Main menu

Background

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် စစ်ကိုင်းကျောက်စိမ်း အချောထည်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေး

Mon, 05/12/2014 - 08:53 -- ydnar

 
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် မေလ ၃ ရက်နေ့က စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ IBEC အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေး စင်တာတွင် ကျင်းပပြုလုပ်သည့် ဗုဒ္ဓ နည်းကျ စီမံခန့်ခွဲမှု သင်တန်း (အမှတ် စဉ်-၅)

ဖွင့်ပွဲနဲ့ စစ်ကိုင်းမြို့ ကျောက်စိမ်း အချောထည်လုပ်ငန်း အသင်းအဖွဲ့တွေ့ ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့ကာ အမှာစကား ပြောကြားခဲ့ကြောင်း သိရပါသည်။
 
ပြည်ထောင်စုဝန်ကြီးနဲ့စစ်ကိုင်းမြို့ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်းအဖွဲ့တွေ့ဆုံပွဲအခမ်းအနားကိုIBECအပြည်ပြည်ဆိုင် ရာ ဗုဒ္ဓဘာသာပညာရေးစင်တာပဓာနနာယကဆရာတော် ဘဒ္ဓန္တသောဘိတနဲ့တကွ လွှတ် တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင် ရာအကြီးအကဲများ၊ဧည့်သည်တော်များ၊ အခြားလုပ်ငန်းအသင်းများနဲ့ ကျောက်စိမ်းအချောထည်လုပ်ငန်းရှင် ၁၁၇၃ ဦး၊ စုစုပေါင်း ၁၂၅၁ ဦးတက်ရောက်ခဲ့ကြ ကြောင်း  သိရပါသည်။
ပြည်ထောင်စုဝန်ကြီးမှအဖွင့်အမှာစကားပြောကြားရာတွင် စီးပွားကူးသန်းဝန်ကြီးဌာနအနေဖြင့်ကုန်သွယ်မှု ဆိုင်ရာဖြေလျော့မှု များကို ဆောင်ရွက် ပေးခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုန်သွယ် မှုဆိုင်ရာ ပညာပေးရေး လုပ်ငန်း များဆောင်ရွက်ခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း၊ဈေးကွက်စီးပွားရေးယှဉ်ပြိုင်ရာတွင် တန်းတူ အခွင့်အရေး ဖြစ်ရန်လို အပ်ကြောင်း၊ကျောက်စိမ်းကျောက်မျက်လုပ်ငန်းရှင်များ အခက် အခဲ ဖြေရှင်းပေးဖို့ ယခုလို လာရောက်ေ တွ့ဆုံခြင်းဖြစ်ကြောင်း၊ ကုန်သွယ်မှုနဲ့ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း ၂ ခုကို ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ Export ဈေးကွက် ဝင် အောငValue added  လုပ်ဆောင်ပေး ရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရင်းအနှီးနဲ့ နည်းပညာများလိုအပ်ပါ က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ဥရောပတွင်GSPအခွင့်အရေးရပြီဖြစ်၍ကုန်သွယ်မှုပမာဏတိုးမြှင့်   အောင် နှင့် SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ပေးမည်ဖြစ်ကာ ကျောက်မျက်လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များ တင်ပြကြရန် အတတ် နိုင်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍စစ်ကိုင်းမြို့နယ်ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်းမှ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် များ မှ ဆွေးနွေးတင်ပြခဲ့ကြရာစစ်ကိုင်းမြို့နယ်ရှိကျေးရွာအုပ်စု ၁၄ စု မှ လုပ်ငန်းရှင်အသင်းသား ၁၃၀၉ ဦး အားစုစည်း၍ စစ်ကိုင်း တိုင်းဒေသကြီးကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ တိုင်း ဦးစီးမှူး၊ ညွှန်ကြားရေးမှူး  ဦးအောင် မောင်းမှ ဦးဆောင်ကြီးကြပ် ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ၂ ရက်နေ့တွင် စတင် ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ လုပ်ငန်းရှင် တစ် ဦးလျှင် ကျောက်ဖြတ်ခုံ ၂ ခုံမှ ၇ ခုံထိ ပိုင်ဆိုင်ပြီး၊ ရင်းနှီးမြှုပ်နှံမှုမှာ ကျပ် ၁၅ သိန်းမှ ၂၅ သိန်းထိ ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သွယ်မှု မြှင့် တင်ရေး ဦးစီးဌာန၏ကူညီချိတ်ဆက်ပေးမှုဖြင့်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံ ငွေနှင့် ဇေယျာပဒေသာ ဖောင်ဒေးရှင်း တို့မှအတိုးနည်းချေးငွေ ကျပ်သိန်း ၈၀၀ ချေးယူရရှိခဲ့ပါကြောင်း၊ ကျန်ရှိသည့် လုပ်ငန်းရှင် ၁၂၀၉ ဦးအတွက် တစ်ဦး ကို ၁၀ သိန်းနှုန်းဖြင့် ကျပ်သိန်း ၁၂၀၉၀သိန်းရယူလိုပါကြောင်း၊ကျောက်ပုတီးစေ့လုပ်ငန်းရှင်များ၏လိုအင်ဆန္ဒများဖြစ်ကြသည့်တရားဝင်ရောင်းဝယ် နိုင်သည့်   ဈေး၊ တစ်နေကုန်ရောင်းဝယ်သည့်ဈေး၊ ကုန်ကြမ်းတရားဝင်သယ်ယူခွင့် ရရှိရေး၊ အခွန်အခပေးဆောင် ငွေကြေးများ စစ် ကိုင်းမြို့မှရရှိရေး၊တရားဝင်မှတ်ပုံတင်အသင်းဖြစ်ရေးနှင့်အသင်းသားများကိုအရင်းအနှီးလုံလောက်စွာချေးပေးရန်တို့ ဖြစ်ပါကြောင်း တင်ပြဆွေးနွေးကြပါသည်။
လုပ်ငန်းရှင်များ၏ ဆွေးနွေးတင် ပြချက်များအပေါ် မြန်မာနိုင်ငံကျောက် မျက် လုပ်ငန်းရှင်များ အသင်းချုပ်မှ  ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းကျောက်မျက် အသင်းဒုဥက္ကဋ္ဌနှင့် စုစုလွင်ကျောက်မျက်ကုမ္ပဏီတို့မှ ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြပါသည်။ ဆက် လက်၍ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြား ရေးမှူး ဦးအောင်မောင်းမှ စစ်ကိုင်းမြို့ နယ်ကျောက်စိမ်းအချောထည်လုပ်ငန်းအသင်းအလုပ်အမှုဆောင်နှင့်အသင်းဖွဲ့စည်းခြင်းကို တိုင်းဒေသကြီးအစိုးရနှင့် ကုန်သွယ် မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ သင်းဖွဲ့စည်းမျဉ်း ဥပဒေ များနှင့် အညီတင်ပြထားပြီး ဖြစ် ပါကြောင်း၊ အသင်းအဖွဲ့ တစ်ခုဖွဲ့စည်းရန် လူ၊ သင်းဖွဲ့စည်းမျဉ်းခိုင်မာရန် လိုအပ်ကြောင်း၊ တည်နေရာ၊ ရန်ပုံငွေ စ သည့်မဏ္ဍိုင် ၄ ခု ညီညွတ် မှ သာရေရှည်တည်တံ့သောအသင်း၊ခိုင်မာသောအသင်းကြီးဖြစ်လာမှာဖြစ်ပါကြောင်း၊ရန်ပုံငွေခက်ခဲတာတင်ပြရုံနှ င့် မရ ကြောင်း ၊ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်အဖွဲ့၏ ဦးဆောင်မှုအောက်တွင် စည်းမျဉ်း စည်းကမ်းနှင့် အညီတညီတညွတ်တည်း လုပ်ဆောင်ကြရန်နှင့်တရားဝင်မှတ်ပုံတင်အသင်းဖြစ်အောင်လုပ်ဆောင်ကြရန်လိုကြောင်း ဆွေးနွေး ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးမှနိဂုံးချုပ်အမှာစကားပြောကြားပြီးစစ်ကိုင်းကျောက်စိမ်းအချောထည်လုပ်ငန်းအသင်းအတွက် အလှူငွေများထည့်ဝင်ခဲ့ကြရာ မြန်မာနိုင်ငံကျောက်မျက်အသင်းချုပ်(ရန်ကုန်)မှ ကျပ် သိန်း ၅၀၊ ဇေယျာရွှေမြေဘောလုံး အသင်းမှ ကျပ်သိန်း ၅၀၊ မန္တလေး ကျောက်မျက်အသင်းမှ ကျပ်သိန်း ၂၀၊ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်က ကျပ် သိန်း ၃၀၊ မစိုးရိမ်တိုက် သစ်ကျောင်း တိုက် ဆရာတော်၏ မြေးဦး ရှင်းရှင်းမှ ကျပ် သိန်း ၁၀၊ စုစုပေါင်း ကျပ်သိန်း ၁၆၀ နှင့် ဦးတော်နီသိန်း (မန္တလေး) မှ လှူဒါန်းငွေUS 1000 မတည်ခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။