Main menu

Background

အခွန်ကင်းလွတ်ခွင့်ရရှိသည့်စီးပွားရေးနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုများမြင့်တက်ခြင်း

Fri, 05/09/2014 - 08:49 -- ydnar

 

ကိုရီးယားဗဟိုဘဏ်၏ ကြာသပတေးနေ့က ထုတ်ပြန်ချက်အရ သက်ဆိုင်ရာအစိုးရက အခွန်ကင်းလွတ်သက်သာ ခွင့်ပေးထားသော လုပ်ငန်းများသို့ ကိုရီးယားကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု များမြင့်တက်နေကြောင်း သိရှိရသည်။ Cayman Island,Bermuda,the British Virgin Islands, နှင့် Labuan (Malaysia) စသည့်ဒေသများတွင် ကိုရီးယားကုမ္ပဏီများသည် စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်ဘွန်းများစသည့် ရင်းနှီးမြှုပ်နှံမှု ပုံစံများဖြင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၃ ခုနှစ်က ဒေါ်လာ ၂ ဒသမ ၆၆ ဘီလီယံရှိခဲ့ရာ ၂၀၁၂ ခုနှစ်ကထက် ၆၄ ဒသမ ၂ ရာခိုင်နှုန်းတိုးသွားခဲ့သည်။ အထူးသဖြင့် Cayman Islands တွင် ၂၀၀၉ ခုနှစ်က ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၇၀ မီလီယံသာ ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် တွင် ၂ ဒသမ ၅၁ ဘီလီယံအထိရှိလာခဲ့သည်။