Main menu

Background

မေလလယ်ပြည်ဈေးကွက်မှာ အခြားပဲများ ဈေးအေး အရောင်းအဝယ်အေးသော်လည်း မတ်ပဲဈေးကတော့ ဈေးကွက်ကောင်းနေခဲ့

Tue, 05/20/2014 - 08:25 -- ydnar

 
ယခုမေလအတွင်းပြည်ပဲမျိုးစုံဈေးကွက်မှာမတ်ပဲသီးနှံတစ်မျိုးသာဈေးဆက်မြင့်တက်လျက်ရှိခဲ့ပြီး အခြားပဲများ မှာဈေးငြိမ်နေ သလိုဈေးအေး အရောင်းအဝယ်လည်း အေးခဲ့ကြပါတယ်။မတ်ပဲသီးနှံမှာပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ် များမှအိတ်၄၀၀ကျော်နေ့စဉ်ဝင်ရောက်နေခဲ့ပါတယ်။ပဲဈေးနှုန်းမြင့်လာတဲ့အတွက်ပဲလက်ကျန်ရှိသူတောင်သူအချို့ ထုတ်ရောင်း ချနေခဲ့ပြီး ရန်ကုန်ဝယ်လက်မှလည်းဝယ်လိုအားကောင်းနေတဲ့အတွက်

ပဲတစ်တင်းကို ၂၆၀၀၀ ကျပ်ထိ ယခင် တစ်ပတ်ထက် ၁၅၀၀ကျပ်ခန့်ဈေးပိုရခဲ့တာကိုတွေ့ရပါတယ်။ပဲစင်းငုံသီးနှံကတော့ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်မှု ပမာဏ မှာနေ့စဉ်အဝယ်မရှိတဲ့အတွက်ရန်ကုန်ဝယ်လက်အဝယ်ရှိမှသာ တစ်ခါတစ်ရံ အိတ် ၃၀၀ ကျော်အရောင်းအဝယ် ဖြစ်ခဲ့ တယ် လို့ သိရပါတယ်။ မနှစ်ကပဲစင်းငုံဈေးမှာ ၂၀၈၀၀ ကျပ်သာ ရရှိလို့ ယခုနှစ်ဈေးမှာသိပ်ကွာခြားမှုမရှိခဲ့ဘဲ ပဲစင်းငုံသီးနှံထက် မတ်ပဲသီးနှံက ဈေး ကောင်းရနေကြောင်း သိရပါတယ်။
 
ကုလားပဲသီးနှံမှာပဲအဝင်နည်းသွားလို့ တစ်ရက်အိတ် ၂၀၀ မှ ၃၀၀ သာ ပြည်ခရိုင်အတွင်း မြို့နယ်များမှ ဝင်ရောက်ခဲ့ သလိုသာယာဝတီခရိုင်လက်ပံတန်းမြို့နယ်မှလည်းဈေးကွက်သို့ဝင်ရောက်တယ်လို့သိရပါတယ်။အရောင်းအဝယ်ဖြစ်မှုကတော့ တိုင်းအတွင်းသာဝယ်ယူမှုရှိကြပြီးခွဲစက်သမားနဲ့လှောင်သမားများဝယ်ယူကြပါတယ်။ ကုလားပဲဈေးနှုန်းမှာ ပဲပေါ်စအချိန်မှစ ၍ ယခုအချိန်ထိ ယခင်နှစ် ဈေး ထက်လျော့နည်းလျက်ရှိပြီး ယခင် နှစ်ကတစ်တင်း ၁၉၅၀၀ ကျပ်၊ ယခုနှစ် မှာ တစ်တင်း ၁၅၀၀၀ ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြတာကို တွေ့ရပါတယ်။
ပဲကြီးဈေးနှုန်းမှာလည်း ယခင်နှစ် ဈေးကို မမီပေမဲ့ ပဲဈေးကွက်အတွင်းမှာ တော့ အခြားပဲများထက် ဈေးပိုရနေခဲ့ ပါတယ်။ ပဲကြီးရွှေကျွန်းတစ်တင်း ၂၆၀၀၀ ကျပ်၊ကမ်းနားတစ်တင်း ၂၃၀၀၀ ကျပ်ဖြင့်သာဒေသတွင်းပဲကြော်ဖိုသမားအပြင် ယခင်နှစ်ဈေးကို မျှော်ပြီးလှောင်လက်အချို့လည်းဝယ်ယူ ကြတယ်လို့ သိရပါတယ်။ယခင်နှစ်မေလလယ်ပဲကြီးဈေးမှာ ၃၀၀၀၀ ကျပ်ရရှိခဲ့ကြလို့ ပဲစိုက်တောင်သူနဲ့ လှောင်သူသာ အကျိုးအမြတ် ပိုခဲ့ကြပါ တယ်။