Main menu

Background

သြင်္ကန်မိုးရေ တန်ခူးလေကြောင့် ကြွေခဲ့တဲ့ စပျစ်ရဲ့ လက်ရှိဈေးကွက်

Fri, 05/09/2014 - 04:49 -- ydnar

 

သြင်္ကန်မတိုင်မီ ဧပြီလ ၆ ရက်၊ ၁၂ ရက်၊ ၁၃ ရက်တွေက ရွာခဲ့တဲ့မိုးသီးကြောင့် ရမည်းသင်းမြို့နယ်၊ ကျေးရွာ ၂၄ ရွာက စပျစ်ခြံများထိခိုက်မှုများခဲ့ကြောင်းသိရပါတယ်။စိုက်ဧက ၂၂၀၀ မှာအသီးဧက ၄၀၀ နဲ့အပင်ဧက ၁၀၀ ခန့် ပျက်စီးခဲ့ပြီး၊ ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်း ၂၄၀၀၀ ခန့် ဆုံးရှုံးမှုရှိကြောင်း၊

စပျစ်သီးအစုအဖွဲ့ ဥက္ကဋ္ဌထံမှ သိရပါတယ်။ ဆုံးရှုံးမှု တန်ဖိုးအနေနဲ့ သြင်္ကန်မတိုင်မီ ဈေးကွက်ရှိပေါက်ဈေးနှုန်းအရ ပျက်စီးတဲ့ဧကနဲ့ အထွက်တန်များအရတွက်ချက်ကြောင်း သိရပါတယ်။ လက်ရှိ မန်းဈေးကွက်မှာ စပျစ်အဝင်ရှိပေမဲ့ အသီးမလှဈေးကျနေပြီး၊ စပျစ်သီးရဲ့ အခိုင်ပမာဏ၊ အလုံးအရွယ်အစား၊ အသီးရဲ့ လတ်ဆတ်မှုနဲ့ အရောင်အနေအထားနဲ့ အလေးချိန်ပေါ်မူတည်ပြီး ဈေးနှုန်းကွဲပြားမှု ရှိကြောင်းသိရပါတယ်။ No-3  (၃)ပိဿာဝင် တစ်ဖာကို ဈေးအမြင့်ဆုံး ၅၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် - ၂၅၀၀ ကျပ်နဲ့ B.Q ခေါ်  Black  Queen စပျစ်ကတော့ တစ်ဖာ ၇၅၀၀ ကျပ်ခန့်ရှိပြီး၊ အခွံထူ၊ အလုံးကြီး၊ အသီးချို အထားခံတဲ့အတွက် နယ်ကြိုက်ဖြစ်ကြောင်း လည်း သိရပါတယ်။ စပျစ်ခြံရှင်များအနေနဲ့ သြင်္ကန်မတိုင်မီ ဈေးနှုန်းအရ No-3 တစ်ဖာ ၅၄၀၀ ကျပ် - ၆၀၀၀ ကျပ်ရောင်းခဲ့ရသော်လည်း၊ ယခုလက်ရှိ မိုးသီးဒဏ်ခံ အသီးတစ်ဖာ ၂၄၀၀ ကျပ်နဲ့ မိုးသီးဒဏ်မခံရတဲ့ အသီးတစ်ဖာ ၃၆၀၀ ကျပ်ဈေးရှိပြီး၊ B.Q နဲ့ Big  Black  အသီးများ သြင်္ကန်မတိုင်မီကာလ တစ်ဖာ ၇၅၀၀ ကျပ်ဈေးနှုန်းရှိခဲ့ပြီး၊ လက်ရှိမှာဈေးကွက်သာရှိပြီး၊ ပစ္စည်းမရှိ ကြောင်း သိရပါတယ်။ မိုးသီးမကျခင် အခြေအနေအရ စပျစ်ကုန်ချိန် ပိဿာ ၃၀၀၀ မှန်းတဲ့ စပျစ်ခြံက ယခုပိဿာ ၂၄၀ ခန့်သာထွက်ရှိတဲ့အတွက် စပျစ်ခြံရှင်များဆေးဖိုးနဲ့ လုပ်သားခများ ဆုံးရှုံးတဲ့အပြင် နောက်တစ်သီး အတွက်ပါ အပင်နာသွားတာကြောင့် ကုမ္ပဏီမှ ဆေးဖိုးအကြွေးဆပ်ဖို့ အခက်အခဲများနဲ့ ရင်ဆိုင်နေရကြောင်းလည်း သိရပါတယ်။