ဧပြီလအတွင်း ရုရှားနဲ့ EU နိုင်ငံများသို့ မြန်မာ့ဆန်၊ ဆန်ကွဲနဲ့ ပေါင်းဆန် တင်ပို့နိုင်မှု ယခင်လထက်တန်ချိန် ခုနှစ်ထောင်ကျော်ပိုမို

 
၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းမှာ တော့ ရုရှားနဲ့ EU နိုင်ငံများသို့ ပေါင်း ဆန် အပါအဝင် မြန်မာ့ဆန်၊ ဆန်ကွဲ တင်ပို့မှု စုစုပေါင်း တန်ချိန် ၂၅၃၅၀ တင်ပို့ုနိုင်တာကြောင့် ပြီးခဲ့တဲ့မတ်လမှာ တန်ချိန် ၁၇၆၆၉ တန် တင်ပို့နိုင်မှုနဲ့ နှိုင်းယှဉ်ပါက တန်ချိန် ၇၆၈၁ တန် ပိုမို ခဲ့ပါကြောင်း သိရှိရပါတယ်။

ပေါင်းဆန် ဧည့်မထ ၅ မှတ်နဲ့ ပေါင်းဆန် ဆန်ကB (2,3,4)  ဆန်များကို ရုရှားနဲ့ ဥရောပသမဂ္ဂ နိုင်ငံများကို တန်ချိန် စုစုပေါင်း၁၈၅၀ ၊ တန်ဖိုးဒေါ် လာ ၈၃၄၇၅၀ ဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံ အလိုက် တင်ပို့နိုင် မှုတွေကတော့ ဧည့်မထ ၅ မှတ် ဆန်ကို ရုရှားနိုင်ငံသို့ ၁၆၂၅ တန်၊ ဟန်ဂေရီ နိုင်ငံ သို့ တန် ၁၀၀ တင်ပို့ခဲ့တာဖြစ်ပြီး ပေါင်းဆန် ဆန်ကွဲB (2,3,4) ၁၂၅ တန်ကို ရုရှားနိုင်ငံသို့ အသီးသီး တင်ပို့ခဲ့ တာဖြစ်ပါတယ်။ မြန်မာ့ဆန်ဖြူ ဧည့်မထ ၅ မှတ်၊ ငစိန် ၅ မှတ်နဲ့ ၁၀ မှတ် ဆန်တန်ချိန် စုစုပေါင်း ၁၀၅၇၅ တန်၊ တန်ဖိုး ဒေါ် လာ ၄၃၂၂၀၀၀ ဖိုး တင်ပို့နိုင်ခဲ့ကြောင်း လည်း သိရပါတယ်။ နိုင်ငံအလိုက် အမျိုးအစားအလိုက် တင်ပို့နိုင်မှုတွေက တော့ ဧည့်မထ ၅ မှတ်ဆန်များကို ဟန်ဂေရီသို့ ၂၅ တန်၊ ပေါ်တူဂီသို့ တန် ၅၀၀ နဲ့ခရိုအေးရှားသို့  တန် ၂၅၀ အသီးသီးဖြစ်ပါတယ်။ ငစိန် ၅ မှတ် ဆန်များကိုတော့ ချက်သမ္မတနိုင်ငံသို့ တန် ၁၅၀၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ၂၆၅၀ တန်နဲ့ ရုရှားနိုင်ငံသို့ တန် ၅၅၀၀ တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ငစိန် ၁၀ မှတ် အမျိုးအစား ကိုတော့ ရုရှားသို့ တန်၁၀၀၀ နဲ့ဂျာမနီနိုင်ငံသို့ တန် ၅၀၀ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဆန်ကွဲတင်ပို့နိုင်မှုကို ကြည့်မယ် ဆိုလျှင် ဆန်ကွဲ အမျိုးအစား အလိုက် စုစုပေါင်း တန်ချိန် ၁၂၉၂၅ တန်၊ တန်ဖိုး ဒေါ်လာ ၃၇၅၃၂၅၀ ဖိုး တင်ပို့မှုရှိ ကြောင်း တွေ့ရပါတယ်။ နိုင်ငံအလိုက်၊ အမျိုးအစားအလိုက် တင်ပို့နိုင်မှုတွေ က တော့ ဆန်ကွဲ A (1,2)အမျိုးအစား တန် ၁၂၅၀ ကို ဘယ်လ်ဂျီယံနိုင်ငံသို့ လည်းကောင်း၊ အဆင့် ြ ထဲမှ အခြား ဆန်ကွဲ ၃၇၅ တန်ကို ရုရှားနိုင်ငံသို့ လည်းကောင်း၊ ဆန်ကွဲ B (1,2) အမျိုး အစားများကိုတော့ ဟန်ဂေရီနိုင်ငံသို့ တန် ၅၀၊ ဗြိတိန်နိုင်ငံသို့ ၁၂၅ တန်နဲ့ ဘယ်လဂျီယံနိုင်ငံသို့ တန် ၆၀၀၀ တင် ပို့ခဲ့တာ ဖြစ်ပြီး ဆန်ကB (1,2) အမျိုး အစားများကိုတော့ အီတလီနိုင်ငံသို့တန် ၁၀၀၀ ၊ ဗြိတိန်သို့ ၁၂၅ တန်နဲ့ ဘယ်လ် ဂျီယံနိုင်ငံသို့ တန် ၄၀၀၀ အသီးသီး တင်ပို့နိုင်ခဲ့ပါကြောင်း သိရှိရပါတယ်။