Main menu

Background

Seminar on International Practices on Trade Remedies ဖွင့်ပွဲကျင်းပ

Mon, 05/19/2014 - 08:19 -- ydnar

 
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန၊ (လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲ) ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) နှင့်International Beverages Trading Company Limited (IBTC) တို့ ပူးပေါင်း၍ ' Seminar on Inter-national Practices on Trade Remedies" ကို ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ ပဉ္စမထပ်ရှိ ညီလာခံခန်းမမှာ မေလ ၁၆ ရက်၊သောကြာနေ့နံနက်၀၈း၃၀ အချိန် မှာဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ခဲ့ပါတယ်။
 
ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း က တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊International Beverages Trading Co.,Ltd  မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များနဲ့ပုဂ္ဂလိကကုမ္ပဏီများမှသင်တန်း သားသင်တန်းသူများဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာဒုတိယဝန်ကြီးကနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘက်ပေါင်းစုံမှပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နေေ ကြာင်း၊ကုန်သွယ်မှုမူဝါဒအသစ်များချမှတ်၍အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုချဲ့ထွင်မြှင့်တင်ရေးအလေးထားဆောင်ရွက်နေကြော င်း၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်း များဖြစ်တဲ့ဖြေလျော့ပေးခြင်း၊ ဗဟိုချုပ် ကိုင်မှုလျှော့ချခြင်း ၊ ပြန်လည် ပြင်ဆင်ဖွဲ့ စည်းခြင်းနဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းများ ဆောင်ရွက်နေကြောင်း၊ပွင့်လင်းမြင်သာ မှုရှိရေး၊ ပြည်တွင်းပြည်ပ မခွဲခြားဘဲ တန်းတူ ည်တူအခွင့်အရေးခံစားနိုင်ရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်နေကြောင်း ရှင်းလင်း ပြောကြားခဲ့ ပါတယ်။
ယခုကဲ့သို့Seminar များပြုလုပ်ပြီး နိုင်ငံတကာဗဟုသုတ အတွေ့ အကြုံများကိုမျှဝေပေးခြင်းဖြစ်ပါကြောင်း၊ တက်ရောက်ကြ သူများကလည်းမိမိကတစ်ဆင့်မိမိရဲ့လုပ်ဖော်ကိုင်ဖက်များကိုယခု Seminar မှ ရတဲ့အတွေ့အကြုံ များကိုသိအောင် မျှဝေပေးစေ လိုကြောင်း ဒေသတွင်းနဲ့ နိုင်ငံတကာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ၊ သုတေသန လုပ်ငန်းများနဲ့ ပိုမိုကောင်းမွန်တဲ့ ကုန် သွယ်မှုမူဝါဒများရေးဆွဲဆောင်ရွက်နိုင်စေရန်အထောက်အပံ့အကျိုးကျေးဇူးများရရှိနိုင်စေမယ်လို့ယုံကြည်ကြောင်းထည့်သွင်းပြော ကြား ခဲ့ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲမှာ KPMG Singapore မှ အမှုဆောင်ဒါရိုက်တာGan Hwee Leng နဲ့ Hongkong Trade & Customs  မှ မန်နေဂျာ Introduction to the GATT/WTO. Multilateral Trade System, Tariffs as the preferred mode of Trade Regulation, The Concept of bound vs unbound tariffs under the GATT နဲ့GATT Article I, III, XXVIII, XXIV ကုန်သွယ်ရေးကုထုံးများ ဆိုင်ရာSa-feguard Measures, Antidumping Measures, Countervailing Measures, Non Tariff Barriers, AFTA 2018, Disputue Settlement Mechanism ဆိုင်ရာများကို အသေး စိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြတဲ့သင်တန်းသူသင်တန်းသားများကလည်းစိတ်ဝင်တစားမေး မြန်းမှုများရှိခဲ့ကြောင်းသိရပါတယ်။အလုပ်ရုံဆွေး နွေးပွဲသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊စက်မှုဝန်ကြီး ဌာန၊ ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်း ပညာဝန် ကြီးဌာန၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ကျန်းမာရေး ဝန်ကြီးဌာန၊ UMFCCI ကိုယ်စားပြုကုမ္ပဏီများနဲ့ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းကိုယ်စားပြုပုဂ္ဂိုလ်များ ၄၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်း ရရှိ ပါတယ်။