Main menu

Background

မေလဆန်း ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံသီးနှံအားလုံးနီးပါး ဈေးလျော့ခဲ့သော်လည်း မတ်ပဲသီးနှံကတော့ ဈေးဆက်မြင့်သလို အရောင်းအဝယ်သွက်လျက်ရှိ

Wed, 05/14/2014 - 09:34 -- ydnar

 
မုံရွာကုန်စည်ဒိုင် မေလ ပထမပတ်ပဲမျိုးစုံဈေးကွက်မှာဒေသတွင်းလုပ်ငန်းသုံးဝယ် လက်ဒေသခံ ကုန်သည် လှောင်လက်နဲ့ ရန်ကုန် Export  ဝယ်လက်တွေဝယ်လိုအားတက်လာလို့ အရောင်းအဝယ်အနည်းငယ်သွက်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါ တယ်။ တရုတ်ဝယ်လက်ဆွဲအားကောင်းလို့ ဒိုင်ကို

ဝင်သမျှရောင်းထွက်တဲ့ ပဲတီစိမ်း ဟာ ယခုတစ်ပတ်မှာ နယ်အဝင်သွက် လာခဲ့ တယ်လို့ သိရပါတယ်။စိမ်းကြီးဈေးဟာ ယခု တစ်ပတ်ထဲမှာ နေ့စဉ် တက်ဈေးနဲ့ ဝယ်လိုအားမြင့်နေရာ တစ် တင်း ၃၄၀၀၀ ကျပ်- ၃၅၀၀၀ ကျပ်မှ ၃၆၅၀၀ ကျပ်ထိ တစ်နေ့ တစ်ဈေးတက် နေတာ တွေ့ရပါတယ်။ အခုလို ဒိုင်ဈေး မြောက်နေတဲ့အတွက် နယ်စုံက ပဲတီစိမ်းတွေ အဝင်သွက်လာခဲ့ရာ ဒိုင် မှာ တစ်ရက်အိတ် ၃၀၀ ဝန်းကျင်အရောင်း အဝယ်ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က သိရပါ တယ်။ဒေသခံကုန်သည်ပဲလက်ကျန် နဲ့ Exportဝယ်လက်တို့ ဒိုင် ဈေးကွက်မှာ ဈေးညှိရောင်းဝယ်နေတဲ့ ပဲစင်းငုံနီဟာ ယခုတစ်ပတ် မှာ တစ်တင်း ၁၉၆၀၀ ကျပ်၊ အနိမ့်ဆုံး ဖြစ်ခဲ့သ လို အမြင့်ဆုံး ၂၀၁၀၀ ကျပ်ထိ ပေါက်ခဲ့ တာ တွေ့ရပါ တယ်။ ပေါက်ဈေးအပေါ်ကြည့်ပြီး ကုန်သည်ေ တွ ရောင်းနေကြတာမို့ နေ့စဉ်ပုံမှန်အရောင်း အဝယ် သွက်ခြင်း မရှိခဲ့ဘဲ တစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြားသာ ရှိခဲ့တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
 
ယခုတစ်ပတ်ကုလားပဲမျိုးစုံဈေးကွက်မှာတော့ထိုင်ဝမ်ကုလားပဲဟာတစ်တင်း ၁၃၈၀၀ ကျပ်နဲ့ကျဈေးမှာငြိမ်နေပြီး ဒေသ လုပ်ငန်း သမားတွေအဝယ်လိုက်တဲ့ V2  ကတော့ တစ်တင်း ၁၅၀၀၀ ကျပ်၊ ၉၂၉ တစ်တင်း ၁၄၀၀၀ ကျပ်အသီးသီးဈေးပြန် တက်ခဲ့ တာတွေ့ရပါတယ်။ဒေသတွင်းပဲခွဲစက်တွေကုန်ချောထုတ်လုပ်အား ကောင်းမွန်နေသလို ပွင့်လင်းရာသီဥတုကြောင့်ပဲကြာဇံစက် သမားတွေ နေ့စဉ် စက်လည်ပတ်နေကြတာကြောင့်ကုန်ကြမ်း ပဲမျိုးစုံဝယ်လိုအား ပုံမှန်ကောင်းမွန်နေရာတစ်ရက်အိတ် ၁၀၀၀ ဝန်း ကျင် ရှိနိုင်တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။
တရုတ်ဘက်ကဆွဲအားလျော့ သွားလို့ ယခုတစ်ပတ်မှာ ပဲကြီးဈေး တစ်တင်း၂၂၀၀၀ ကျပ်မှ ၂၀၅၀၀ ကျပ် ကို ကျသွားပြီး အရောင်းအဝယ်ပုံမှန်သာ ဖြစ်ခဲ့ကာ ထောပတ်ပဲလည်း တစ် တင်း ၂၅၃၀၀ ကျပ်မှာ တန့်လျက်ရှိပါ တယ်။ ဒေသဝယ်လိုအား သာရှိတဲ့ စွန်တာနီလည်း ယခုတစ်ပတ်မှာတစ်တင်း ၁၅၅၀၀ ကျပ်ထိ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် တင်း ၃၀၀မှ၅၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ဆိုပါ တယ်။ Export ဝယ်လိုအားကောင်းတဲ့ မတ်ပဲကတော့ ယခုတစ်ပတ် မှာ နေ့စဉ် တက်ဈေးဖြစ်ခဲ့ပြီး တစ်တင်း ၂၄၀၀၀ ကျပ်ထိ ဈေးမြောက်ဝယ်ယူပေ မဲ့ ဒိုင်မှာ ပဲလက်ကျန်မရှိသ လောက်နည်းကာ အရောင်း အဝယ် ပါး ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် CP ပြောင်းဖူးစေ့ ဈေးကွက်မှာတော့ နယ်ကပစ္စည်းအဝင် ရှိ သလို ဝယ်လိုအား ကောင်းလွန်းတဲ့ အတွက် ယခု တစ်ပတ်မှာတစ်တင်း ၆၉၀၀ ကျပ်ထိ အမြင့်ဈေး ပေါက်ခဲ့ကာတစ်ရက်အိတ် ၄၀၀၀ မှ ၅၀၀၀ ကြား နေ့စဉ်အရောင်းအဝယ် သွက် လျက် ရှိတယ်လို့ ဒိုင်ရပ်ကွက်က လေ့လာသိရှိ ရပါတယ်။