Main menu

Background

မေလလယ်ပြည်ဈေးကွက်မှာ အခြားပဲများ ဈေးအေး အရောင်းအဝယ်အေးသော်လည်း မတ်ပဲဈေးကတော့ ဈေးကွက်ကောင်းနေခဲ့

Tue, 05/20/2014 - 08:34 -- ydnar

ယခုမေလအတွင်းပြည်ပဲမျိုးစုံ ဈေးကွက်မှာ        မတ်ပဲသီးနှံတစ်မျိုးသာ ဈေးဆက်မြင့်တက်လျက်ရှိခဲ့ပြီး အခြား ပဲများမှာဈေးငြိမ်နေသလိုဈေးအေးအရောင်းအဝယ်လည်းအေးခဲ့ကြပါတယ်။မတ်ပဲသီးနှံမှာပေါင်းတလည်ပေါက်ခေါင်း၊ပန်းတောင်းမြို့ နယ်များမှအိတ်၄၀၀ကျော်နေ့စဉ်ဝင်ရောက်နေခဲ့ပါတယ်။ပဲဈေးနှုန်းမြင့်လာတဲ့အတွက်ပဲလက်ကျန်ရှိသူတောင်သူအချို့ထုတ် ရောင်းချနေ ခဲ့ပြီး ရန်ကုန် ဝယ်လက်မှ လည်းဝယ်လိုအားကောင်းနေတဲ့အတွက် ပဲတစ်တင်းကို ၂၆၀၀၀ ကျပ်ထိ ယခင် တစ်ပတ်ထက် ၁၅၀၀ကျပ်ခန့်ဈေးပိုရခဲ့တာကို တွေ့ရပါတယ်။

ပဲစင်းငုံသီးနှံ ကတော့ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်မှု ပမာဏမှာနေ့စဉ်အဝယ်မရှိတဲ့အတွက် ရန်ကုန်ဝယ်လက်အဝယ်ရှိမှသာတစ်ခါတစ်ရံ အိတ်၃၀၀ကျော်အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့သိရပါတယ်။မနှစ်က ပဲစင်းငုံဈေးမှာ ၂၀၈၀၀ ကျပ်သာ ရရှိလို့ ယခုနှစ်ဈေးမှာ သိပ်ကွာခြားမှုမရှိခဲ့ဘဲ ပဲစင်းငုံသီးနှံ ထက် မတ်ပဲသီးနှံက ဈေး ကောင်းရနေကြောင်း သိရပါတယ်။  ကုလားပဲသီးနှံမှာ ပဲအဝင်နည်း သွားလို့ တစ်ရက်အိတ် ၂၀၀ မှ ၃၀၀ သာ ပြည်ခရိုင်အတွင်း မြို့နယ်များမှ ဝင်ရောက် ခဲ့သလိုသာယာဝတီခရိုင် လက်ပံတန်းမြို့နယ်မှလည်း ဈေးကွက် သို့ ဝင်ရောက်တယ်လို့သိရပါတယ်။အရောင်းအဝယ်ဖြစ်မှုကတော့တိုင်းအတွင်းသာဝယ်ယူမှုရှိကြပြီးခွဲစက်သမားနဲ့လှောင်သမား များဝယ်ယူကြပါတယ်။ကုလားပဲဈေးနှုန်းမှာပဲပေါ်စအချိန်မှစ၍ယခုအချိန်ထိယခင်နှစ်ဈေးထက်လျော့နည်းလျက်ရှိပြီးယခင် နှစ်ကတစ်တင်း ၁၉၅၀၀ ကျပ်၊ ယခုနှစ် မှာ တစ်တင်း ၁၅၀၀၀ ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြတာ ကို တွေ့ရပါတယ်။ ပဲကြီးဈေးနှုန်းမှာလည်း ယခင်နှစ် ဈေးကို မမီပေမဲ့ ပဲဈေးကွက်အတွင်းမှာ တော့ အခြားပဲများထက် ဈေးပိုရနေခဲ့ ပါတယ်။ ပဲကြီး ရွှေကျွန်း တစ်တင်း ၂၆၀၀၀ ကျပ်၊ ကမ်းနား တစ်တင်း ၂၃၀၀၀ ကျပ်ဖြင့်သာ ဒေသတွင်း ပဲကြော်ဖိုသမားအပြင် ယခင်နှစ်ဈေးကို မျှော်ပြီးလှောင်လက်အချို့လည်း ဝယ် ယူ ကြတယ်လို့ သိရပါတယ်။ ယခင်နှစ် မေလလယ်ပဲကြီးဈေးမှာ ၃၀၀၀၀ ကျပ်ရရှိခဲ့ကြလို့ ပဲစိုက်တောင်သူနဲ့ လှောင်သူသာ အကျိုးအမြတ် ပိုခဲ့ကြပါ တယ်။