မြေသြဇာတန်ချိန် နှစ်ထောင်ကျော်ဝင်
ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဧပြီလ၂၇ ရက်မှမေလ ၃ ရက်သီတင်းပတ်အတွင်းမှာ ကန်ဒေါ်လာ ရှစ်သိန်း တစ်သောင်းကျော်တန်ဖိုးရှိ မြေသြဇာ၂၀၅၄ ဒသမ ၁၇၉ တန်တင်သွင်းခဲ့ပါတယ်။
ဒီတစ်ပတ်အိန္ဒိယနိုင်ငံမှ မြေသြဇာ တန်ချိန် ၁၁၀ ၊ရုရှား နိုင်ငံမှ ၁၀၉၄ ဒသမ ၁၆ တန်၊ စင်ကာပူနိုင်ငံမှ မြေသြဇာ ၅ ဒသမ ၀၁၉ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ မြေသြဇာတန်ချိန် ၅၀၀၊ ဂျပန်နိုင်ငံမှမြေသြဇာ တန်ချိန် ၂၀၀ ၊ သြစတြေးလျနိုင်ငံမှ မြေသြဇာ ၁ တန်နဲ့ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၁၄၄ တို့ဖြစ်ပါ တယ် ။ ဒီတစ်ပတ်မှာ ကွန်ပေါင်းကော မတ် ၊NPK , BIOGRO အစရှိတဲ့ မြေသြဇာများဝင်လာတာတွေ့ရပါတယ်။ ယခင်သီတင်း ပတ်မြေသြဇာ အဝင်မှာတန်ချိန်နှစ်ထောင့်ရှစ်ရာကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ရှစ်ရာကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ် ။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင်မတ်လမှာမြေသြဇာတန်ချိန် ၁၆၁၄၄ ဒသမ ၂၀၄ တန်ဝင်ခဲ့ပြီးဧပြီလမှာ၁၃၇၃၅ ဒသမ ၅၁၉ တန်ဝင်လာခဲ့တာကြောင့် ဧပြီ လမှာ ၂၄၀၈ ဒသမ ၆၈၅ တန်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
