Main menu

Background

ပထမဦးဆုံးအကြိမ် မြန်မာ့သရက်သီးပွဲတော် ၂၀၁၄ (Myanmar Mango Festival 2014) ကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း တက်ရောက်ကြည့်ရှုအားပေး

Mon, 05/12/2014 - 08:03 -- ydnar

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တို့ ၏ကြီးကြပ်မှု၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများ အသင်း၊ သရက်အစုအဖွဲ့(ဗဟို)နှင့်

ဂျာမန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု(GIZ)တို့၏စီစဉ်မှုဖြင့်မြန်မာ့သရက်သီးပွဲတော်၂၀၁၄ (Myanmar Man-go Festival 2014)ကိုဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်း ရှိ ရွှေပုစွန်အအေး နှင့်ကိတ်မျိုးစုံခြံဝန်း၌မေလ ၁၀ရက်နေ့ က ကျင်းပခဲ့ သည်။
 
အဆိုပါမြန်မာ့သရက်သီးပွဲတော်သို့ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းနှင့်တာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေး ခဲ့ကြေ ကြာင်းသိရသည်။ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းကသစ်သီးဝလံစိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ငန်းရှင်ကြီးများ ရ င်းနှီးမြှုပ်နှံချင်လာအောင်လွန်ခဲ့သော၆နှစ်ခန့်ကအားပေးတိုက်တွန်းခဲ့ကြောင်း၊မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့်ဟင်း သီးဟင်း ရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းကိုလည်း ဖွဲ့စည်း နိုင်ခဲ့သလို သရက်သီးအစုအဖွဲ့ကိုလည်း ဖွဲ့စည်းပေးနိုင် ခဲ့ကြောင်း၊ ထို့ပြင်Supply Chain တစ်ခုလုံး ဖွံ့ဖြိုးတိုးတက် အောင်အားပေးကူညီခဲ့ကြောင်း၊ ယနေ့ ပြုလုပ်သည့် သရက် သီးပြပွဲနှင့်ဆွေးနွေးပွဲများကစိုက်ပျိုးထုတ်လုပ်သူများ၊ပြည်တွင်းရောင်းဝယ်ဖောက်ကားသူများ၊တန်ဖိုးမြှင့်ထုတ်လုပ်သူများ၊ ပြည်ပ တင် ပို့သူများစသည့်သရက်သီးနယ်ပယ်၏ အဓိကလုပ်ငန်းလုပ်ဆောင်သူ (Key Player) များကို စုစည်းဖော်ထုတ်ပြီး ကဏ္ဍ တစ်ရပ်လုံးဖွံ့ဖြိုးတိုးတက်ရေး အတွက်အနာဂတ်မဟာဗျူဟာများရေးဆွဲ ၍အကောင်အထည်ဖော်ဆောင်ရွက်နိုင် သည်အထိ ဆက်လက်လုပ်ဆောင်ကြ စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ သည်။
အဆိုပါမြန်မာ့သရက်သီးပွဲတော်ကိုသရက်အရည်အသွေးမြှင့်တင်ရန်၊ပြည်တွင်း၊ပြည်ပဈေးကွက်မြှင့်တင်ရန်၊သရက်စိုက်တောင် သူများအား နည်း ပညာနှင့်ဈေးကွက်သတင်းအချက်အ လက်ဖြန့်ဝေချိတ်ဆက်ပေးရန်၊ ပြပွဲ၊ ပြိုင် ပွဲ၊ ဆွေးနွေးပွဲများမှရရှိသည့် စံပြမျိုးကောင်းမျိုးသန့်များကိုမှတ်တမ်းတင်ရန်၊ဖြန့်ဝေရန်၊မြန်မာနိုင်ငံ၏ပြည်ပ ပို့ကုန် တော်ဝင်သီးနှံ အဖြစ် အောင်မြင်ဖြစ် ထွန်း ရန်၊ သရက်သီး အရည်အသွေးမြင့်သည့်အလျောက် သရက်စိုက်တောင်သူ များ၏ဘ၀ ကို မြှင့်တင်ရန်ဟူသည့်ရည် ရွယ်ချက် များ ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါသရက်သီးပွဲတော်ကိုမေလ၁၀ရက်နေ့မှ၁၂ရက်နေ့အထိကျင်းပခဲ့ရာသရက်သီးမျိုးကောင်းမျိုးသန့်များပေါ်ထွက်လာစေရေး ၊မြန်မာ့သရက်များ  ထိန်းသိမ်းစုစည်းနိုင်ရေးသာမက သရက်စိုက်တောင်သူများအား အကျိုး များစွာဖြစ်ထွန်းစေ မည့် ခေတ်မီ သရက်စိုက်နည်းပညာများနှင့်ပတ်သက်သည့်စာတမ်း၁၈စောင်ကိုပြည်တွင်းပြည်ပပညာရှင်များကတက်ရောက်ဖတ်ကြား   ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင်အထူးအစီအစဉ်အနေဖြင့်ပြပွဲ၊ပြိုင်ပွဲ၏နောက်ဆုံးနေ့တွင်ဒေသအသီးသီးမှပြိုင်ပွဲဝင် သရက်များအား လေလံတင်ရောင်း ချ ၍ ရရှိလာသည့်ငွေ များကိုမျက်မမြင်ကျောင်း၊မိဘမဲ့ကျောင်း များသို့ခွဲဝေလှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါသရက်သီးလေလံပွဲသည်မြန်မာနိုင်ငံ၏ပထမဆုံးလေလံပွဲဖြစ်သကဲ့သို့ကမ္ဘာပေါ်တွင်ဒုတိယမြောက် လေလံပွဲဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ပထမဆုံးသရက်သီးလေလံပွဲတော်ကိုအမေရိကန်နိုင်ငံ၊မီယာမီမြို့တွင်နှစ်စဉ်ဇူလိုင်လ၌ပြုလုပ်သည့်သရက်သီးပွဲတော်ဖြ စ်ကြောင်းသိရသည်။ယင်းသရက်သီးပြပွဲတွင်မြကျောက်၊ ရွှေဟင်္သာ၊ စိန်တလုံး၊ ရင်ကွဲ၊ ပတ္တမြား ငမောက်စသည့် မျိုးကောင်းမျိုးသန့် သရက်သီး များ ကို ပြိုင်ပွဲဝင်များက ပြသ ၍ ပြိုင်ပွဲဝင်ခဲ့ကြကြောင်း သိရသည်။
''သရက်သီးပြပွဲပြိုင်ပွဲကိုပြသတဲ့ အတွက်မမြင်ဖူးတဲ့သရက်သီးမျိုးတွေကိုမြင်တွေ့ကြရတယ်။တချို့ဆိုရင်သြစတြေးလျက လာတဲ့ သရက်သီးမျိုးတွေကိုခုမှမြင်ဖူးကြတယ်။ ဈေးကွက်မှာရော ဘယ်လိုမျိုးသွားနေလဲ၊ စိုက်ရင်ရော ဘယ်လိုအကျိုးအမြတ် ရမလဲ ဆိုတာမျိုးတွေဖြစ်လာတယ်။ဈေးကွက်သမားတွေကလည်းနိုင်ငံခြားကိုတင်ပို့ဖို့အတွက် စိတ်ကူးလာကြတယ်။တောင် သူတွေ ကလည်းဒါကိုစိုက်ရင်ဘယ်လိုအကျိုးအမြတ်ရမလဲဆိုတာကိုမြင်လာကြတယ်။နိုင်ငံခြားကကုန်သည်တွေလည်းရောက် လာကြ တဲ့အတွက် သူတို့ လိုချင်တဲ့မျိုးတွေကိုလည်း လက်တွေ့ ကျကျလေ့လာခွင့်ရတယ်'' ဟု မြန်မာ နိုငငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများအသင်းမှ အတွင်းရေးမှူး ဒေါ် နီလာဦးက ပြောကြားခဲ့သည်။