Main menu

Background

KT ၏စောစီးစွာ အငြိမ်းစားယူခြင်းအစီအစဉ်အား ဝန်ထမ်း ၈၀၀၀ ကျော်လျှောက်ထား

Fri, 05/09/2014 - 06:28 -- ydnar

 
ကိုရီးယားသမ္မတနိုင်ငံ၏ အကြီးဆုံးတယ်လီကွန်းအော်ပရေတာ KT ၏ စောစီးစွာအငြိမ်းစားယူခြင်း အစီအ စဉ်အား ၎င်း၏ဝန်ထမ်း ၈၀၀၀ ဦးမှ လျှောက်ထားခဲ့သည်။ KT သည် ဝန်ထမ်းလျှော့ချခြင်းအစီအစဉ်ကို ၂၀၀၃ ခုနှစ် ကဆောင်ရွက်ခဲ့ရာ ယင်းကာလတွင် ၅၅၀၅ ဦးနှင့် ၂၀၀၉ ခုနှစ်တွင် ၅၉၉၂ ဦးတို့အား လျှော့ချခဲ့ဘူးသည်။

KT တွင် ဝန်ထမ်းလုပ်သက် ၁၅ နှစ်နှင့်အထက်ရှိသော ဝန်ထမ်း ၈၃၂၀ ဦးသည် ကုမ္ပဏီ၏ အငြိမ်းစားပေးခြင်း အစီအစဉ်ကို လက်ခံခဲ့ကြသည်ဟု သိရှိရသည်။ ယင်းတို့အနက်မှ ၆၉ ရာခိုင် နှုန်းသည် အသက် ၅၀ နှစ်နှင့်အထက် များဖြစ်ပြီး ကျန် ၃၁ ရာခိုင်နှုန်းသည် အသက် ၄၀ နှစ်နှင့်အထက်များဖြစ်ကြသည်။ ယင်းလျှောက်ထားသည့် ဝန်ထမ်းအားလုံးသည် ကုမ္ပဏီမှ ထွက်ခွာသွားပါက KTကုမ္ပဏီသည် ဝန်ထမ်း ၃၂၁၈၈ ဦးမှ ၂၃၈၆၈ ဦးသို့ လျော့ကျ သွားမည်ဖြစ်ပြီး ကျန်ဝန်ထမ်း များမှာ အသက် ၄၆ ဒသမ ၃ နှစ်နှင့် ၄၄ ဒသမ ၅ နှစ်ကြားတို့ဖြစ်ကြမည်။ ယင်းသို့အငြိမ်းစားအစီအစဉ် အားအများအပြားလျှောက်ထားခြင်းမှာ အငြိမ်းစားယူပါက အငြိမ်းစားလစာအပြင် လုပ်သက်ဆုကြေး ဝမ် ၁၇၀ မီလီယံအား ရရှိခံစားရမည်ဖြစ်ခြင်းကြောင့် ဖြစ်သည်။ KT ကုမ္ပဏီသည် ယင်းအစီ အစဉ်ကြောင့် တစ်နှစ်လျှင်လုပ်အားခ ဝမ် ၇၀၀ ဘီလီယံ သက်သာသွားမည် ဖြစ်သော်လည်း တစ်ကြိမ်တည်းဖြင့် ဝမ် ၁ ထရီလီယံခန့် သုံးစွဲသွားရမည်လည်း ဖြစ်သည်။ ကုမ္ပဏီသည် လစ်လပ်ဝန် ထမ်းနေရာများကို စာချုပ်ဖြင့် ခန့်ထား မည့်ဝန်ထမ်းများဖြင့် အစားထိုးသွား မည်ဖြစ်သည်။ (ကိုးကားချက် - Chosun llbo) ကိုရီးယားတွင် ဝန်ထမ်းများခန့် ထားရာတွင် အဆင့် ၃ ဆင့်ဖြင့်ခန့် ထားသည်ကိုတွေ့ရသည်။ ပထမအဆင့်မှာ အလုပ်သင်ဝန်ထမ်း (intern)  ၊ ဒုတိယအဆင့်မှာ  စာချုပ်ဝန်ထမ်း (contract)၊ တတိယအဆင့်မှာ အမြဲတမ်း ဝန်ထမ်း(Permanent)တို့ဖြစ်သည်။ သုံးလ၊ ခြောက်လအလုပ်သင်အဖြစ်ဖြင့်လည်းကောင်း၊ ထို့နောက် စာချုပ် တစ်နှစ်၊ နှစ်နှစ်ချုပ်ဆို၍ ခန့်ထားသည်။ အမြဲတမ်းဝန်ထမ်းအရေအတွက် အနည်းငယ်သာ ခန့်ထားကြသည်။ KT ၏ ရည်ရွယ်ချက်မှာစာချုပ်ဝန်ထမ်း ငယ်ငယ်ရွယ်ရွယ်များခန့်အပ်၍ ကုမ္ပဏီအားသွေးသစ် လောင်းသွားရန် ဖြစ်သည်။