Main menu

Background

အိန္ဒိယမှာ လက်လီသမားများအဝယ်နည်းလို့ ဈေးကျ

Mon, 09/20/2010 - 04:16 -- Anonymous (not verified)

အိန္ဒိယမှာ လက်လီသမားများအဝယ်နည်းလို့ ဈေးကျ      အိန္ဒိယပြည်တွင်းလက်ကားဈေးကွက်များမှာ လက်လီသမားများကဝယ်ယူမှုနည်းတာကြောင့် မတ်ပဲနဲ့ မတ်ပဲခွဲခြမ်းဈေးများလည်း တစ်တန်ကို ရူပီး၁ဝဝဝ (ကန်ဒေါ်လာ၂၁ ဒသမ ၈) ခန့် ကျဆင်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ပဲ အဓိကစိုက်ပျိုးတဲ့ ဒေသများမှာ မိုးရွာသွန်းမှုတွေရှိလို့ ပဲအသစ်ဝင်ရောက်မှုဟာဝင်သင့်သလောက် မဝင်သေးဘူးလို့ သိရပါတယ်။ မတ်ပဲနဲ့ မတ်ပဲခွဲခြမ်းဈေးဟာရူပီး ၁ဝဝဝ စီ လျော့ကျပြီး ရူပီး ၅၇ဝဝဝ-၆၂၅ဝဝ (ကန်ဒေါ်လာ ၁၂၄၂-၁၃၆၂)နဲ့ ရူပီး ၆၁ဝဝဝ-၆၅ဝဝဝ (ကန်ဒေါ်လာ ၁၃၃ဝ-၁၄၁၇) ဈေးအသီးသီးရှိတယ်လို့သိရပါတယ်။                                            ယမင်းခင်၊Sources: P T I