Main menu

Background

မာစီဒီးဘင့်ဇ်ကား အရောင်းပြခန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့် တက်ရောက်ချီးမြှင့်

Mon, 05/12/2014 - 08:38 -- ydnar

 

မာစီဒီးဘင့်ဇ်ကားအရောင်းပြခန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ၇ မိုင်ခွဲရှိ အဆိုပါအရောင်းပြခန်းနေရာ၌ မေလ ၈ ရက်နေ့ညနေရး၄၅ အချိန်ကကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး

ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဝန်ကြီးများ၊ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
 
ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှအမှာစကားပြောကြားရာတွင် နိုင်ငံတော် ၏မော်တော်ယာဉ် တင်သွင်းမှုမူဝါဒသစ်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အိုယာဉ်ဟောင်းလဲလှယ်သည့်ကားအရောင်း စင်တာများ ဖွင့်လှစ်ခွင့်ပြုခဲ့သည့်အပြင် ယခုလို Branded Show Room  များကို လည်း ဖွင့်လှစ်ခွင့်ပြု၍ ပြည်သူ များ အဆင့်မြင့် ကားများ ကို မိမိစိတ်ကြိုက်ဝယ်ယူစီးနင်နိုင်အောင်ဆောင်ရွက်ပေးနေပါကြောင်း၊ တိုးတက်များလာသည့် ယာဉ်စီးရေနှင့် ယာဉ်ကြော ပိတ်ဆို့မှုသက်သာအောင်လမ်းတံတားအခြေခံအဆောက်အဦးများကိုလည်းတိုးချဲ့တည်ဆောက်ပေးနေသလိုယာဉ် စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းမှုအပိုင်းကိုလည်းတိုးမြှင့်ကြပ်မတ်ဆောင်ရွက်နေပါကြောင်း၊ယခုလိုနိုင်ငံတကာမှအရည်အသွေးမြင့်မား သည့်မာစီဒီးဘင့်ဇ်ကဲ့သို့ကားအရောင်းပြခန်းများလာရောက်ဖွင့်လှစ်ခြင်းဖြင့်မိမိတို့ပြည်သူ များနိုင်ငံတကာ အဆင့်မီ အရည်အေ သွး မြင့်ကားများကို စိတ်ကြိုက်ဝယ်ယူ သုံး စွဲနိုင်သည့် အခွင့်အလမ်းများ ရရှိနေပြီ ဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှု ကိုလည်းပြသရာရောက်ပါကြောင်းပြော ကြားသည်။
ပြည်ထောင်စုဦးဝင်းမြင့်မှအမှာစကားပြောကြားရာတွင်နိုင်ငံအနေဖြင့် နုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ ကို ဖြေလျော့ပေး လိုက်တဲ့ အချိန်မှစပြီး နိုင်ငံခြားရင်းနှှီးမြှုပ်နှံမှုများ၊ စီမံကိန်းများ အလုံးအရင်း ဝင်ရောက် လာတာကို တွေ့ရပါကြောင်း၊ အခုချိန် အတွင်းမှာလည်းတခြားနိုင်ငံအသီးသီးမှာရှိတဲ့ကုမ္ပဏီတွေဟာမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုပြုရန်မိမိတို့နှင့်ဆက်သွယ် ဆောင်ရွက် နကြပြီးနိုင်ငံခြားကုန်သွယ်ရေးအပိုင်းမှာလည်း(၃)နှစ်တာကာလအတွင်းအလျင်အမြန်တိုးတက်လာပါကြောင်း၊ Merceses- Benz ကဲ့သို့ international brand များ မြန်မာနိုင်ငံ ကို ဝင်ရောက်ရင်းနှီးမြှုပ်နှံလာခြင်းသည် မိမိတို့ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းများရရှိလာသည့်အပြင် အရည် အသွေးမြင့်မားသော ကားများကိုလည်း သုံးစွဲလာနိုင်ပြီး နိုင်ငံတော်အတွက် တရားဝင် အကောက်ခွန်များလည်း ရရှိ လာမည်ဖြစ်ပါကြောင်း ပြောကြား သည်။ ထို့နောက်Daimler ၏အရှေ့ တောင်အာရှ CEO Mr.Wolfgang Huppenbauer  မှ ကျေးဇူးတင် စကား ပြောကြား သည်။ အစီအစဉ်အရ မာစီဒီးအရောင်း ပြခန်းအား ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်Mercedes-Benz  မှတာဝန်ရှိသူ များမှMercedes Key   နှင့်အတူ အောင်မြင်စွာ ဖွင့်လှစ်ပေးကြသည်။ ထို့ နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီး ချုပ်နှင့် တက်ရောက်လာကြသော ဧည့် သည်တော်များMercedes-Benz  ကားသစ်များအား လှည့်လည်ကြည့်ရှုခဲ့ ကြောင်း သတင်းရရှိသည်။