Main menu

Background

ကိုရီးယားရှိ Morgan Stanley ဘဏ်အား တရားမဝင်ငွေချေးမှု မပြုလုပ်ရန်သတိပေး

Fri, 05/09/2014 - 06:48 -- ydnar

 
ကိုရီးယားနိုင်ငံအတွင်း နိုင်ငံခြားဘဏ်များ၏ လုပ်ငန်းများအပေါ်တား မြစ်မှုများဆောင်ရွက်နေဆဲကာလအတွင်း ဆိုးလ်ရှိ Morgan Stanleyဘဏ်ခွဲအား လုပ်ငန်းဆောင်ရွက်နေခြင်းမရှိသော စီးပွားရေးလုပ်ငန်းများ အပေါ်ငွေ ထုတ်ချေးခြင်းမပြုရန် ကိုရီးယားငွေကြေးအာဏာပိုင် FSSကတား မြစ်ထားသည်။ ၂၀၁၁ ခုနှစ်ကတည်းက Morgan Stanley ဘဏ်လုပ်ငန်း၏ Morgan Stanley Income Securities အားဆိုးလ်မြို့တွင် ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းနှစ်မှာပင်

Morgan Stanley သည် ဟောင်ကောင်တွင် ဘဏ်ခွဲတစ်ခုလည်းဖွင့်လှစ်ခဲ့သည်။ ဆိုးလ်မြို့ရှိ Morgan Stanley Income Securities သည် ချေးငွေခိုင် မာမှုဆန်းစစ်ခြင်းနှင့် အကျိုးအမြတ်မ ရှိသော ရင်းနှီးမြှုပ်နှံမှုများကို စစ်ဆေးခြင်းတို့ကို အမှန်တကယ်လုပ်ဆောင်နိုင် ခဲ့ခြင်းမရှိချေ။ FSS ၏အဆိုအရ ကုမ္ပ ဏီသည် ပုံစံမကျသောငွေလွှဲပြောင်းမှုများကြောင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ သန်းခန့်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ Morgan Stanley သည် FSS မှ ပြဋ္ဌာန်းထားသော ချေးငွေလုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ ယခင်နှစ်ကတည်းက FSS သည် ဆိုးလ်မြို့ရှိ နိုင်ငံခြားငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီခွဲများဖြစ်သော BNP Paribas,HSBC,1 Barclays, Deutsche Bank များကို မပြတ်စစ်ဆေးနေခဲ့ရာ ၎င်းကုမ္ပဏီများသည် ရင်း နှီးမြှုပ်နံှမှု ဆိုင်ရာငွေကြေးလွှဲပြောင်းမှုများကို လုပ်ထုံးလုပ်နည်းများအတိုင်း  ဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ရှိခဲ့ရသည်။ ယခုလအစောပိုင်းကလည်း the Bank of China ဘဏ်ခွဲသည် FSS အားသတင်းပေးပို့မှုမရှိဘဲ ဒေသဆိုင်ရာ ရုံးခွဲတစ်ခုဖွင့်လှစ်ခဲ့ခြင်းအပေါ် သတိပေးချက်ထုတ်ပြန်ထားခြင်းခံရသည်။ Goldman Sachs သည် FSS ၏ခွင့် ပြုချက်မယူဘဲ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဘိုးရှိ foreign bonds များကို ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ၂၀၁၃ ဧပြီလအတွင်း ရောင်းချခဲ့၍ FSS မှ သတိပေးချက်ထုတ်ပြန်ထားခဲ့သည်။ ကိုရီးယားအစိုးရဘဏ်တစ်ခုဖြစ်သော Industrial Bank of Korea မှ အရာထမ်းတချို့သည် ဝမ် ၁၅၀ သန်းအား မသင့်မလျော်သုံးစွဲခြင်းကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ယင်းအရာထမ်းများကို ထုတ်ပယ်ခဲ့သည်။ Kookmin Bank နှင့် Woori Bank များ၏ တိုကျိုဘဏ်ခွဲများမှ ဥပဒေအရ တားမြစ်ထားသော ချေးငွေများထုတ် ချေးမှုကိုလည်း FSSက စစ်ဆေးတွေ့ ရှိထားသည်။