ကိုင်တွယ်ထိတွေ့လို့မရတဲ့ ပိုင်ဆိုင်မှုရဲ့တန်ဖိုး

 
ကျနော်တို့ စာရင်းဇယားများဖြင့် တွက်ချက်ရာတွင် လူတစ်ယောက်၏ ကြွယ်ဝမှုကိုပိုင်ဆိုင်သည့် ငွေကြေး အပြင် ထိုသူပိုင်ဆိုင်သော မော်တော် ကား/ မော်တော်ဆိုင်ကယ်/ အိုးအိမ် တိုက်တာစသည့် အကြီးစားပိုင်ဆိုင်မှု များ၊ မရွှေ့ မပြောင်းနိုင်သော မြေယာ ပိုင်ဆိုင်မှုများဖြင့် တွက်ချက်ကြလေ့ရှိပါသည်။

ယင်းတို့ကို ပုံသေပိုင်ပစ္စည်းများ ဟုလည်း ရုံးဌာန များတွင်ခေါ်ဝေါ်ကြပါသည်။ ကုမ္ပဏီများ၊ Coperationကြီး များတွင်လည်း ၎င်းင်းတို့၏ပိုင်ဆိုင်မှု တန် ဖိုးကို တွက်ချက် ရာ တွင်Assesဟုခေါ် သောပိုင်ဆိုင်မှုများကိုထည့်သွင်းတွက်ချက်လေ့ရှိပါသည်။ အချို့ပုဂ္ဂလိက ကုမ္ပဏီပိုင်ရှင်များသည် ယင်းတို့ ၏ကိုယ်ပိုင်တိုက်တာ၊အိုးအိမ်၊ မော်တော်ကား များကို ယင်းတို့၏ကုမ္ပဏီများတွင် မူလ ပိုင်ဆိုင်မှုအရင်း အမြစ်များအဖြစ်ထည့် သွင်းပြီး တွက်ချက်တတ်ကြပါသည်။ ယင်းတို့ အားလုံးမှာ မျက်စိဖြင့် မြင်နိုင်ထိတွေ့ ကိုင်တွယ်နိုင်ကြပြီး၊ တူရာ တူရာ အုပ်စု အလိုက်တန်ဖိုးများဖြတ်နိုင်၊ တွက်ချက် နိုင်ကြပါသည်။ သို့ရာတွင် ကုမ္ပဏီများအနေဖြင့် နှစ်ကုန်လက်ကျန် ရှင်းတမ်း များ ရေးဆွဲ ၍ မိမိတို့ ကုမ္ပဏီ၏ အခြေအနေကို ခန့်မှန်းကြပါ သည်။ ယင်းသို့ခန့်မှန်းခြင်း သည် ပြီးခဲ့သည့်ကာလ၏ အခြေ အနေတိုးတက်မှုတို့ကို ခန့်မှန်းကြခြင်းဖြစ်ပါသည်။သို့ရာတွင်လက်ရှိခေတ်သစ်Balance Sheetများသည်လိမ်လည် ထားသည့် စာရင်းမျာသာဖြစ်သည်ဟု စာရင်းသမားအချို့က ဆိုကြပါသည်။ ယင်းသို့လိမ်လည်ထားသောစာရင်းများဖြင့် မိမိတို့ ကုမ္ပဏီကြီး များ၏တိုးတက်မှုကို ပိုင်ဆိုင်မှု Value ကိုတွက်ချက်၍ ရပါသလား။ ကုမ္ပဏီကြီး အများစု သည် ပိုင်ဆိုင်မှုများ တွင် အထူးသဖြင့် စာရင်းလိမ်ထားတတ်ကြသည်ဟုဆို ပါသည်။ ယင်းတန်ဖိုးကို တွက်ချက်မှု တွင် အရေးကြီးေ သာ တန်ဖိုး Value တစ်ခုမှာ Intangible Assesဟုခေါ် ဆိုသောကိုင်တွယ်ထိတွေ့မရသောပိုင်ဆိုင်မှုဟုပြောပါသည်။ မည်သည့်အရာ ကိုBalance Sheet တွင် တန်ဖိုး ကြီးကြီးမားမားဖြင့်  ထည့်သွင်း တွက် ချက်ထားရသည့်Intangible Assets များသည် မည်သည့်အရာများဖြစ်ပါ သနည်း။ ကိုင်တွယ်ထိတွေ့မရသော မမြင်ရသောအရာတစ်ခုကို တန်ဖိုး ဖြတ်ရာတွင် မည်သို့ဖြတ်ပါသနည်း။ မည်သည့်အရာများသည Intangible Assesခေါ် ပိုင်ဆိုင်မှုပစ္စည်းများဖြစ်ပါ သနည်း။
 
ယင်းတန်ဖိုးများတွင် ကုမ္ပဏီ၏ ဖောက်သည်များအပေါ်အလေးထားဆက်ဆံမှု၊ အလုပ်သမားများ၏ကုမ္ပဏီအပေါ် သစ္စာရှိ မှု၊ ကုမ္ပဏီမှလည်း အလုပ်သမားများအပေါ်ကောင်းမွန်မှု၊ ကုမ္ပဏီအချင်းချင်းဆက်ဆံရေးကောင်းမွန်မှု၊ ဂတိက ဝတ် မှန်ကန်မှု၊ စားသုံးသူများအတွက် ကောင်းမွန်အရည် အသွေးမီကုန်ပစ္စည်းများသာ တီထွင် ထုတ်လုပ်ပေး မှု၊ ဈေးကွက် အတွင်း ကုမ္ပဏီ၏ မှန်ကန်သောနာမည်ကောင်း များ ရှိမှုတို့သည် ယင်းကုမ္ပဏီ၏ တန် ဖိုးများပင်ဖြစ်ပါသည်။ ယင်းတို့ ကို စု ပေါင်းထားသော ကုမ္ပဏီ၏ အမည်/ အမှတ်တံဆိပ်/Brand  သည် ကုမ္ပဏီ ၏ တန်ဖိုး၊Intangible Assets ပင် ဖြစ်ပြီး ယင်းသည် အကြီးမား ဆုံးသောတန်ဖိုးတစ်ခုဖြစ်ကြောင်းကို  Coca-Cola, Mercedes, Sumsaung, Hitachi, Toyota  တို့ကဖော်ပြနေပါ သည်။ ယင်းအမှတ်တံဆိပ် Brand တန်ဖိုးတွင် Coca Cola သည် ၇၀ ဘီ လီယံ ဒေါ်လာကျော် တန်ဖိုးဖြတ် သည် ဟု ဖတ်ဘူးပါ သည်။ယင်းတန်ဖိုးသည်လွန်ခဲ့သော၁၀နှစ်ကျော်ကတန်ဖိုးဖြစ်ပါသည်။ထို့အပြင်ကိုကာကိုလာ၏ဈေးကွက်အတွင်းရှိ နာမည်ေ ကာင်း ခြင်း၏တန်ဖိုးသည် ယင်းထက်ပင် ပို မိုသည်ဟုသိရပါသည်။ ယနေ့ခေတ် တွင် အရာရာသည် ပြိုင်ဆိုင်မှုဖြင့် ဆုံးဖြတ်နေပြီး၊ထုတ်လုပ်မှုလုပ်ငန်းဖြစ်စေ၊ဝန်ဆောင်မှုလုပ်ငန်းဖြစ်စေ၊အရည်အသွေးကောင်းမွန်ခြင်း၊ဝန်ဆောင်မှု ကောင်းမွန်ခြင်း များဖြင့်သာတိုင်းတာ ဆုံးဖြတ်နေသဖြင့်လည်းကောင်းအဖက်ဖက်မှ ကောင်းမွန်အောင် နာမည် မပျက် အောင်ကြိုးစားဆောင် ရွက်နေရမည်သာဖြစ် ပါသည်။ကျနော်တို့တွင်Brandဟူသောအမှတ်တံဆိပ်အမည်နာမသည် လူ တိုင်း/ ပစ္စည်းတိုင်း/ ကုမ္ပဏီ တိုင်း တွင် ပညတ်တစ်ခုအဖြစ်ရှိပြီး ယင်းနာမည် ကောင်းခြင်း၊ မကောင်းခြင်းကို မိမိ ကိုယ်တိုင်ကပင် ဖန်တီးခြင်းဖြစ်ကြောင်း အထူးဖော်ပြရန်မလိုပါ။ ကျနော်တို့ နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်ယူနေချိန်တွင် ကုန်သည်၊ လုပ် ငန်းရှင်၊ စက်ရုံပိုင်ရှင်၊ ကုမ္ပဏီအားလုံးတို့သည်ယင်း Intangible Assets များကို ကိုယ်စီပိုင်ဆိုင်နေရေးအတွက် အလေးအနက် ထားကြိုးစားဖို့လိုပါသည်။မိမိတို့Brand များ၏တန်ဖိုးကို တိုးသထက်တိုးစေရေးအတွက်၊ စားသုံးသူ များကို အလေးအနက်ထား ဖို့လိုပါသည်။ မည်သည့်နေရာဒေသ တွင်မဆို ဖြတ်လမ်းနည်းဖြင့်ဖြစ်လာသော သူဌေး များ၊ လုပ်ငန်းရှင် များရှိနိုင်သော် လည်း အထက်ဖော်ပြပါ Intangible Assetျ ၏တန်ဖိုးကိုတွက်ချက်မည် ဆိုလျှင် ယင်းဖြတ်လမ်းသူဌေးများ၏လုပ်ငန်း အမည်နာမ သည် အနုတ်လက္ခဏာသာဖြစ်နိုင်ပါ သည်။ ယင်း အခြေအနေများကို ထောက်ရှု၍ ကျနော်တို့ လုပ်ငန်းရှင်အားလုံး၏ အမှတ် တံဆိပ် Brand သည် တန်ဖိုး ကြီးမား ပါစေကြောင်း ဆုတောင်း လိုက်ပါသည်ခင်ဗျား။