ယခင်နှစ်ကာလတူထက် ၂၀၁၄ ဧပြီလအတွင်း ဓာတ်မြေသြဇာတင်သွင်းမှုလျော့နည်းလာခဲ့

 

ယခင်နှစ်ကာလတူထက် ၂၀၁၄ ဧပြီလအတွင်း ဓာတ်မြေသြဇာတင်သွင်းမှုလျော့နည်းလာခဲ့၂၀၁၄ ခုနှစ် ဧပြီလအတွင်းမှာ ဓာတ်မြေသြဇာတင်သွင်းသောစခန်းများမှာမူဆယ်၊ချင်းရွှေဟော်၊

ကန်ပိုက်တီး၊မြဝတီနဲ့မြိတ်စခန်းတို့ဖြစ်ကြပြီးစခန်းအလိုက်တင်သွင်း    နိုင်မှုများကတော့ မူဆယ်စခန်းမှ ၂၃၃၀၁ တန်ခန့် တန်ဖိုးကန် ဒေါ်လာ၃ဒသမ၉၁၃သန်း၊ချင်းရွှေဟော်စခန်းမှ ၄၉၅၉ တန်ကျော် တန်ဖိုးကန် ဒေါ်လာသုည ဒသမ ၈၁၈ သန်း၊ ကန် ပိုက်တီးစခန်းမှ ၄၀၆ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်း၊ မြဝတီစခန်းမှ တန် ၃၂၀ တန်ဖိုးကန် ဒေါ်လာသုည ဒသမ ၀၈၇ သန်းနဲ့မြိတ် စခန်းမှ တန် ၃၀၀ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၃၇ သန်းဖိုးဖြစ်ကြောင်း သိရပါတယ်။ယခုနှစ်ဧပြီလတစ်လလုံး မှာ ဓာတ်မြေသြဇာတန်ချိန်စုစုပေါင်း ၂၉၂၈၆တန် တန်ဖိုး အားဖြင့်ကန်ဒေါ် လာ ၄ ဒသမ ၉၃၇ သန်းသာတင် သွင်း နိုင်ခဲ့ပြီး ယခင်နှစ် ၂၀၁၃ ခုနှစ် ဧပြီလ အတွင်းမှာ တန်ချိန်စုစုပေါင်း ၃၅၅၃၇တန် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ၁၀ ဒသမ ၇၁၈ သန်းဖိုးတင်သွင်းနိုင်ခဲ့တာကြောင့်ယခင်နှစ်ကာလတူထက်တန်ချိန် အားဖြင့် ၆၂၅၁တန် တန်ဖိုးအားဖြင့် ၅ ဒသမ၇၈၁သန်းဖိုးလျော့နည်းတင်သွင်းခဲ့ ပါတယ်။