Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Thu, 05/08/2014 - 09:33 -- ydnar

 
အမေရိကန်ပြည်ထောင်စုက စီးပွားရေးကိန်းဂဏန်းတွေထုတ်ပြန်တဲ့အခါအလုပ်အကိုင်အခြေအနေကောင်းမွန် လိမ့်မယ်လို့တွက်ဆကြတဲ့အတွက်ဒီအခြေအနေကအာရှဒေသတွင်းရှိရှယ်ယာဈေးတွေကိုမြင့်တက်စေခဲ့သလိုအင်ဒိုနီးရှား  ရူပီးနဲ့တောင်ကိုရီးယားဝမ်တို့တန်ဖိုးမြင့်တက်ခဲ့ပါတယ်။

အဲဒီအခြေအနေလမ်းစဉ်အတိုင်းလိုက်ပါလာတဲ့ အာရှငွေကြေးေ တွ လည်း တန်ဖိုး မြင့်တက်ခဲ့ပါတယ်။
 
ဒါပေမဲ့ရင်းနှီးမြှုပ်နှံသူတွေက ယူကရိန်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေနဲ့ အကြမ်းဖက်မှုတွေကို အာရုံ စိုက် လျက်ရှိပါတယ်။ ဒီလိုပဋိပက္ခတွေ ကြီးထွားနေပေမဲ့ သူတို့က ထွန်းသစ် စအာရှငွေကြေးတွေကိုတော့ယခုအချိန် ထိ ထိခိုက်မှုမရှိသေးပါဘူး။ ယူကရိန်း တပ်ဖွဲ့တွေကစစ်ဆင်မှုတွေအကြီးအကျယ် ပြုလုပ်ပြီး နိုင်ငံရဲ့ အရှေ့ဘက်ကမြို့ တစ်မြို့ကိုသိမ်းဖို့ကြိုးစားနေတယ်။စစ်ဟယ်လီကော့ပတာတစ်စင်းပစ်ချခံရတယ်လို့ရုရှားလိုလားတဲ့ခွဲထွက်ရေး သမားတွေ က ပြောပါတယ်။
အမေရိကန်လယ်ယာ လုပ်ငန်းမှ အပဖြစ်တဲ့ လစာ စာရင်းတွေက ငါးလ အတွင်းအမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး အလုပ် လက်မဲ့နှုန်းက ကျဆင်းမဲ့ လက္ခဏာပြနေပါတယ်။ အမေရိကန် ရဲ့ စီးပွားရေးကိန်းဂဏန်းတွေက အမေ ရိကန်ဗဟိုဘဏ် ကဆောင်ရွက်နေတဲ့အတိုးနှုန်းမြှင့်တင်မှုတွေပြန်လုပ်လောက်အောင်ခိုင်မာမှုမရှိသေးဘူး ဆို ရင်ထွန်းသစ်စဈေးကွက်တွေ ကငွေကြေး တွေအများကြီးမကျဆင်းနိုင်တော့ပါဘူး လို့လေ့လာဆန်းစစ်သူတွေနဲ့ ကုန်သည် တွေကပြောပါတယ်။တရုတ်ယွမ်
တရုတ်နိုင်ငံရဲ့ ကုန်ချောထုတ်လုပ် မှုဝယ်ယူသူမန်နေဂျာများ အညွှန်းကိန်း (PMI) ဧပြီမှာ ၅၀ ဒသမ ၄ ရှိပြီး မတ်လမှာ ၅၀ ဒသမ ၃ ရှိခဲ့ကြောင်း ဘလွမ်းဘတ်စစ်တမ်းအစီရင်ခံစာမှာ မေ ၁ ရက်နေ့က ဖော်ပြထားပါတယ်။ အညွှန်းကိန်းနံပါတ် ၅၀ အထက်ဆိုရင် စီးပွားရေးတိုးတက်တဲ့သဘောရှိပါတယ်။ HSBCဘဏ်ကော်ပိုရေးရှင်း  ညွှန်းကိန်း ကဧပြီမှာစတုတ္ထမြောက်လ အဖြစ်ကျဆင်းခဲ့ပါတယ်။ ဒါကြောင့်စီး ပွားရေးကျဆင်းမှုဖြစ်လာမယ်ဆိုတဲ့ စိုး ရိမ်မှုတွေရှိခဲ့ပါတယ်။ တရုတ်ယွမ်ငွေ တန်ဖိုးကလည်း မေ ၂ ရက်မှာ သုည ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ် ဒေါ်လာ ကို ၆ ဒသမ ၂၅၉၃ ယွမ်နှုန်းရှိ ခဲ့ပါတယ်။အိန္ဒိယရူပီး ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေ ကအမေရိကန်ဒေါ်လာကို ရောင်းချ လာတဲ့အတွက် မေ ၂ ရက်မနက်ပိုင်းမှာ ရူပီးငွေကြေးတန်ဖိုးက ဘဏ်အချင်းချင်း နိုင်ငံခြားငွေဖလှယ်ရေးဈေးကွက်မှာ သုည ဒသမ ၁၁ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၆၀ ဒသမ ၂၀ ရူပီးနှုန်း ရှိခဲ့ပါတယ်။ မဟာရသျှတ္တရနေ့အဖြစ် ငွေကြေးဈေးကွက်တွေ မေ ၁ ရက်က ပိတ်ပါတယ်။ ပင်လယ်ရပ်ခြားဒေသ ဈေးကွက်တွေမှာ တခြားငွေကြေးတွေနဲ့ ဖလှယ်တဲ့အခါ ဒေါ်လာတန်ဖိုးမြင့် တက်မှုက ရူပီးတန်ဖိုးမြင့်တက်မှုကိုထိန်း ချုပ်ပေးခဲ့ပါတယ်။ဂျပန်ယန်း
အမေရိကန်အလုပ်အကိုင်ကိန်း ဂဏန်းတွေမထုတ်ပြန်မီ မေ ၁ ရက်နေ့ ကငြိမ်သက်နေတာကြည့်ရင် ဆောင်း ရာသီဒဏ်မှအမေရိကန်စီးပွားရေးလွတ်မြောက်ခဲ့တာကိုပြသခဲ့ပါတယ်။ယူရို/ဒါ်လာဖလှယ်နှုန်းက အ ပြောင်းအလဲမရှိ သလောက် နီးပါးဖြစ်ပြီး တစ်ယူရိုကို ၁ ဒသမ ၃၈၆၇ ဒေါ်လာ နှုန်းရှိပါတယ်။ ဂျပန်ဗဟိုဘဏ်က ဂျပန် စီးပွားရေးအလား အလာကို လျှော့ချခန့် မှန်းခဲ့ပြီး နောက်တစ်နေ့မှာ ယန်းငွေ တန်ဖိုးကျဆင်းခဲ့ပါတယ်။ မေ ၁ ရက်ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ ယန်းတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ ၁၀၂ ဒသမ ၁၉ ယန်းမှ ၁၀၂ ဒသမ ၃၀ယန်းသို့လည်းကောင်း၊ယူရိုနဲ့ဖလှယ်ရာမှာ ၁၄၁ ဒသမ ၇၃ ယန်းမှ ၁၄၁ ဒသမ ၈၉ ယန်းသို့ လည်း ကောင်းပြောင်းလဲခဲ့ပါတယ်။မလေးရှား မေ ၂ ရက်ညနေပိုင်းမှာ ထုတ်ပြန်  မဲ့အမေရိကန်အလုပ်လက်မဲ့ကိန်းဂဏန်း အခြေအနေကိုကြည့်ပြီး ငွေကြေးကုန် သည်တွေကငြိမ်နေတဲ့အတွက် ဈေးအ ဖွင့်အမေရိကန်နဲ့ ဖလှယ်ရာမှာ ရင်းဂစ် တန်ဖိုးမြင့်မားခဲ့ကြောင်း ဝယ်ရောင်းသ မားတွေက ပြောပါတယ်။ ရင်းဂစ်တန်ဖိုးက ဧပြီ ၃၀ ရက် ညနေငါးနာရီဈေးပိတ်ချိန်မှာ တစ်ဒေါ် လာကို ၃ ဒသမ ၂၆၄၅ ရင်းဂစ်နှုန်းရှိ ရာမှ မေ ၂ ရက်မနက် ၉ နာရီမှာ တစ် ဒေါ်လာကို ၃ ဒသမ ၂၆၁၅ ရင်းဂစ်နှုန်း ရှိခဲ့ပါတယ်။ တခြားငွေကြေးတွေနဲ့ ဖ လှယ်ရာတွင်မူ ရင်းဂစ်တန်ဖိုးကျဆင်းခဲ့ ပါတယ်။တောင်ကိုရီးယားဝမ် အမေရိကန်ကဝယ်လိုအားက မြင့် တက်လာတဲ့အတွက် တောင်ကိုရီးယား ပို့ကုန်လုပ်ငန်းက ဧပြီမှာ ၁၅ လအတွင်းအမြင့်ဆုံးအနေအထားကိုရောက်ခဲ့ပြီး ဝမ်တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒေါ် လာနဲ့ ဖလှယ်ရာမှာ ဝမ်တန်ဖိုးက ရက် သတ္တပတ်အလိုက်နှိုင်းယှဉ်ရင်အာရှမှာ ဦးဆောင်မြင့်တက်ခဲ့တယ်လို့ သွမ်မဆင် ရိုက်တာစာရင်းဇယားများအရ တွေ့ရ ပါတယ်။ ဝမ်ငွေကြေးတန်ဖိုးက တစ်ဒေါ် လာကို ၁၀၃၀ ဒသမ ၁ ဝမ်နှုန်းနဲ့ ခြောက်နှစ်အတွင်းအမြင့်ဆုံးကိုရောက် ရှိလာပြီးေ နာက် နိုင်ငံခြားငွေဖလှယ်ရာ မှာအစိုးရက ဝင်ရောက်စွက်ဖက်လာမှာ ကိုစိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ထိုင်းဘတ် ယခုရက်သတ္တပတ်အတွင်း မေ ၂ ရက်က အင်ဒိုနီးရှားရူပြားနဲ့ တောင်ကို ရီးယားဝမ်တို့က ဦးဆောင်ပြီး အာရှငွေ ကြေးတွေတန်ဖိုးမြင့်တက်ခဲ့ပေမဲ့ ထိုင်း ဘတ်ငွေကြေးက သုည ဒသမ  ၄ ရာ ခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာ ကို ၃၂ ဒသမ ၃၈၈ ဘတ်နှုန်းရှိခဲ့ပါတယ်။