မိုးအေးလေးနဲ့ ခပ်အေးအေးဆက်သွားနိုင်မည့် ဆန်ဈေးကွက်

 
ရန်ကုန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ ရာခိုင်နှုန်းပြည်ပ ဆန်တစ် အိတ်(၁၁၀ဒသမ၂၅ ပေါင်)ကို ၁၄၆၀၀ ကျပ်ခန့် ဈေးနှုန်းရှိပြီး ယခင်အပတ် ထက် တစ်အိတ်ကို ၂၀၀ ကျပ်ခန့် ဈေး ကျ ခဲ့သော်လည်း ငစိန် ၂၅ ရာခိုင်နှုန်း ပြည်ပတစ်အိတ်ကို ၁၆၅၀၀ ကျပ်ဖြစ် ခဲ့ပြီးယခင်ထက် တစ်အိတ်ကို ၁၇၀၀ ကျပ်ခန့် ဈေးတက်လာတာ

တွေ့ရပါတယ်။ငစိန်ကိုရန်ကုန်ၤfFOB ဖြင့် ရောင်း ထားခြင်းနှင့် တရုတ်လိုင်းမှလည်း ကြိုက် သဖြင့် ဈေးတက်လာရခြင်းဖြစ်ကြောင်း၊ EMATA  Myanmar 25 % (Well Milled) ကို330-340 USD/ MTခန့်ဈေးနှုန်းရှိပြီး အချို့ပြည်ပတင်ပို့သူများမှာ တစ်တန်ကို 340-345 USDခန့် ဈေးနှုန်းရသော်လည်း အနည်းငယ်သာ တင်ပို့မှုရှိပြီး ရန်ကုန်  FOB  ဆန် တင်ပို့မှု ငြိမ်နေတယ်လို့ Exporter  အချို့ထံမှ ကြားသိရပါတယ်။
 
တရုတ်လိုင်း မူဆယ်မှာ မေလ ၉ ရက်နေ့ ဈေးနှုန်းများအရ ဧည့်မထ ၂၅ ရာခိုင်နှုန်း (ထိုင်း) တစ်အိတ်ကို ၁၂၈-၁၃၀ ယွမ်ခန့်ဈေးနှုန်းရှိပြီး ယခင်အပတ် ထက် တစ်အိတ်ကို ၂ ယွမ်ခန့် ဈေးကျ ခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှ မျိုးယူလာပြီး မကွေး၊ တောင်ငူဘက်မှာ စိုက်ပျိုးကာ ထိုင်းကောက်စပါးဟုလည်းကောင်း၊ ရေတာရှည်ဘက်တွင် ထိုင်း ၆ စပါး ဟု ခေါ်ကြကြောင်း၊ အဲဒီဆန်တွေ နယ်စပ် မူဆယ်ဈေးကွက်ရောက်လာပြီး ထိုင်း ဆန်ဟုခေါ်ပြီးယခုအပတ်က စရောင်းဝယ်လာကြတာဖြစ်ပြီး ဧည့်မထအုပ်စုဝင်စပါး၊ ဆန်လို့လည်း ကြားသိရပါ တယ်။ ငစိန် ၂၅ ရာခိုင်နှုန်း ဆန်တစ် အိတ် (၅၀ ကီလို)ကို ယနေ့ဈေး ၁၂၇-၁၂၉ ယွမ်ခန့်ဈေးရှိပြီး ယခင်အပတ် ထက် တစ်အိတ် ကို ၁ ယွမ်ခန့်ဈေး တက်ခဲ့ကြောင်းFOB MUSE အနေ ဖြင့်EMATA  25 % ukd 380-390 USD/MT ESifh NGADEIN 25 %  ကို 385-395 USD/ MT ဈေးနှုန်းရှိ ကြောင်း၊ ယနေ့ မူဆယ်ရှိ ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၅၂ ဒသမ ၉၅ ကျပ်ခန့် ဈေးရှိပြီး ယခင်အပတ်ထက် တစ်ယွမ် ကို သုည ဒသမ ၅၄ ကျပ်လျော့နည်းခဲ့ ကြောင်း၊ ယခုအပတ် အတွင်း မူဆယ်ကို မြန်မာပြည်တွင်းမှ ဆန်မျိုးစုံ ၁၄၉၀၀ တန်ခန့် ဝင်ရောက်ခဲ့ပြီး ယခင်အပတ် ထက် တန် ၃၄၀၀ ခန့် ပိုမိုဝင်ရောက်ခဲ့ ကြောင်း၊ မူဆယ်ဆန်စပါးကုန်စည်ဒိုင် သို့ နှစ်ဖက်ကုန်သည်ကိုယ်စားလှယ်များ ပုံမှန်လာရောက်ကြပြီး ပုံမှန်ရောင်း ဝယ် လျက်ရှိကြောင်း မူဆယ်ဆန်ဈေးကွက်မှ သိရှိရပါတယ်။ မြန်မာ့ဆန်နဲ့ ဆန်ကွဲ ပြည်ပတင်ပို့ မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေလ ၂ ရက်ထိ တန်ချိန် ၇၀၈၇၅ ခန့်ရှိ ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၄၅ သန်းခန့် ရရှိနေပြီး ယခင် ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၈၇၇၄ တန်ခန့်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၇ သန်းခန့် ပိုမို တင်ပို့နိုင်တာ တွေ့ရပါတယ်။ ဆန်ဈေး ကွက်ရှေ့အလားအလာအနေဖြင့်မြန်မာ့ ဆန်၏ အဓိက ထွက်ပေါက်ဖြစ်နေတဲ့ တရုတ်ဘက်မှ ပုံမှန်ပဲ ဆွဲနေသဖြင့် လာမယ့်အပတ်မှာ ဆန်ဈေးကွက်အေး နိုင်ပါကြောင်း ဆန်ဈေးကွက်မှ ကြား သိ တင်ပြလိုက်ရပါတယ်။