နှစ်သစ်ကူးနောက်ပိုင်း ဈေးမြင့်လာတဲ့ ဓာတ်မြေသြဇာ
၂၀၁၄ ဧပြီလ ၂၇ ရက်မှ မေလ ၃ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာတန်ချိန် နှစ်ထောင်ကျော်အဝင်ရှိ ခဲ့ တာကြောင့်ယခင်တစ်ပတ်အဝင်နဲ့ယှဉ်ရင်ဒီတစ်ပတ်မှာတန်ချိန်ရှစ်ရာကျော်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ပြည်တွင်းဈေးကွ က်များဖြစ်တဲ့ မော်လမြိုင် ၊မန္တလေး ၊တောင်ကြီး မကွေး၊ ပဲခူးမှာ ဒီတစ်ပတ်မြေသြဇာ ဈေးငြိမ်ပြီး အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မြေသြဇာအရောင်းအဝယ်က
မော်လမြိုင်၊ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ မကွေး မှာ အရောင်း ပုံမှန်ရှိ တယ်လို့သိရပါတယ်။တောင်ကြီးဈေးကွက် မှာမြေသြဇာကဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန် ထက် နည်းနည်း သွက် တယ်လို့သိရပါတယ်။ယူရီးယားမြေသြဇာကငါးရာကျပ် ဈေးမြင့်လာသလိုတီစူပါ၁၂ရာခိုင်နှုန်းက ၈၀၀ကျပ်၊ တီစူပါ ၁၆ရာခိုင်နှုန်း က ၉၀၀ ကျပ်၊ တီစူပါ(၁၀း၁၀း၅) ၁၀၀၀ ကျပ်၊ မြားကမ္ဘာက ၁၅၀၀ ကျပ် ဈေးမြင့်လာတယ် လို့ သိရပါ တယ်။ဒီအချိန်မှာ ယူရီးယားမြေသြဇာက ရောင်းအားကောင်းတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)၁၉၀၀၀ ကျပ်၊ တီစူပါ ၁၂ရာခိုင်နှုန်း(တရုတ်) ၁၀၈၀၀ ကျပ်၊ တီစူပါ ၁၆ရာခိုင်နှုန်း (တရုတ်) ၁၁၇၀၀ ကျပ်၊ တီစူပါ(၁၅း၁၅း၁၅-တရုတ်) ၃၅၅၀၀ကျပ်၊ တီစူပါ (၁၀း၁၀း၅-တရုတ်) ၁၅၀၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၂၅၀၀ကျပ်၊ပိုတက်(တရုတ်) ၂၅၅၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြားကမ္ဘာ၁၅၅၀၀ကျပ်ဈေးရှိတယ်လို့ အရှေ့မြို့ပတ်လမ်းမှာရှိတဲ့မြေသြဇအရောင်း ဆိုင်မှ စုံစမ်းသိရှိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာဒီတစ်ပတ်မှာမြေသြဇာအရောင်းအဝယ်အေးတယ် လို့သိရပါတယ်။အရောင်းအဝယ်က ဧပြီလဆန်းပိုင်း ထက်စာရင်ယခင်တစ်ပတ်မှာနည်းနည်းကောင်းလာတယ်။ဒါပေမဲ့ဒီတစ်ပတ်မှာအရောင်းအဝယ်ကအေးလာတယ်လို့သိရပါ တ ယ်။ အရောင်းအဝယ်အေးတာကြောင့်လည်းမြေသြဇာဈေးတွေကဒီတစ်ပတ်မှာငြိမ်နေတယ်လို့သိရပါတယ် ။ဒီတစ်ပတ်ဈေး ကွက်ထဲအရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းတွေမှာ ယခင်ဈေးအတိုင်း ပုလဲ-အသေး ၄၆ရာခိုင်နှုန်း (ရွှေတုံး၊ ရွှေပျား ၊ရွှေတောင်-တရုတ်) ၁၉၅၀၀ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၆၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်)(ထိုင်း) ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆ရာခိုင်နှုန်း(သံကွင်း-တရုတ်) ၂၀၅၀၀ ကျပ်၊ တီစူ ပါ ၁၆ရာခိုင်နှုန်း(မြားကမ္ဘာ- တရုတ်) ၁၀၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ် မန္တလေးမြေသြဇာဈေးကွက်မှာမြေသြဇာကဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ဖြစ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာဈေး ကွက်ထဲ တီစူပါ ၁၂ရာခိုင် နှုန်း(တရုတ်) နဲ့ တီစူပါ၁၆ရာခိုင်နှုန်း (တရုတ်)က ပစ္စည်းပြတ်နေသေး တယ်လို့ သိရပါ တယ်။ ယူရီးယားရွှေတောင်က ၉၀၀ ကျပ်ဈေးမြင့်လာသလို ယူရီးယား (ပန်းဖူး) က ၂၀၀ ကျပ်၊ တီစူပါ ၄၆ရာခိုင်နှုန်း ၁၀၀၀ ကျပ်၊ ကွန်ပေါင်း (၁၀း၁၀း၅) လည်း ၁၀၀၀ ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား(ရွှေတောင်-တရုတ်) ၁၇၃၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါGTSP ၄၆ရာခိုင်နှုန်း - တရုတ်)၁၈၀၀၀ကျပ်၊ကွန်ပေါင်းမြေသြဇာ(၁၀း၁၀း၅)၁၃၃၀၀ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သရပါတယ် မကွေးဈေးကွက် မှာ ဒီတစ်ပတ် မှာ မြေသြဇာက အရောင်းအဝယ် ပုံမှန်ရှိ တယ်လို့ဆိုပါတယ်။ ဒီတစ်ပတ်မှာ ၁၃၀၀ ကျပ်၊ဆင် (၁၀း ၁၀း၅) ၁၂၀၀ကျပ်၊အာမို (၁၀း၁၀း၅)၈၀၀ကျပ်၊ ယူရီးယား ၁၈၀၀ကျပ် ၊ တောင်သူမ ၁၃၀၀ ကျပ်ဈေးမြင့်လာပြီး အာမို ၁၅ ပတ်လည် နှစ်ရာကျပ်၊ အာမို(၁၆း၁၆း၈) ၁၂၀၀ကျပ်ဈေးမြင့်လာတယ်လို့ သိရပါ တယ်။ဒီတစ်ပတ် ဈေးကွက်ထဲအရောင်း အဝယ် ဖြစ်နေ တဲ့ ဈေး မှာ မြားကမ္ဘာ-တရုတ် (အစိမ်း) (အပြာ)၁၄၂၀၀ ကျပ်၊ဆင်(၁၀း၁၀း၅) ၁၄၀၀၀ ကျပ်၊ အာမို(၁၀း၁၀း၅) က ၁၄၈၀၀ ကျပ်၊ အာမို ၁၅ ပတ်လည် ၃၄၃၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၁၃၀၀ ကျပ်၊ ယူရီး ယား-ပုလဲ(ပန်းဖူး-တရုတ်)၂၀၀၀၀ ကျပ်၊ ယူရီးယား- ပုလဲ (ရွှေ တောင်-တရုတ်) ၁၈၅၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၀၀၀၀ကျပ်၊ အောင်ကမ္ဘာ(၁၀း၁၀း၅) ၁၆၀၀၀ကျပ်၊ ပိုတက်၂၅၀၀၀ကျပ် ၊တောင် သူမ ၁၃၇၀၀ ကျပ် နဲ့ အရောင်းအဝယ် ဖြစ်နေတယ် လို့ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိ ရပါတယ်။
