိုရင်တော့ဤအရာ ကား ဆေးကု၍ မရပါလို့ ပြောရတော့မှာ ပါ။ ဆေးကုလို့မရတဲ့ ဤအရာကိုအနာသိရင် ဆေးရှိတယ်ဆို တဲ့ နည်းလမ်းရှာပြီး၊ ရအောင်ကုပေး နိုင်တဲ့ဆေးကို ရှာတွေ့လို့ရှိရင် ကျွန် တော်တို့တစ်တွေစုပေါင်းပြီး၊ ကောင်း လေစွဆိုတဲ့ သာဓု လှိုင်လှိုင် မြိုင်မြိုင် ရင်ထဲ ကပါပါ နှလုံးသားထဲ က ထိထိ အားရဝမ်းသာခေါ်စမ်းချင်လှသဗျာ...