ဖိလစ်ပိုင်နိုင်ငံရဲ့ချေးငွေအဆင့်သတ်မှတ်ချက်ရုတ်တရက်မြင့်တက်လာတာနဲ့အတိုးနှုန်းတွေ မြှင့်တင်ပေးမဲ့ အလားအလာေ ကြာင့်မလေးရှားရင်းဂစ်တန်ဖိုးမြင့်တက်လာပြီးတဲ့နောက်ပိုင်းအာရှငွေကြေးတွေရဲ့တန်ဖိုးကရက်သတ္တပတ် အလိုက် မြင့်တက်မှု အ မြင့်ဆုံးအခြေအနေမျိုးဖြစ်လာပါတယ်။
တရုတ်နိုင်ငံက ကုန်သွယ်မှုကိန်း ဂဏန်းအချက်အလက်တွေအရ ကမ္ဘာ ပေါ်မှာစီးပွားရေးအရဒုတိယ အမြင့်ဆုံးနေရာ ကိုရောက်ရှိနေတဲ့တရုတ်နိုင်ငံရဲ့စီးပွားရေးအခြေအနေကအထိုက်အလျောက်တည်ငြိမ်မှုရှိတဲ့အချိန်မှာအာရှငွေကြေးတွေအများစု ရဲ့ တန်ဖိုးတွေမြင့် တက်လာ တာဖြစ်ပါတယ်။ တန်ဖိုးခိုင်မာလာတဲ့ တရုတ်ယွမ် ငွေကြေးက ဒေသတွင်းရှိငွေကြေးတွေ အတွက် အထောက်အပံ့ကို ပိုမိုရရှိစေ ခဲ့ပါတယ်။ တရုတ်ယွမ်ငွေကြေးတန်ဖိုးတည်ငြိမ်လာခြင်းနဲ့အမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းတွေကိုအချိန်အတိုင်းအတာတစ်ခုအထိ နှိမ့်ချ ထားဦးမယ်လို့ယူဆရတဲ့အတွက်လွန်ခဲ့တဲ့ရက်သတ္တပတ်နှစ်ပတ်အတွင်းမှာထွန်းသစ်စငွေကြေးတွေရဲ့အပေါ်ယုံကြည်မှုတွေ မြင့် တက်လာတာကို တွေ့ရပါတယ်။ ယန်းငွေကြေးမှအပ ဒေသတွင်း မှာရှိတဲ့ငွေကြေးတွေထဲမှာအရောင်းအ ဝယ်အသွက်ဆုံးငွေကြေး ၁၀ မျိုးကို ခြေ ရာခံထားတဲ့ gan Asia Dollar Index အညွှန်း ကိန်း ကမေ ၈ ရက်မနက် ၁၀ နာရီ ၃၄ မိနစ် က မေ ၂ ရက်နဲ့နှိုင်းယှဉ်ရင် သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး ၁၁၅ဒသမ၇၈မှတ်ထိရောက်ရှိခဲ့ပါတယ်။တရုတ်ယွမ်
ယခင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် တရုတ် နိုင်ငံရဲ့ ပင်လယ်ရပ်ခြားတင်ပို့မှုက သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက် လာတာ ကို မေ ၇ ရက်ထုတ် ကိန်းဂဏန်း တွေ မှာ တွေ့ရပြီးနောက်ပိုင်း တရုတ်ယွမ် ငွေကြေးတန်ဖိုးက ရက်သတ္တပတ် အလိုက်တွက်ရင် ၂၀၁၂ ခုနှစ် ဖေဖော် ဝါရီနောက်ပိုင်း အမြင့်ဆုံးဖြစ် ခဲ့ပါ တယ်။ ယွမ်ငွေကြေးတန်ဖိုးက ယခု ရက်သတ္တပတ်ထဲမှာ သုည ဒသမ ၄၈ရာခိုင်နှုန်းမြင့်တက်ပြီးတစ်ဒေါ်လာကို ၆ ဒသမ ၂၂၉၇ ယွမ်နှုန်း ရှိခဲ့တာကို တရုတ်နိုင် ငံ နိုင်ငံခြားငွေကြေးရောင်း ဝယ် ရေးဌာနစာရင်းတွေမှာတွေ့ရပါတယ်။အိန္ဒိယရူပီး အမေရိကန်ငွေကြေးတန်ဖိုး ပင် လယ်ရပ်ခြားဒေသမှာ မြင့်တက်လာတဲ့ အတွက် အိန္ဒိယနိုင်ငံဘဏ် အချင်းချင်း ငွေကြေး ဖလှယ်ရေး ဈေးကွက်မှာ မေ ၉ ရက်မနက်ပိုင်းက ရူပီးငွေကြေးတန်ဖိုး ကသုည ဒသမ ၀၃ ရူပီးနှုန်းဖြင့် အတန် ငယ်ကျဆင်းပြီး တစ်ဒေါ်လာကို ၆၀ ဒသမ ၁၀ ရူပီးနှုန်းကျဆင်းခဲ့ပါတယ်။
ပြည်တွင်းငွေကြေးတန်ဖိုးကျ ဆင်းရတာက ပင်လယ်ရပ်ခြားမှာဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် ဖြစ် ရကြောင်း ဒါပေမဲ့ ပြည်တွင်းရှယ်ယာ တွေတန်ဖိုးမြင့်တက်မှုက ရူပီးတန်ဖိုးကျ ဆင်းမှုကို ထိန်းပေးနိုင်ခဲ့ပါတယ်။ မေ ၈ ရက်နေ့က မူ ဒေါ်လာနဲ့ဖလှယ်ရာမှာ ရူပီးတန်ဖိုးက သုည ဒသမ ၀၆ ရူပီးနှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၆၀ ဒသမ ၀၇ ရူပီးနှုန်းရှိခဲ့ ပါတယ်။ဂျပန်ယန်း စီးပွားရေးအခြေအနေအရ ဆောင်ရွက်ဖို့ လိုအပ်ပါက ဗဟိုဘဏ် ကလာမဲ့လထဲမှာ ငွေကြေးမူဝါဒတွေကို လျှော့ချပေးဖို့အသင့်ဖြစ်ကြောင်း ဥရော ပဗဟိုဘဏ် (အီးစီဘီ) ဥက္ကဋ္ဌ မာရီယို ဒရပ်ဂီက ပြောကြားပြီးနောက်ပိုင်း မေ ၈ ရက်မှာ ယူူရိုငွေကြေးတန်ဖိုးတွေ ကျ ဆင်းခဲ့ပါတယ်။ ယူရို၊ဒေါ်လာဖလှယ်နှုန်းမှာ မေ ၇ ရက်ကတစ် ယူရိုကို ၁ ဒသမ ၃၉၁၁ ဒေါ်လာနှုန်းရှိခဲ့ရာမှ မေ ၈ ရက် ဂရင်း နစ်စံတော်ချိန် ၂၂ နာရီမှာ တစ်ဒေါ် လာကို ၁ ဒသမ ၃၈၄၀ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ ဂျပန်ယန်းငွေတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ မေ ၇ ရက်က တစ်ဒေါ် လာကို ၁၀၁ ဒသမ ၈၇ ယန်းနှုန်းရှိခဲ့ ရာမှ မေ ၈ ရက် ဂရင်းနစ်စံတော်ချိန် ၂၂ နာရီမှာ တစ်ဒေါ်လာကို ၁၀၁ ဒသမ ၆၆ ယန်းနှုန်းရှိခဲ့ပါတယ်။ ယူရို နဲ့ဖလှယ်ရာတွင်မူ တစ်ယူရို ၁၄၁ ဒသမ ၇၄ ယန်းမှ ၁၄၀ ဒသမ ၆၉ ယန်းနှုန်းသို့ ရောက်ရှိပြီး ယန်းတန်ဖိုး မြင့်တက်ခဲ့ပါတယ်။မလေးရှားရင်းဂစ် ပြည်တွင်းငွေကြေးကို ဝယ်ယူဖို့ စိတ်ဝင်စားမှုပိုမိုများပြားလာတဲ့အ တွက် အမေရိကန်ဒေါ်လာနဲ့ ဖလှယ် ရာမှာ ဈေးအဖွင့်မှာ ရင်းဂစ်တန်ဖိုး တစ်ဟုန်ထိုးမြင့်တက်ခဲ့ကြောင်း ဝယ် ရောင်းသမားတွေက ပြောပါတယ်။ ရင်းဂစ်ငွေကြေးက မေ ၈ ရက်နေ့ ညနေ ၅ နာရီဈေးပိတ်ချိန်မှာ တစ်ဒေါ် လာကို ၃ ဒသမ ၂၃၆၀ ရင်းဂစ်နှုန်း ရှိခဲ့ရာမှ မေ ၉ ရက် မနက် ၉ နာရီ ၀၅ မိနစ်တွင်တစ် ဒေါ်လာကို ၃ ဒသမ ၂၂၅၀ ရင်းဂစ် နှုန်းရှိခဲ့ပါတယ်။ မလေး ရှားဗဟိုဘဏ်ဖြစ် တဲ့Bank Negara Malaysia က ဗဟိုဘဏ်အတိုးနှုန်းကို မပြောင်းလဲဘဲ ၃ ရာခိုင်နှုန်းအတိုင်း ထားရှိခဲ့ပါတယ်။ ဒါပေမဲ့ ရင်းဂစ် တန်ဖိုး မြင့်တက်နေတာကို ထိန်းချုပ်ဖို့အတွက် အတိုးနှုန်းတွေမြှင့် တင်ပေးမဲ့ လက္ခဏာ ပြသလာပါတယ်။ ရင်းဂစ်ငွေကြေး တန်ဖိုးကတခြားအဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာတန်ဖိုး မြင့်ခဲ့ပါတယ်။တောင်ကိုရီးယားဝမ်
အာဏာပိုင်တွေက အခြေအနေ ကိုကြီးကြပ်စောင့်ကြည့်နေပြီး လိုအပ်ပါ ကငွေကြေးတည်ငြိမ်မှုအတွက် အရေး ယူဆောင်ရွက်မှာဖြစ်ကြောင်းတောင်ကိုရီးယားဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်ဂူးဆန်းဒိုင်က မေ ၇ ရက် ကသတိ ပေးစကားေြ ပာကြားပြီးနောက်ပိုင်း စားသုံးမှုကို အထောက်အကူဖြစ်စေဖို့ အတွက် ယခုနှစ်ပထမနှစ်ဝက်မှာ ဘတ် ဂျက်ရဲ့ ၅၇ ရာခိုင်နှုန်းကို အသုံးပြုမှာဖြစ်ကြောင်း၊ ဘဏ္ဍာရေးနဲ့ တခြားဝန်ကြီး ဌာနတွေကပြောပါတယ်။ ဖယ် ရီနစ်မြုပ်မှုဖြစ်ပွားပြီးနောက်ပိုင်း ဟို တယ်၊ စားသောက်ဆိုင်၊လက်လီလုပ်ငန်းတွေမှအသုံးစရိတ်တွေကျဆင်းခဲ့ပါတယ်။ဒါပေမဲ့တောင်ကိုရီးယားဝမ်တန်ဖိုးကခြောက်နှစ် အတွင်း အမြင့်ဆုံးနှုန်း ကိုရောက်ရှိခဲ့ပါတယ်။ ဒေါ်လာနဲ့ဖလှယ်ရာမှာ လွန်ခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်ရင် ဝမ်ငွေကြေးကတန်ဖိုး အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဆိုးလ်မြို့မှာ ဝမ်ငွေကြေး ဖလှယ်နှုန်း က အနည်းငယ် သာအပြောင်းအလဲဖြစ်ပြီး တစ်ဒေါ် လာကို ၁၀၂၂ ဒသမ ၅၀ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ထိုင်းဘတ် ဘတ်ငွေကြေးတန်ဖိုးက မေ ၉ ရက်သတင်းအရ သုည ဒသမ ၃ ရာခိုင် နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၃၂ ဒသမ၅၆ ဘတ်နှုန်းရှိခဲ့ရာမတ်၂၇ ရက် နောက်ပိုင်းအနိမ့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။
တရားရုံးကဝန်ကြီးချုပ်ယင်လပ်ရှင်နာဝပ်ကိုရာထူးကဖယ်ရှားပြီးနောက်အိမ်စောင့်အစိုးရကိုဖြုတ်ချဖို့အတွက် သစ္စာခံေ ထာင်ပေါင်းများစွာကဘန်ကောက်မြို့တွင်းကို ရောက်ရှိလာခဲ့ကြ ပါတယ်။ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေ ရဲ့ ဝယ်လိုအားမြင့်မား လာတဲ့အတွက် အစိုးရဘွန်းစာချုပ်တွေရဲ့ အတိုးနှုန်း ကျဆင်းလာတဲ့တိုင်အောင်နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေက ဘွန်းစာချုပ်တွေ ကို ထုတ် ရောင်းလာတာတွေ့ရပါတယ်။