Main menu

Background

မုံရွာကုန်စည်ဒိုင် မေလပထမပတ် ပဲဈေးကွက် ပဲအများစု အရောင်းအဝယ်သွက်

Wed, 05/14/2014 - 03:21 -- ydnar

မုံရွာကုန်စည်ဒိုင် မေလပထမပတ် ပဲမျိုးစုံဈေးကွက်မှာ ဒေသတွင်း လုပ်ငန်းသုံးဝယ်လက်ဒေသခံ ကုန်သည် လှောင်လက်နဲ့ ရန်ကုန် Export  ဝယ်လက်တွေ ဝယ်လိုအားတက်လာလို့ အရောင်းအဝယ်အနည်းငယ်သွက်ခဲ့ တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ တရုတ်ဝယ်လက်ဆွဲအားကောင်းလို့ ဒိုင်ကို ဝင်သမျှရောင်းထွက်တဲ့ ပဲတီစိမ်းဟာ ယခုတစ်ပတ်မှာ နယ်အဝင်သွက်လာခဲ့ တယ်လို့သိရပါတယ်။စိမ်းကြီးဈေးဟာ

ယခုတစ်ပတ်ထဲမှာနေ့စဉ်တက်ဈေးနဲ့ဝယ်လိုအားမြင့်နေရာ တစ် တင်း ၃၄၀၀၀ ကျပ်-၃၅၀၀၀ ကျပ် မှ ၃၆၅၀၀ ကျပ်ထိတစ်နေ့တစ်ဈေးတက် နေတာ တွေ့ရပါတယ်။ အခုလို ဒိုင်ဈေး မြောက်နေတဲ့အတွက် နယ်စုံက ပဲတီ စိမ်းတွေအဝင်သွက်လာခဲ့ရာဒိုင်မှာတစ်ရက်အိတ်၃၀၀၀န်းကျင်အရောင်းအဝယ်ဖြစ်နေတယ်လို့ပွဲရုံရပ်ကွက်ကသိရပါတယ်။ ဒေသခံ ကုန်သည် ပဲလက်ကျန်နဲ့Exportဝယ်လက်တို့ ဒိုင် ဈေးကွက်မှာ ဈေးညှိရောင်းဝယ်နေတဲ့ ပဲစင်းငုံနီဟာ ယခုတစ်ပတ်မှာ တစ် တင်း ၁၉၆၀၀ ကျပ်၊ အနိမ့်ဆုံး ဖြစ်ခဲ့သ လို အမြင့်ဆုံး ၂၀၁၀၀ ကျပ်ထိ ပေါက်ခဲ့ တာ တွေ့ရပါတယ်။ ပေါက်ဈေးအပေါ် ကြည့်ပြီး ကုန်သည်တွေ ရောင်းနေကြ တာမို့ နေ့စဉ်ပုံမှန်အရောင်း အဝယ် သွက်ခြင်း မရှိခဲ့ဘဲ တစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြားသာ ရှိခဲ့တယ်လို့ ကုန် သည်တွေက ဆိုပါတယ်။
 
ယခုတစ်ပတ် ကုလားပဲမျိုးစုံဈေး ကွက်မှာတော့ထိုင်ဝမ်ကုလားပဲ ဟာ တစ်တင်း ၁၃၈၀၀ ကျပ်နဲ့ ကျဈေးမှာ ငြိမ်နေပြီးဒေသလုပ်ငန်းသမားတွေအဝယ်လိုက်တဲ့ V2  ကတော့ တစ်တင်း ၁၅၀၀၀ ကျပ်၊ ၉၂၉ တစ်တင်း ၁၄၀၀၀ ကျပ်အသီး သီးဈေးပြန်တက်ခဲ့တာတွေ့ရပါတယ်။ဒေသတွင်းပဲခွဲစက်တွေကုန်ချောထုတ်လုပ်အားကောင်းမွန်နေသလိုပွင့်လင်းရာသီဥတုကြောင့် ပဲကြာဇံစက်သမားတွေနေ့စဉ် စက်လည် ပတ်နေကြတာကြောင့်ကုန်ကြမ်း ပဲမျိုးစုံ ဝယ်လိုအား ပုံမှန်ကောင်းမွန် နေရာ တစ်ရက် အိတ် ၁၀၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။
တရုတ်ဘက်ကဆွဲအားလျော့သွားလို့ ယခုတစ်ပတ်မှာ ပဲကြီးဈေး တစ်တင်း၂၂၀၀၀ ကျပ်မှ ၂၀၅၀၀ ကျပ် ကို ကျသွားပြီး အရောင်းအဝယ်ပုံမှန်သာ ဖြစ်ခဲ့ကာ ထောပတ်ပဲလည်း တစ် တင်း ၂၅၃၀၀ ကျပ်မှာ တန့်လျက်ရှိပါ တယ်။ ဒေသဝယ်လိုအား သာရှိတဲ့ စွန်တာနီလည်း ယခုတစ်ပတ်မှာ တစ်တင်း ၁၅၅၀၀ ကျပ်ထိ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် တင်း ၃၀၀ မှ ၅၀၀၀န်းကျင်ရှိနိုင်တယ်လို့ဆိုပါတယ်။ Export ဝယ်လိုအားကောင်းတဲ့မတ်ပဲကတော့ ယခုတစ်ပတ် မှာ နေ့စဉ် တက်ဈေးဖြစ် ခဲ့ပြီးတစ်တင်း ၂၄၀၀၀ကျပ်ထိ ဈေးမြောက်ဝယ်ယူပေမဲ့ ဒိုင်မှာ ပဲလက်ကျန်မရှိသ လောက်နည်းကာ အရောင်းအဝယ်ပါး ခဲ့တယ်လို့ သိရပါတယ်။
ယခုတစ်ပတ် CP ပြောင်းဖူးစေ့ ဈေးကွက်မှာတော့ နယ်ကပစ္စည်းအဝင် ရှိ သလို ဝယ်လိုအား ကောင်းလွန်းတဲ့ အတွက် ယခု တစ်ပတ်မှာတစ်တင်း ၆၉၀၀ ကျပ်ထိအမြင့်ဈေး ပေါက်ခဲ့ကာတစ်ရက်အိတ် ၄၀၀၀ မှ ၅၀၀၀ ကြားနေ့စဉ်အရောင်းအဝယ် သွက်လျက် ရှိတယ်လို့ ဒိုင်ရပ်ကွက်က လေ့လာသိရှိ ရပါတယ်။