Main menu

Background

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် မြန်မာနိုင်ငံသားများဘဏ် ဒါရိုက်တာအဖွဲ့ဝင်များအားတွေ့ဆုံမှာကြား

Mon, 05/12/2014 - 09:03 -- ydnar

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည်ကမ်းနားလမ်းရှိရန်ကုန် တိုင်းဒေသကြီး ရုံးခွဲ တွင် မေလ ၉ ရက် နံနက်ပိုင်း၌ မြန်မာနိုင်ငံသားများဘဏ် ဒါရိုက်တာ အဖွဲ့ဝင်များအား

တွေ့ဆုံ မှာကြားသည်။
 
ပြည်ထောင်စုဝန်ကြီးမှ အမှာ စကားပြောကြားရာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်တွင် နှစ်ချုပ်စာရင်းများ လည်းရေးဆွဲ တင်ပြထားပြီးဖြစ်ကြောင်း သိရှိရ၍ ယခုနှစ်တွင် ယခင်နှစ်ထက် ကျပ် (၁)ဘီလျံခန့် အမြတ်ငွေပိုရပြီး စုစု ပေါင်းအမြတ်ငွေ (၃ ဒသမ ၅) ဘီလျံ ရရှိကြောင်းသိရှိရတဲ့အတွက် ယခင် နှစ်ကထက် အမြတ်ဝေစု ပိုမိုပေးနိုင်မှာ ဖြစ်လို့ဝိုင်းဝန်း ဆောင်ရွက်ကြတဲ့ ဒါရိုက် တာများကိုအထူးကျေးဇူးတင်ပါကြောင်း၊ ဝန်ထမ်းများမှလည်း ဗဟိုဘဏ်မှ လမ်း ညွှန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများ အတိုင်းဆောင်ရွက်ပေးနေကြလို့ပြဿနာတစ်စုံတစ်ရာမရှိဘဲအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ကြတာကိုသိရှိရပါကြောင်း၊   မြန်မာနိုင်ငံသားများဘဏ်သည် ၁၉၉၂ ခုနှစ်ဇွန်လ မှ မတည် ငွေကျပ် (၁) ဘီလျံဖြင့် စတင် ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ ယခုဆို လျှင်မတည်ခွင့်ပြုငွေကျပ် (၇၅)ဘီလျံရှိပြီးထည့်ဝင်ပြီး မတည်ရင်းနှီးငွေကျပ်(၁၉)ဘီလျံအထိရောက်ရှိေ နပြီဖြစ်ကြောင်း လည်း သိရှိရပါကြောင်း၊ယခု၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မှာကျပ်(၅၀)ဘီလျံအထိတိုးဖို့ရှယ်ယာများခေါ်ယူဆောင်ရွက်နေတာကိုလည်းေ တွ့ ရှိရပါကြောင်း၊ရှယ်ယာရှင်အငယ်များကလည်းအကြီးများဖြစ်လာအောင်ဆောင်ရွက်ကြဖို့၊ဝန်ထမ်းများကလည်း နိုင်ငံ   ခြား ကုမ္ပဏီဝန်ထမ်းများလိုရှယ်ယာရှင်များ ဖြစ်လာအောင်ဒါရိုက်တာအဖွဲ့ ဝင်များကဆောင်ရွက်ပေးကြဖို့နည်းလမ်း များ ချမှတ်ပေး ဖို့ တိုက်တွန်းပြောကြား လိုပါ ကြောင်း၊ လုပ်ငန်းရှင်များ ပိုမို ပါဝင်လာ နိုင်ဖို့အတွက်လည်း ရှယ်ယာ အချို့ကို အစိုးရ (၅၅ ရာခိုင်နှုန်း)မှ(၃၀ရာခိုင်နှုန်း)သို့လည်းကောင်း၊ပုဂ္ဂလိက(၄၅ရာခိုင်နှုန်း)မှ(၇၀ရာခိုင်နှုန်း)သို့လည်းကောင်းပြောင်းလဲပေးခဲ့ပြီး ဖြစ် ပါကြောင်း။
ဘဏ်ခွဲ အနေနဲ့လည်း ယခင်က ရန်ကုန်နှင့် မန္တလေးမှာသာ ဘဏ်ခွဲရှိခဲ့ ရာမှ ယခုဆိုလျှင် ဘဏ်ခွဲပေါင်း (၁၀) ခုနှင့် ဘဏ်ခွဲငယ် (၃) ခု၊ စုစုပေါင်း ဘဏ်ခွဲ (၁၃) ခုဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ဘဏ်ခွဲပေါင်း (၂၀)အထိ တိုးချဲ့ဖွင့်လှစ်ဖို့စီစဉ်ထားကြောင်းလည်းသိရှိရပါကြောင်း၊မြန်မာနိုင်ငံသားများဘဏ်လုပ်ငန်းများကိုလေ့ လာသုံးသပ်မည်ဆိုလျှင် လည်းယခင်ကငွေလွဲှနှင့်ချေးငွေလုပ်ငန်းများလောက်ကိုသာအားကိုးနေရာမှယခုဆိုလျှင်၎င်းလုပ်ငန်းများအပြင် နိုင်ငံခြားငွေ ကြေး လုပ်ငန်း၊Money Changer Counter လုပ်ငန်း၊Visa, Master Card  များကို အသုံးပြုသည့်ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း ၊ နိုင်ငံတကာငွေ လွှဲ အဖွဲ့အစည်း (၃) ခုဖြစ်တဲ့ Impress Money,Money Gram, International Money Express စတဲ့အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးနိုင်ငံတကာရောက်မြန်မာအလုပ်သမား၊ဝန်ထမ်းများ၊ အသေးစားငွေ လွှဲမှုလုပ်ငန်း များကို အိမ် အရောက်လွှဲပို့ပေးနိုင်တဲ့စနစ်များကိုလည်းဆောင်ရွက်ပေးနေသည်ကိုတွေ့ရှိရပါေ ကြာင်း၊ မြန်မာနိုင်ငံများ ဘဏ်ရဲ့ တည်ငြိမ်မှု၊ တိုးတက်ကောင်းမွန်မှု၊ လုပ်ရည်ကိုင်ရည် များပြည့်ဝမှု တို့ကြောင့် SME လုပ်ငန်းများ အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိက ဘဏ် (၁၂) ဘဏ်အနက် (၅) ဘဏ်ကJICA မှ ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံ သားများဘဏ်လည်း ရွေးချယ်ခံခဲ့ရ သည်ကိုတွေ့ ရှိရ၍ဝမ်းသာရပါကြောင်း၊မြန်မာနိုင်ငံရSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပြီးဘဏ်လည်းဝင်ငွေတိုးတက်လာမည် ဖြစ်ကြောင်း ၊ ၎င်းအပြင်တောင်သူလယ်သမားများ အတွက် လက်မှု လယ်ယာမှ စက်မှုလယ်ယာသို့ အသွင်ပြောင်းပေးနိုင်သည့် လယ်ယာ သုံးစက်ကိရိယာများကို Good Brother Co.,မှHire Purchase စနစ်ဖြင့် ရောင်းချပေးနေသည့်အတွက် ငွေချက် ချင်း မရှိသော် လည်းလယ်သမားများ အနေဖြင့် အရစ်ကျငွေပေးချေပြီး စက် ကိရိယာများ ဝယ်ယူသုံးစွဲနိုင်နေပြီ ဖြစ် ကြောင်း၊ ဘဏ်မှ လည်း တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိနေသည့်အတွက်တိုးတက်ဆောင်ရွက်နိုင်ဖို့အားပေးပါကြောင်းပြောကြားသည်။ဆက်လက် ပြီးမြန်မာနိုင်ငံသားများ ဥက္ကဋ္ဌဦးတိုးအောင်မြင့်နှင့် အုပ်ချုပ်မှုဒါရိုက်တာဦးမြင့်ဝင်းတို့မှဘဏ်၏ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းစဉ် များရှင်းလင်းတင်ပြ ကြသည်။ထို့နောက်တက်ရောက်လာကြသော ဒါရိုက်တာအဖွဲ့ဝင်များမှဘဏ်လုပ်ငန်းများတိုးတက်ရာ တိုး တက်ကြောင်း အတွက်အသီးသီးအကြံပြုဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။