ဘိုးဘွားတို့အမွေကို ဈေးကွက်တင်ရောင်းချလိူပါလျှင်

ချစ်သောမြေမှ ဘိုးဘွားတို့အမွေ

 
 
 
 
 
သဘာဝသယံဇာတနှင့် ပတ်သက်သည့် အကြောင်း စဉ်းစားနေစဉ် နိုင်ငံတော်သီချင်းတွင်ပါရှိသည့် စာသားများ ထဲမှ ''---ဒို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ၊ ဒါဒို့မြေ၊ ဒါဒို့ မြေ၊ ဒို့ပိုင်တဲ့မြေ''

ဟူသောစာသားကို သတိရမိ သည် ။မြန်မာနိုင်ငံ ဟူသောမြေပိုင်နက်၊ရေပိုင်နက်၊လေပိုင် နက်နေရာများ၊ထိုနေရာများတွင် တည်ရှိကိန်းအောင်းနေသော အရာများ အားလုံး  သည်လက်ရှိနိုင်ငံသူနိုင်ငံသားများအားလုံးအတွက်ရှေးမြန်မာဘိုးဘွားတို့ချန်ရစ်ခဲ့သောအဖိုးတန်အမွေများဖြစ်သည်။ နိုင်ငံသူနို င်ငံသားများဘဝရပ်တည်မှုအတွက်လည်းအရေးကြီး၏။ ထို့ကြောင့်နိုင်ငံသူနိုင်ငံသားများ အားလုံးချစ်မြတ်နိုးစွာ ထိန်းသိမ်း စာင့်ရှောက်ရမည်။အမြော်အမြင် ရှိရှိဖြင့် အကျိုးရှိစွာအသုံးချတတ်ရမည် သာဖြစ်သည်။ ယခုခေတ် ကာလ နိုင်ငံသားများ သက်တမ်း ကုန်လွန်ခဲ့သော်ရှေ့ဘိုးဘွားတို့ကဲ့သို့ပင် အနာဂတ်တွင်ဖြစ်ပေါ်လာမည့်သားမြေးမြစ်တီတွတ်၊ အနာဂတ်မျိုးဆက် တို့ အတွက်လည်းကောင်း အမွေအဖြစ်ဆက်လက်ချန်ရစ် နိုင်စွမ်း ရှိနေရမည်ဖြစ်သည်။ အနာဂတ် မျိုးဆက်တို့ အသက်ရှင် ရပ် တည်မှု အတွက်လည်း ဆက်လက်အသုံးတည့်နေဖို့လိုသည်။
 
သဘာဝသယံဇာတဆိုသည်မှာ ကမ္ဘာကြီးဖြစ်တည်ချိန်ကတည်းကသဘာဝအလျောက်တည်ရှိနေသောအရာ များ ဖြစ်ပြီးနိုင်ငံတစ် နိုင်ငံ၏ နယ်နိမိတ် တည်ရာကို မူတည်၍ သက်ဆိုင်ရာ နိုင်ငံတို့က ပိုင်ဆိုင်ခွင့်ရကြသည်။ ရှေး ဘိုးဘွား ဘီဘင်တို့ သဘာဝသယံဇာတတို့ကို ဖျက်ဆီးခဲ့ပါလျှင် ၎င်းင်းတို့ ဖျက်ဆီးခဲ့သလောက် နှောင်းလူမျိုးဆက်သစ်တို့ ပျက်စီးမှု များနှင့်ကြုံရ၍အကျိုးမဲ့ဖြစ်ကြရလိမ့်မည်။စနစ်တကျအသုံးပြု၍ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါကမျိုးဆက်သစ်တို့စိတ်လက်ချမ်းသာစွာ အပြည့်အဝသုံးစွဲနိုင်ခွင့်ရပေမည်။ရှေးလူတို့အပြုအမူများ၏သက်ရောက်မှုအတိုင်းနှောင်းလူတို့ခံစားရမည်။ယခု မြန်မာနိုင်ငံသား တို့ အပြည့်အဝအသုံးချခွင့်ရနေသည့်သဘာဝသယံဇာတများဆိုသည်မှာရှေးမြန်မာဘိုးဘွားတို့လက်ဆင့်ကမ်း သမျှရနေခြင်း သာဖြစ် သည်။ အဘိုးအဘွား တို့အမိအဖတို့ချန်ရစ်ထားခဲ့သောထိုအမွေများသာဖြစ်ပေ သည်။အခမဲ့ကုန်စည်မှ ရှားပါးကုန်စည်
သတ္တဝါနှင့် သဘာဝတရားတို့ သည်အပြန်အလှန်သက် ရောက်မှု အားကောင်းသော အနီးကပ်ဆုံး အိမ်နီးချင်းများဖြစ် သည်။သဘာဝတရားပျက်စီးခဲ့လျှင်သတ္တဝါများထိခိုက် ပျက်စီးရသကဲ့သို့ သတ္တဝါများ ပယောဂကြောင့်လည်း သဘာဝတရား ကိုထိခိုက်တတ်လေသည်။သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များသည် သတ္တဝါများ ရှင်သန် ရပ်တည်နိုင် ရေး အကျိုးပြုသကဲ့သို့ သတ္တဝါများအပြုအမူများသည်လည်း သဘာ ဝပတ်ဝန်းကျင်၊ အရင်းအမြစ်များကို အကျိုးပြုနိုင် သည်။ ထို့ကြောင့် သတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်တို့သည်အပြန်အလှန်အကျိုးပြုရင်းသဘာဝကျကျရပ်တည် နေသည် ဟု ယေဘုယျ အား ဖြင့်ဆိုနိုင်သည်။ သို့သော်ကမ္ဘာ ပေါ်ရှိ သတ္တဝါများအနက် သဘာဝတရားကို အကျိုးပြုမှု နည်းပြီး ၎င်း၏အကျိုးစီးပွားအတွက် သဘာဝတရားကို အသုံးပြုမှုအများဆုံးပြုလုပ်သောသတ္တဝါမှာ ''လူသား''ဖြစ် သည်။''လူ''သည်ကမ္ဘာပေါ်တွင် ရပ်တည်နေထိုင်သော သတ္တဝါများ အနက်အသိဉာဏ်အမြင့်ဆုံးဖြစ်ပြီး''အတ္တ''ဖန်တီးမှုတွင်လည်းစွမ်းရည်အလွန်ထက်မြက်သည်။ ထိုစွမ်း ရည်တို့ဖြင့် ကမ္ဘာကြီးမှ သဘာဝသယံဇာတမျိုးစုံကိုလည်း ထုတ်ယူအသုံးပြုသည်။ လူသားတို့၏ အသိဉာဏ်မြင့်မားမှု၊ စွမ်းဆောင် ရည်ကောင်းမွန်မှု တို့သည် ရေရှည်ကာလ၌ ကမ္ဘာကြီးကို အထိနာစေနိုင်သည်မှာသေချာသော အချက်ဖြစ် နေသည်။ ယခင်ကအခမဲ့ကုန်စည် ဟုခေါ်ကြသော သဘာဝသယံဇာတတို့သည် ယခုအခါရှားပါးကုန်စည်ဖြစ်လာ သည်။ ဘောဂဗေဒသမားတို့ ကမူ စီးပွားရေး ကုန်စည်ဟုအမည်တပ်သည်။ ဤသို့ဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်တက်လာသောခေတ်မီကမ္ဘာကြီးထဲတွင်သဘာ၀ သယံဇာတတို့မှာဈေးကွက်ဝင်အဖိုးတန်ရောင်းကုန်များဖြစ်လာကြသည်။ထိုသို့ဖြစ်လာ ရခြင်းမှာလူသားများ က၎င်းတို့ အသက်ရှင်ရပ် တည်မှု အတွက် ကမ္ဘာကို မှီခိုရခြင်းကြောင့်သာဖြစ် သည်။ သို့သော် လူသားတို့တွင်အတော မသတ်နိုင် လိုအင်ဆန္ဒများရှိနေပြီး သဘာဝသယံဇာတတို့ မှာ အကန့်အသတ် ဖြင့်ရှိနေသဖြင့် အချိန်ကာလကြာမြင့်လာ သည်နှင့် အမျှ ပေါများခဲ့သော သဘာဝသယံဇာတများရှားပါးခြင်းဖြစ်လာနိုင်သည် မှာ အလေး ထားဆင်ခြင်စ ရာ ဖြစ်လာ သည် ။ ရေရှည်တွင်သဘာဝသယံဇာတပစ္စည်းတို့သည် ရှားပါးကုန်စည် ဖြစ်လာမည်မှာ မလွဲမသွေပင်။ နိုင်ငံတစ်နိုင်ငံသည် ၎င်း ပိုင်နက်နယ်မြေအတွင်းရှိသဘာဝသယံဇာတများကိုဘုံပိုင်ပစ္စည်းအဖြစ် စနစ်တကျခွဲဝေသတ်မှတ်ခြင်း၊ သုံးစွဲခြင်းတို့ပြုလုပ်ကြရ သည်။ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဈေးကွက်ဝင်ပစ္စည်း များအဖြစ် ရောင်းချနိုင်ရေးစီစဉ်ကြရသည်။ သဘာ၀ သယံဇာတတို့သည် လူဦးရေများပြားလာလေလေ ရှားပါး၍ တန်ဖိုး ကြီးစီးပွားရေး ကုန်စည်များဖြစ်လာသည်ကိုလည်း နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို အလေးအနက်ထားပါက သတိရှိရှိ ဖြင့် ရှုမြင်ထားရန် လိုအပ်လာသည်။သဘာဝသယံဇာတအကြောင်း ကကြီး ခကွေး သဘာဝသယံဇာတ အမျိုးအစားနှင့်ပတ်သက်၍ သုတေသီတချို့၏ ခွဲခြားထားပုံမှာ စိတ်ဝင်စားဖွယ်ကောင်း ၏ ။ မြေယာသယံဇာတ၊ မြေအောက် သယံဇာတ၊ လေသယံ ဇာတ၊ ရေသယံဇာတနှင့် သစ်တောသယံဇာတဟူ၍ ရှိ သည် ဟုဆိုသည်။ မြေအောက်သယံဇာတတွင် မြေမျက်နှာပြင် အနိမ့်အမြင့်ပေါ်တွင်ရှိနေသည့် မြေတမျိုးတစားအားလုံး အကျုံးဝင် သည်၊မြေအောက်သံယံဇာတတွင်မြေမျက်နှာပြင် အောက်ရှိ ကျောက်မျက်ရတနာများအပါအဝင် သတ္တုတွင်း ထွက်များရေနံ၊ သဘာဝဓာတ်ငွေ့စသဖြင့် မြေအောက်တွင် တည်ရှိနေသမျှပါဝင်သည်။ လေသယံဇာတတွင် တိုက်ခတ် နေသည့်လေ၊ မိုးရွာသွန်းမှု၊ နေရောင်ခြည်တို့အပြင် ညအချိန် သာသည့်လရောင်ပင်ပါဝင်သည်ဟုဆိုကြသည်။ ရေနှင့် ပင်လယ် သယံဇာတ များတွင် မြေမျက်နှာပြင်အနိမ့်၊ ချိုင့် ဝှမ်း၊ မြစ်ချောင်းတို့တွင်ရှိသည့် ရေအရင်းအမြစ်များအားလုံးကို ရည် ညွှန်းပြီး သစ်တော သယံဇာတတွင်မူ တောကြီးမျက်မဲ တွင် ကျင်လည်ကျက်စားနေရသော သားရဲတိရစ္ဆာန်များ၊ သစ် တောတွင်းရှိ အပင်ငယ်၊ အပင်ပု၊ ဆူးခြုံပင်မှစ၍ သစ်ပင်ကြီး ငယ်အားလုံး အကျုံးဝင်သည်။ နိုင်ငံတစ်နိုင်ငံလူ့အဖွဲ့ အစည်း တစ်ရပ်အနေဖြင့် ၎င်းင်းတို့ အသက်ရှင်ရပ်တည်နိုင်စွမ်းကို ပံ့ပိုး ပေးနိုင်ရုံမျှမက စီးပွားဖြစ်ရောင်းဝယ်ဖောက် ကားနိုင်ရေး အတွက် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတတို့၏ အရေးပါမှုကို အသိအမှတ်ပြုရန်လိုသည်။ အမြော်အမြင်ကြီးကြီးဖြင့် ဈေးကွက်တင်မှသာ
ကမ္ဘာပေါ်တွင် သဘာဝသယံဇာတပစ္စည်းများ ရောင်းချ ခြင်းဖြင့် ကြီးပွားချမ်းသာနေကြသည့် နိုင်ငံများစွာရှိနေ ပြီဖြစ် သည်။ အကြမ်းထည်တင်ပို့ရောင်းချခြင်းထက်စက်ကိရိယာများဖြင့်ပြုပြင်ပြီးကုန်ချောအဖြစ်ရောင်းချခြင်းမှာပို၍ အမြတ် အစွန်းရလာနို င်ကြောင်း ကိုလည်းကောင်းစွာသဘောပေါက် နေကြ ပြီ။ ယနေ့အချိန်အခါတွင် ကမ္ဘာ့ဈေးကွက်ထဲ၌ နည်း ပညာအဆင့်မြင့် ထုတ်ကုန်တို့ပိုမိုနေရာယူလာကြသည့်တိုင်သဘာဝသယံဇာတထုတ်ကုန်များသည်လည်းယခင်ကာလများကထက် ပိုမိုအရေး ပါလျက်ရှိလာနေကြသည်။ သဘာ၀ သယံဇာတထုတ်ကုန်များကိုသာ နိုင်ငံ တကာဈေးကွက်များ ထဲသို့တင်ပို့ရောင်း ချနေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့်မိမိတို့ဈေးကွက်တင်မည့် သဘာဝသယံဇာတများကို ပြန်လည်ဖြည့် စွမ်းနိုင်သော သယံဇာတအမျိုးအစားဖြစ်သလော၊ ပြန်လည်ဖြည့်စွမ်းနိုင်စွမ်းမရှိသောအမျိုးအစားလော၊ ခွဲခြားကြည့် တတ်ရန်လို အပ် သည်။ ပြန်လည်ဖြည့် စွမ်းနိုင်သော သယံဇာတဖြစ်ပါက ထုတ်ယူသုံးစွဲပြီးနောက် လျော့ပါးသွားသော စွမ်းအင်များ အသစ်ပြန် လည်ဖြစ် ထွန်းလာသဖြင့် ကုန်ခမ်းသွားမည်ကို စိုးရိမ်စရာမလိုပေ။ ပြန်လည်ဖြည့်စွမ်း နိုင်စွမ်း မရှိသော သယံဇာတဖြစ်ခဲ့ပါက အသစ်ပြန်လည် ဖြစ်ထွန်းမှု မရှိဘဲ တဖြည်းဖြည်းကုန်ခန်းသွားတတ်သဖြင့် အနာဂတ် မျိုးဆက်တို့၏ အကျိုးကိုကြိုတင် စဉ်းစား ၍ကုန်သွယ် ရောင်း ဝယ်မှုတွင် သတိလက်ကိုင်ပြုဆောင်ရွက်ရန်လိုသည်။ ပြန် လည်ဖြည့်စွမ်းနိုင်စွမ်းမရှိသော သယံဇာတများ သည်အချိန်ကာလတစ်ခုတွင်ကုန်ဆုံးမည်ဟုအသေအချာသိထားသောအရာများ(KnownStock) ဖြစ်သဖြင့် ပေါများစွာထွက်ရှိ  ရောင်းချနိုင်သည့် အချိန်အခါမျိုးတွင်မှာပင်ရှားပါးသော ကုန်စည်အဖြစ်သဘောထားရန်လိုသည်။ ထိုပို့ကုန်များ နှင့် ပတ်သက်၍ ထုတ်လုပ်မှု ၊ပြည်တွင်းသုံးစွဲမှု၊တင်ပို့ရောင်းချမှု၊ နိုင်ငံတကာထုတ်လုပ်မှု၊သုံးစွဲမှု၊ ကမ္ဘာ့ဈေးကွက်အနေအထား၊  နိုင်ငံ၏ မေခရိုစီးပွားရေး အခြေအနေများနှင့်ပါ ဆက်စပ်စဉ်းစားတွက်ဆသင့်သည်။ ထိုအခြေအနေများပေါ်အခြေခံ၍ လက်ရှိဈေးနှုန်း၊ အနာဂတ်ဖြစ်နို င်ချေဈေးနှုန်း တို့ကို ချင့်ချိန်၍ လုပ်ကိုင်ရန်လည်းလိုသည်။
အခြေအနေအရပ်ရပ်ကို တာဝန်ရှိသူများ၊ ခေတ်မီ အမြင်ကျယ်သော နိုင်ငံသားများသိနှင့်ပြီးသား ဖြစ်ပေလိမ့် မည်။ စာရေးသူ၏ ရင်တွင်းဖြစ်ပေါ်လာသောစိတ်ခံစားမှုကို မျှဝေခြင်းသာ ဖြစ်ပေသည်။ ရှေးနှစ်ပေါင်းများစွာက တည်းက ဘိုးဘွားတို့ ကချန်ရစ်ခဲ့သောဤမြေ၊ ဤရေ၊ ဤလေနှင့် ပတ်သက်နေသည့် သဘာဝသယံဇာတများသည် နိုင်ငံသား များအားလုံး ဘုံပိုင်ဆိုင်သည့် နိုင်ငံ့အသွေးအသား၊ အတွင်း ကလီစာ များသဖွယ်ပင်ဖြစ်၏။ အမွေအနှစ်များ ဟုခေါ်ခေါ်၊ အတွင်း ကလီစာ များဟုပင်ပြောပြောထိုအရာများကိုနိုင်ငံဝင်ငွေအတွက်ဈေးကွက်တင်ရောင်းချနေခြင်းဖြစ်သဖြင့်စီးပွားရေးဖွံ့ဖြိုးမှု အတွက် နှလုံးေ သွးနှင့် ရင်းနေရခြင်းဟုသာ ကောက်ချက်ချမိခဲ့ပါလျှင်-----။